Showing posts with label Barcamp Yangon. Show all posts
Showing posts with label Barcamp Yangon. Show all posts

January 4, 2010

Barcamp Yangon is available now!





...Barcamp Yangon is Available Now...


Hi Everybody,
We are lunching now Barcamp Yangon Website and You can register now.


Why Should we register?
Yes, Barcamp is freedom and not limited. Every participants can come and share their knowledge. But if you have desire to share your knowledge at Barcamp Yangon, you need to register for your topic. And We will give gift for the participants. eg. T-shirt and other gadgets. Barcamp doesn't look like Seminar which are held by Geeks. Be feel freely, even attendees can discuss their topics. Wow! isn't cool?

When and Where
You can see detail on Barcamp Yangon Website.
Date :January 23 and 24, 2010
Place : Myanmar Info Tech

Hey don't miss the chance! Barcamp has been held all over the world. This is the first time for us. And you can get new technology, knowledge and international network. Ah.. You can also access free wireless connection at Barcamp Yangon. Don't forget to take your notebook. But don't worry, if you don't have notebook, we will give PC for you.

If you want to know about Barcamp more detail, you can read at Barcampyangon.org and Htoo Tay Zar's Blog.

post from here

November 30, 2009

Barcamp Yangon.




...Barcamp Yangon...

၂၅.၁၁.၀၉ တွင် လပြည့်ဝန်းပလာဇာ မြေညီထပ်၊ Aroma Cafe တွင် BarCamp Yangon (BCYgn) ကို ကျင်းပလိုသူများ စုဝေး၍ ပဏာမ ဆွေးနွေးဖြစ်ခဲ့ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၌ ဤကိစ္စအား တင်ပြခဲ့သည်။ BCYgn အား MCPA မှ တာဝန်ခံ ကျင်းပရန်နှင့် စိတ်ပါဝင်စားသူများဖြင့် BarCamp Yangon Team ဖွဲ့စည်းရန် အသင်းမှ အတည်ပြုသည်။ MCF သို့ အသိပေးတင်ပြရန် အဆင့်သာ ကျန်ရှိ။ ဝိုင်းဝန်းကူညီလိုသူ လုပ်အားပေးများ ဤနေရာတွင် စာရင်းပေးသွင်းပါရန်။

၂ရက်ကြာ စနေ-တနင်္ဂနွေနေ့များတွင် ကျင်းပရန် လျားထားသည်။ Myanmar Info-Tech တွင် ပြုလုပ်မည်။ ၂၀၁၀ ဇန်နဝါရီလထဲ မှန်းထားသည်။ Organizer Team ထဲ ပါချင်သူများ စုဝေးပြီး ၃၀.၁၁.၀၉ (တနင်္လာနေ့) လောက် အစည်းအဝေး ထပ်ခေါ်မည်။ အောက်တွင် လက်ရှိ ရရှိထားသမျှ အကြံဥာဏ်များကို မှတ်မိ သလောက် ဖော်ပြထားသည်။ ဝိုင်းဝန်း အကြံပြုကြပါရန်။

(၁) SDK Party – မြန်မာပြည်မှာ အင်တာနက် နှေးတယ်။ Developer တွေလေ့လာဖို့ SDK တွေ tools တွေ video file တွေ ebook တွေ ကိုဆွဲချဖို့ တော်တော်ခဲရင်းတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ Barcamp Yangon မှာ file-sharing server တစ်လုံး ချထားပြီး လာသမျှ လူတွေဆီက ဖိုင်တွေကို လိုချင်သမျှ လူတွေ ကူးယူသွားလို့ ရအောင် စီစဉ်ပေးမယ်။ အဲဒီအတွက် ဘာဆော့ဖ်ဝဲ သုံးရင် ကောင်းမလဲ။

(၂) Downloads Day – ဒါကတော့ အတည်ပြုလို့ မရနိုင်သေးဘူး။ ဆက်သွယ်ရေး ခွင့်ပြုချက် တောင်းရမယ်။ ရရင် အဲဒီနေ့မှာ အမိုက်စား WiFi ဖွင့်ထားပြီး အင်တာနက်ကို ရှယ်မြန်အောင် လုပ်ထားပေးမယ်။ လာသမျှ လူတွေ မြန်မြန် သုံးလို့ ရအောင်။ Twitter တို့ BitTorrent တို့ YouTube တို့ ဆိုတာတွေ ကောင်းကောင်း သုံးဖူးသွားနိုင်ဖို့ ရည်ရွယ်တယ်။

(၃) Open Topics – ဖနွမ်ပန်မှာတုန်းကလိုပဲ ဘာခေါင်းစဉ် ဘယ်သူပြောချင်လဲ… ပြောချင်တာပြော.. ပြချင်တာပြ။ လူတွေ အုပ်စုငယ်လေးတွေ ဖွဲ့ပြီး ကိုယ့်စိတ်ကြိုက် ခေါင်းစဉ်တွေ ကိုယ့်ဘာသာကိုယ် ပြောနေကြမယ့် ပုံစံ ဖြစ်အောင် လုပ်မယ်။ အင်ဖိုတက်ခ် တစ်ခုလုံးကို အဲဒီနေ့အတွက် Barcamp Yangon က သိမ်းပိုက်ထားမယ်။ ခန်းမကြီး၊ အခန်းသေးလေးတွေ၊ ကင်န်တင်း၊ မြက်ခင်းပြင် အားလုံးနီးပါးပဲ။ တနင်္ဂနွေမှာ စားသောက်ဆိုင်ကို ဖွင့်ထားပေးဖို့ ညှိကြည့်မယ်။

(၄) CMS Hackathon – ကျောင်းတစ်ခုခုအတွက် ဖြစ်ဖြစ်၊ လူမှုရေး အသင်းအဖွဲ့ တစ်ခုအတွက် ဖြစ်ဖြစ် CMS (Joomla ဖြစ်မလား) တစ်ခုကို ရွေးပြီး အဲဒီနေ့မှာ တစ်မြို့လုံးက CMS designer တွေ coder တွေ လာပြီး ပရိုဂျက်တစ်ခုကို ချပေးမယ်။ အဲဒါကို teamwork အဖြစ် ဝိုင်းလုပ်ကြ။ ပြီးရင် တစ်ကယ့် အဲဒီဆိုက်ကို လွှင့်တင်ပြီး အစစ်သုံးနိုင်အောင် hosting လှူပေးမယ်။ လုပ်ပေးမယ့် သူတွေ များရင် အပျော်အပါးလည်း ဖြစ်အောင်၊ အကျိုး ခံစားခွင့် ရသူလည်း ပိုများသွားအောင် ပြိုင်ခိုင်းမယ်။ ဥပမာ ၂ကျောင်းအတွက် (သို့မဟုတ်) CMS ၂မျိုး။

(၅) Font Developer Forum – Unicode font ရေးဆွဲသူတွေကို တွေ့ပေးပြီး လိုအပ်တာတွေ ဆွေးနွေးလို့ ရအောင်… ညှိနှိုင်းလို့ ရအောင်။ မိုဘိုင်းဖုန်းတွေ၊ Netbook တွေ၊ အခု unicode domain တွေ စတဲ့ ကိစ္စတွေကို ဘယ်လို ညှိနှိုင်းဖြေရှင်း ကြမလဲ။

(၆) Tech Labs – လက်တွေ့ demo သေးလေးတွေ။ Coding, overclocking, networking, hardware, mobile phones, sdk, open-source tools, web2.0 စတဲ့ နည်းပညာတွေ ကြိုက်တဲ့သူက သိသလောက် လုပ်ပြ၊ လိုက်လုပ်ချင်ရင် လုပ်ကြ၊ ဗီဒီယို ရိုက်ပြီး မှတ်တမ်းတင်ထားမယ်။ နောက်အခွေထုတ်ပြီး ၅၀၀ကျပ်လောက်နဲ့ ဖြ့န့်ပေးလို့ ရအောင်။ စပွန်စာရှိရင် အလကားဝေမယ်။


Ref : http://www.facebook.com/pages/Barcamp-Yangon/189050577566?ref=nf
http://www.facebook.com/pages/Barcamp-Yangon/189050577566 မှာသွားရောက် ဆွေးနွေးနိုင်ကြပါတယ်။