Showing posts with label 2010. Show all posts
Showing posts with label 2010. Show all posts

January 3, 2010

2010



...2010...


2009 နောက်ဆုံးည
ဘလော့ခ်ဂါ သူငယ်ချင်း အချို့နဲ့ အတူ ညခုနှစ်နာရီလောက်ကတည်းက ရွှေမန်းမှာ ထိုင်ဖြစ်တယ်။ ကိုဇော်ဇော့် ရဲ့ ကလေး နေမကောင်းဘူးဆိုလို့ အဲဒီ့ညမှာပဲ ကိုညီလင်းဆက်ဖိုးသူတော်တို့နဲ့အတူ သင်္ဃန်းကျွန်းဘက်ကို သတင်းသွားမေးဖြစ်တယ်။ အလုံးစုံ အကုန်ပြီးတော့ အိမ်ပြန်လာခဲ့ပြီး 2009 ရဲ့ နောက်ဆုံးည ကို သီချင်းဆို ဂစ်တာတီးရင်း Happy New Year လို့ တစ်ခွန်းမှ မအော်ပဲနဲ့ ကုန်ဆုံးပစ်လိုက်တယ်။ ဒါပေမယ့် သူငယ်ချင်းတွေဖုန်းတွေကို SMS ပို့ပြီးတော့ Happy New Year လို့ အော်ပစ်လိုက် သေးတယ်။

2010 မနက်....

အူကြောင်ကြောင်နဲ့ နိုးလာပြီးတော့။ ဆေးလိပ်တစ်လိပ် ကို မီးညှိကာ အိမ်သာ ထဲမှာ ဆေးလိပ်တစ်လိပ်ကုန် သည် အထိ အချိန်ဖြုန်းပစ်လိုက်တယ်။ အိမ်သာ ထဲက ထွက်လာတော့ 2009 က အစားအစာ တွေက မကျေ လို့ ထင်ပါရဲ့ တဝေါ့ဝေါ့နဲ့ ထိုးအန်ပါလေရော။ 2010 အစမှာတော့ ဆေးခန်းသွားခြင်းနဲ့ အစထွက်ခဲ့ပြီ။ ဆရာဝန် ကတော့မှာလိုက်လေရဲ့ 2 နာရီခြား တစ်ခါ အစာ စားဖို့နဲ့ စားရင် ပျော့ပျော့လေး စားဖို့ ဆေးလိပ်၊ အရက် လုံးဝ မသောက်ဖို့ မှာလိုက်လေရဲ့...............။

2010 ရည်မှန်းချက်
ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုတော့ လုပ်ဦးမယ် စိတ်ကူးတယ်။ ပြီးတော့ သတင်းမီဒီယာ လုပ်ငန်းကြီးတစ်ခု ကိုလဲ ပိုင်ချင်သေးတယ်။ အဆိုးဆုံးရည်မှန်းချက်ကတော့ သိန်းခုနှစ်ထောင်လောက်တော့...လက်ဝယ်ပိုင်ဆိုင်ချင်မိ တာပဲ။