Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

September 19, 2011

မြစ်ကော


မြစ်မကောအောင်လို့ 
သစ်တောတို့ စိမ်းရပေမည် …


ရေဝေတောတွေ ဆိုင်းစို့ စို့ 
မှိုင်းညို့ ညို့ မှုန်ရီရီ …
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့ …
တတောလုံးပြောင်
တတောင်လုံးလင်း
မြစ်ကျဉ်းကာသောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ 
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
………. စိုးကြောက်ဖွယ်အဖြစ်သဘော
………. မြစ်ကောတဲ့နေ့ ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

November 27, 2009

ငါ့ကိုယ်ငါတောင် မသိတော့ဘူး




...ငါဘာလဲ...


ငယ်ငယ်တုန်းကတော့
သုံးဆယ့်ရှစ်ဖြာမင်္ဂလာနဲ့
လူကြီးမိဘရိုသေတာ
ကြီးလာတော့ ဘီယာ၊ အရက်
ဆေးလိပ်နဲ့ စာအုပ်တွေ
IT Age မှာတော့ Foruming,
Blogging နဲ့ surfing
တစ်ခါတစ်ခါ မောင်ထင်ရဲ့
ငဘကို ဖတ်ပြီးတော့
ကျောမွဲလူတန်းစားကို
သနားလား သနားရဲ့
တစ်ခါတစ်ခါမှာတော့
Colin Forbes ကိုဖတ်လို့
ဓနရှင် လူတန်းစားကို အားကျတယ်
Canon လား Nikon လားနဲ့
photoshop ကိုသုံးလိုက်
Light Room ဆိုလဲ စွဲတာပဲ
ဟိုအဖွဲ့ဆိုလဲ ၀င်တာပဲ
ဒီအဖွဲ့ဆိုရင်လဲ လာထားပဲ
R&B ကိုယစ်မူးလို့၊
Classic မှာငြိမ်းညောင်းခဲ့ကာ
Rock ကတော့ တစ်ပင်တိုင် နတ်မိမယ်ပေါ့
ငါဘာလဲလို့ ငါ့ကိုယ်ငါတောင်
ဆိုင်းဘုတ်မတပ်တက်တော့ဘူး
ငါဘာလဲ???????