Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

March 3, 2009

ဟိုတစ်စဒီတစ်စ

သူများတွေ ဟောတစ်ပုဒ် ဟောတစ်ပုဒ်နဲ့
ငါ့မှာတော့ ငုတ်တုပ်.....
တဖြုတ်ဖြုတ်နဲ့ ကြွေသွားတဲ့ရက်တွေကို
နှမျောလို့နေတုန်း.....
အမေက
ဘယ်တော့အလုပ်လုပ်မှာလဲတဲ့.........


February 9, 2009

တည်ငြိမ်

ရင်ထဲက အပူငြိမ်းရာ
ငြိမ်းချမ်းရာကို ရှာရင်း
ဆူးလေလမ်းမပေါ်
Petaling Street ပေါ်
Peninsula Plaza ပေါ်
ငါဟာ တစ်ကိုယ်တည်း
ယောင်ချာချာ ဖြတ်ကျော်ခဲ့ဘူးတယ်။

First Eleven ဂျာနယ်
Olympic ဂျာနယ်နဲ့
ESPN, Star Sport တို့မှာ
မန်ယူ ၀မ်းဇီး၊ Liverpool ဇီးဇီး လို့
ရင်ခုန်စွာ အော်ဟစ်ခဲ့ကြဘူးတယ်။

ငါတို့ရဲ့ ၀က်မြီးနဲ့
ရွှေမန်းရုံအောက်မှာ
အပြာရောင်ညနေခင်းတစ်ချို့ကို
ရီဝေစေတတ်တဲ့ အရည်တွေရောလို့
သမ္မတ လက်မှတ်လိုချင်လား
နေပြည်တော် လက်မှတ်လိုချင်လားလို့
ပျော်ရွှင်စွာ နောက်ပြောင်ခဲ့ဘူးတယ်။

ညီအစ်ကို မသိတစ်သိ အချိန်တွေမှာ
အိမ်ကို ပြန်မရောက်ပဲ
လမ်းတွေမှာ အရည်ပျော်လို့
နံနက်ခင်း ခေါင်းကိုက်ရက်တွေကို
Paracetamol၊ Biogesic
ဘလက်ကော်ဖီတို့နဲ့ ရင်တုန်စွာ
ကျော်ဖြတ်ခဲ့တော့
အစာအိမ်နာကို လက်သင့်ခံမွေးမြူရင်း
ရီဝေေ၀ ရစ်မူးစေတတ်တဲ့ အရာကို
ဝေရာမဏိ လုပ်ခဲ့ရတယ်။

ငါရဲ့ မနက်ခင်း လက်ဘက်ရည် ချိုချို အတွက်
ဘ၀လောကဓံ ကို ရင်ဆိုင်ဖို့
မွေးမြေရဲ့ အဝေးမှာ
အတွေးတွေ တသီတစ်တန်းနဲ့
Blogger.com ရယ်
ငါ့ရဲ့ Laptop ရယ်ကို အတူစွဲလို့
ထွက်ခွာသွားတော့မယ်....။


October 16, 2007

“ရောက်တတ်ရာရာ ရဲ့ ကဗျာ”

မင်းပြောတော့ မင်းအကြောင်းပေါ့
ငါကလည်း ငါ့အကြောင်းနဲ့ငါ
အမြင်မတူလို့ချန်ထားခဲ့မယ်ဆိုလဲ
ဝမ်းမနည်းဘူး...။

ပေါင်းစပ်ဖို့ ခက်ခဲတဲ့ အရာကို
အတင်းလုပ်မယူချင်ပါဘူး
အပျင်းထူတယ်လို့ဘဲဆိုချင်ဆို
မတည်ငြိမ်တဲ့ နှလုံးသားကိုတော့
တတ်နိုင်အောင်ထိန်းမယ်...။

စိမ်းကားတယ် ဆိုလဲ ခေါင်းမခါပါဘူး
အနှစ်နှစ် အလလ က
ပျော်ရွှင်စွာ ဖြတ်သန်းခံကြတဲ့
သံယောဇဉ်တွေကို
မမေ့နိုင်တာတော့ အမှန်ပါ...။

ဆိုညည်းနေမိတဲ့ သီချင်းက
“ကမ္ဘာကျော်နဲ့တွဲလည်း တို့ဂရုမစိုက်ဘူး”...။



October 13, 2007

“ရောက်တတ်ရာရာရဲ့ကဗျာ”

စိတ်ပျက်တယ်...
လောကကြီးကို
ဒါပေမယ့် ငါ လက်မမြှောက်ဘူး
ဒူးမထောက်ဘူး၊ အရှုံးမပေးဘူး...။

စိတ်ပျက်တယ်
တာဝန်မယူတတ်တဲ့လူတွေကို
ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြောတဲ့စကား
ဘယ်လိုဆိုတာ သိကြရဲ့လား
ပါးစပ်ကတော့ ဘုရား...ဘုရား
လက်ကတော့ ကားယား...ကားယား....
သူတို့နဲ့ အမြင်မတူလို့ ငါ ၀မ်းမနည်းဘူး...။

စိတ်ပျက်တယ်...
လောကပါလ နတ်မင်းကြီးတွေကို
ဘာသာ၊ သာသနာအတွက်
သူတို့ ဘယ်ရောက်နေကြသလဲ...။

စိတ်ပျက်တယ်...
လက်နက်ရှိတိုင်း အနိုင်ကျင့်နေတဲ့လူတွေကို
အားကိုးရှိတိုင်းသာ အမှန်ဆိုရင်တော့
ဓါးမတို တစ်ချောင်းရှိတဲ့လူဟာလည်း
အာဏာရှင်တစ်ယောက် ဖြစ်နိုင်တာဘဲ...။

စိတ်ပျက်တယ်...
အမှန်နဲ့အမှားခွဲခြားမသိနိုင်သေးတဲ့ လူတွေကို
ဘယ်သူမှန်တယ်
ဘယ်သူမှားတယ်ဆိုတာကို
ဘယ်စာတွေဖတ်
ဘယ်ပေတံတွေနဲ့ တိုင်းတာနေကြတာလဲ
ငြိမ်းချမ်းခြင်းတရားတွေကို ဘယ်လိုဖွေရှာကြမလဲ...။

ဒါပေမယ့်လေ...
ငါလုပ်နိုင်တာ ဘာလဲ
ငါလုပ်နေတာဘာလဲဆိုတာ
ငါကိုယ်တိုင်လဲ မသိသေးတော့
ငါကိုယ့်ငါလည်း စိတ်ပျက်တယ်...။

September 9, 2007

" I Miss You"

ရင်ကို ထိမှန်စေတဲ့ ကဗျာလေးဆိုရင် ပိုမှန်မယ် ထင်တယ်၊ ကျနော်နဲ့လဲ တိုက်ဆိုင်ပါတယ်။ သူရဲ့ မူရင်း ကဗျာ လေးကို ဘာသာပြန်ဖို့ ကြိုးစားပေမယ့် နဂို အတိုင်းလေးက ပိုကောင်းမယ် ထင်လို့ ဒီအတိုင်းလေးဘဲ တင်လိုက် တယ်ဗျာ......

You are there
and I am here
thinking about how much
I love you
thinking about how much
I respect you
thinking about how much
I miss you

You are there
and I am here
thinking about how much
I cannot wait
until we are together again
thinking about how
I will appreciate
more than ever
the time
we will spend together
I love you

May 11, 2007

အမေသို့......


အမေ....
အနန္တဂိုဏ်းဝင်ကျေးဇူးရှင်အမေ...
အမေတစ်ယောက်ကျန်းခမ်းသာလို့မာပါစေ...
ရပ်ဝေးမြေခြားမှာ ရောက်နေရပေမယ့်...
နေ့စဉ် ရှိခိုး ဦးချလျှက်ပါအမေ...

အမေ....
နံနက်မိုးလင်းတိုင်း သားသမီးတွေရဲ့မျက်နှာကို...
နေ့စဉ်သတင်းစာ ဖတ်သလိုကြည့်တတ်တဲ့အမေ...
အဝေးရောက်သားတစ်ယောက်ကို စိုးရိမ်မှု ပူပန်ဇောတွေနဲ့...
အမေတစ်ယောက် သောကရောက်နေမဲ့အဖြစ်မျိုးကို...
သား တစ်သက်လုံး ရှောင်ကြည်ပါ့မယ် အမေ...


အမေ....
တုနှိုင်းမရတဲ့မေတ္တာတရားတွေနဲ့...
သားသမီးတွေကို နွေးထွေးမှုပေးတဲ့ အမေ...
ခွင့်ခါသင့်တိုင်း ပြန်လည်ပေးဆပ်ဖို့...
သား ကြိုးစားပါ့မယ်...အမေ.....


အမေ....
လောကအလယ်မှာ ရှင်သန်နေထိုင်နိုင်အောင်...
ခွန်အားပေး..မွေးဖွားပေးခဲ့တဲ့အမေ...
အမေ့ရဲ့ကျေးဇူးတရားတွေကို...
အောက်မေ့...သတိရ...တမ်းတလျှက်ပါ..အမေ....

(အမေများနေ့ အမှတ်တရ..)