August 4, 2009

Save the Planet Earth

မနေ့က American Center မှာ MUSFEX (Myanmar-United States Friendship Exchange) ကကြီးမှူး ကျင်းပတဲ့ Save the planet Earth ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျင်းပတဲ့ seminar ကို တက်ဖြစ်သွားတယ်။ အလုပ်တွေ ရှုပ်နေတဲ့ ကြားထဲကပဲ ဒီ Seminar လေးကို တက်ဖြစ်သွားတာပါ။ အလုပ်တွေ ရှုပ်နေတယ် ဆိုတာကလည်း Joomla နဲ့ ပါတ်သက်လို့ မြန်မာပြည်မှာ Development လုပ်ဖို့အတွက် အစီအစဉ် တွေလုပ်နေတာရယ် Joomla myanmar ဆိုပြီးတော့ အဖွဲ့တစ်ဖွဲ့ တည်ထောင်ဖို့ အတွက်၇ယ် အခုရက် ပိုင်းမှာ အလုပ်တွေ အရမ်းရှုပ်နေတယ်။ ဒီကြားထဲ မှာ မန္တလေးကို ဓါတ်ပုံရိုက် ထွက်လိုက်သေးတယ်။ ကျနော်က လူမှုရေး လုပ်ငန်းတွေ လုပ်ရတာ ၀ါသနာပါတယ်။ ကိုယ်တတ်နိုင်တဲ့ အပိုင်းလေးကနေ အကျိုးပြု လုပ်ငန်းတွေ လုပ်ချင်နေတော့ ဒီ Seminar ကို တက်ချင်း အားဖြင့် ကိုယ် မသိသေးတဲ့ အပိုင်းတွေ သိလာမယ်။ အကြောင်းအရာ အချက်အလက်တွေ များများ သိခြင်း အားဖြင့် အမြင်ပိုကျယ်လာမယ်။ Comunity ပိုကျယ်ပြန့် လာမယ်လို့ ယူဆပြီး ကျနော် သွားတက်ဖြစ်တယ်။

Speaker တွေကတော့ ဆရာအော်ပီကျယ်(cartoonist) နဲ့ LOME (Lovers of Myanmar Environment) က မအိအိမွန်တို့ဖြစ်ကြပါတယ်။ ဆရာအော်ပီကျယ် ပြောသွားတာ အရမ်းကောင်းတယ်။ သူ့မှာ အိပ်မက်တွေ ရှိပြီးတော့ အဲဒီ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာရင် အရမ်းကောင်းမှာပဲ ဆိုပြီးတော့ ဒီနေ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ သဘာဝ ပါတ်ဝန်းကျင် ပျက်စီးနေတာတွေ၊ ရေကောင်းရေသန့် မရရှိတာတွေကို ဟောပြော သွား ခဲ့တယ်။

မအိအိမွန် ကတော့ သူတို့ LOME အဖွဲ့တွေ အနေနဲ့ လုပ်နေတဲ့ Activities တွေ နဲ့ အဖွဲ့ရဲ့ အားနည်းချက် အားသာချက် တွေကို ရှင်းလင်း တင်ပြပေးသွားခဲ့ပြီး။ တက်ရောက်လာတဲ့ သူများကို Environment နဲ့ ပါတ်သက်တဲ့ Quiez ဖြေခိုင်းပြီး ဆုတွေပေးပြီးတော့ seminar ကို အောင်မြင်စွာ အဆုံးသတ် ခဲ့ကြတယ်။

ကျနော့်ရင်ထဲမှာ သူတို့တွေ ဟောပြောသွားတဲ့ အချက်တွေနဲ့ ပါတ်သက်ပြီး ရင်ထဲမှာ စွဲငြိသွားစေတဲ့ အချက်တွေ ကတော့ အများကြီးပဲ။ ကမ္ဘာကြီး ဘာဖြစ်နေပြီလဲ ဆိုတဲ့ လက်ကမ်းကြော်ငြာလေးကတော့ အကြိုက်ုံးပဲ။ လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်းလေးငါးခုကိုလဲ ဖော်ပြထားတယ်။ အဲဒီ့ နည်းလမ်းငါးခုကို လူတိုင်း တာဝန်သိ စိတ်ဓါတ်နဲ့ ဒီနေ့ စလုပ်ခဲ့မယ် ဆိုရင် မနက်ဖန် ကျရင် ကျနော်တို့ မျိုးဆက်တွေအတွက် သာယာစိုပြေစေတဲ့ ကမ္ဘာကြီး ကျန်ခဲ့မှာ အမှန်ပဲ။ ကဲ...ဒီနေ့ပဲ စလုပ်လိုက်ရအောင်နော်.....

Image Hosted by ImageShack.us


Image Hosted by ImageShack.us

No comments: