August 5, 2009

Blog Day 2009 and Blogging Excursion

2009 ခုနှစ် သြဂုတ်လ (31) ရက်နေ့မှာ ကျရောက်မယ့် Blog Day အထိမ်းအမှတ်အဖြစ် Blogger တွေ့ဆုံပွဲနှင့် လေ့လာရေး ခရီးစဉ်တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာသာမက မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ ရှိကြတဲ့ Blogger တွေ စုံစုံညီညီ တက်ရောက်ပါဝင် ဆင်နွှဲနိုင်ပါတယ်။ နိုင်ငံခြားမှာ ရှိနေကြတဲ့ Blogger တွေလည်း တက်ရောက်နိုင်ပါတယ်။

မနေ့က တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာတော့ ကိုညီလင်းဆက်၊ ကိုမျက်လုံး၊ စိုးဇေယျ၊ ရွှေမြတ်၊ idulize၊ ကိုပီကေ၊ ကိုကျော်ဇေယျ၊ မပင့်ဂိုးလ်၊ မဘာညာ၊ ဖိုးသူတော်နှင့် ကျွန်တော် မင်းယွန်းသစ်တို့ တက်ရောက် ခဲ့ကြပြီး ဧည့်သည်တော် အနေနဲ့ MOSN (Myanmar Orphan Support Network) မှ အဖွဲ့ဝင် တယောက် ဖြစ်တဲ့ မခင်မြတ်မြတ်နိုင်လဲ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက် အရ ကျွန်တော်တို့ အဖွဲ့ရဲ့ တစ်ဦးချင်းစီ တာဝန်တွေကတော့

မပင့်ဂိုးလ်- ပြန်ကြားရေး
ကိုညီလင်းဆက်- ဘဏ္ဍာရေးနှင့် အကျီင်္တံဆိပ်ရိုက်
စိုးဇေယျ၊ ကိုကျော်ဇေယျ၊ မင်းယွန်းသစ်- Game & Quiz
ကိုပီကေ၊ idulize - စတေကာ
မဘာညာ- ဗီနိုင်း
ဖိုးသူတော်-ဧည့်ခံကြိုဆိုရေး တို့ ဖြစ်ကြပါတယ်။

ဒီအစီအစဉ်ကို 2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လာရောက်ဆင်နွှဲကြတဲ့ Blogger တွေ အားလုံးအတွက် Game, Role Play, Quiz အစရှိတဲ့ ပျော်ရွှင်စရာ ၊ ဗဟုသုတရစရာ အစီအစဉ်များပါဝင်တဲ့ အပြင် ၊ ဘလောဂ့်ဂါ အချင်းချင်း အမှတ်တရ လက်ဆောင်များကိုလည်း လှဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုအနေဖြင့် သရေခေတ္တရာ ၊ ပြည်မြို့ကို Blogging Excursion တစ်ခုအနေနဲ့ သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို Shrikittaya 2.0 (သရေခေတ္တရာ2.0) လို့ အမည်ပေးထားပြီး.. ခရီးစဉ်မှာ လိုက်ပါကြမယ့် Blogger တိုင်းကို နှစ်သက်ကြည်နူးစေမယ့် အစီအစဉ်တွေ ထပ်မံထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ကတော့ လိုက်ပါလာသည့် Blogger များထဲမှ ဒီခရီးစဉ် အကြောင်းကို အကောင်းဆုံး Post ကို ရေးသား တင်ပြနိုင်သူအား ဆုတစ်ဆုရွေးချယ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့အနေနဲ့ကတော့ ကျနော်၊ ညီလင်းဆက်၊ မဘာညာ၊ မင်းယွန်းသစ်နှင့် ကိုမျက်လုံး တို့ ဖြစ်ကြပါတယ်။ ထိုဆုကို အဖွဲ့ရန်ပုံငွေမှ ကျခံစေမည် မဟုတ်ပဲ ကျနော်တစ်ဦးတည်းမှ တာဝန်ယူ ကျခံစေမည် ဖြစ်ပါတယ်။

ဒီပွဲမှာ လာရောက်ဆင်နွှဲလိုကြတဲ့ Blogger များအားလုံးအနေဖြင့် ပွဲကိုလာမယ့်အကြောင်းကို သြဂုတ်လ (22) ရက်နေ့ကို နောက်ဆုံးထားပြီး Register ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Register ပြုလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ Registration Fees ကိုပေးဆောင်ရပါမယ် ဆိုတာလေးကိုလည်း သိစေချင်ပါတယ်။ Registration Fees ကောက်ခံရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသွားလာဖို့အတွက် စီစဉ်စရာလေးတွေကို အဆင်ပြေပြေစီစဉ်နိုင်အောင် ဖြစ်ပါတယ်ရှင်။ MBS ကို ၀င်ရင် ပေးရမယ့် ၀င်ကြေးမဟုတ်ပါဘူး ဆိုတာ ကိုလည်း တစ်ခါတည်း အသိပေးအပ်ပါတယ်။

နေ့ရက် – 29 – Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)

အချိန် - တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ ၊ ခရီးစဉ် @ ည (10) နာရီ

နေရာ - ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်တွင် လိုက်ပါခြင်းမရှိပဲ ၊ တွေ့ဆုံပွဲသို့လည်း သီးသန့်လာရောက်နိုင်ပါတယ်။

အခြားသိရှိလိုသည်များကို မေးမြန်းလိုပါက.. အောက်ပါ Blogger များထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကိုညီလင်းဆက် (lynnseck@gmail.com)
ဘာညာ (barnyar.kwikwi@gmail.com)
ပင့်ဂိုလ်း (cuttiepinkgold@googlemail.com)
ကျော်ဇေယျ (kzy1980@gmail.com)
ကိုပီကေ (phyoekyaw@gmail.com)
မင်းယွန်းသစ် (minnyoonthit@gmail.com)
ဖိုးသူတော် (mgphoethawtaw@gmail.com)

ကဲ.. မြန်မာဘလောဂ့်ဂါတွေ ဘလောဂ့်ဒေးမှာ ပျော်ပျော်ပါးပါး ဆုံတွေ့ကြရအောင်နော်… !


1 comment:

Anonymous said...

well.. it's like I knew!