September 8, 2009

လတ်တလော အခြေအနေ

ကျနော့် အပေါ်မှာ ခြိမ်းခြောက်သလိုလို ပို့လာတဲ့ မေးလ် တွေကြောင့် စိတ် အင်မတန်မှကို အနှောင့်အယှက် ဖြစ်နေမိပါတယ်။ ဘာတွေလဲ ဆိုတာတော့ ကျနော် မဖော်ပြချင်တော့ပါဘူး။ ပြီးတာတွေကို ပြီးပါစေလို့သာ ကျနော် သဘောထား လိုက်ပါတယ်။ ခရီးက ပြန်လာကတည်းက အင်မတိ အင်မတန်မှ ရှုပ်ထွေးနက်နဲ ခက်ခဲတဲ့ မြန်မာပြည် အင်တာနက် လိုင်းတစ်လိုင်း လက်ဝယ် ပိုင်ပိုင် ရရှိနိုင်ရေး အတွက် ကြိုးပမ်းနေရတာနဲ့တင် ခေါင်းထဲမှာတွေးထားတဲ့ ခရီးစဉ် အကြောင်းကို ဘယ်လိုမှ စဉ်းစားလို့ မရနိုင်လောက်အောင် ချမရေး နိုင်လောက် အောင် ဒေါင်ချာစိုင်းနေပါတယ်။ ပြီးတော့ MOSN (Myanmar Orphans Support Network) က လုပ်တဲ့ Art Exhibition နဲ့ Child Care Seminar အတွက် အစည်းအဝေးတွေ တက်လိုက် လိုအပ်တာ တွေ လိုက်လုပ်ပေးလိုက်နဲ့ အချိန်တိုင်း မောပန်း နွမ်းနယ် နေခဲ့ပါတယ်။ အစာအိမ်နာကလည်း ပြန်အောင့် နေပြီး တစ်ခါတစ်ခါမှာ အသက်ရှုမှားလောက်အောင် အောင့်တတ်တာမို့ အသက်တောင် တစ်ခါတည်း ထွက်ပြီလို့ ထင်ခဲ့မိပါတယ်။ စိတ်တွေ အရမ်းလှုပ်ရှားလွန်းတဲ့အခါ၊ အရမ်းပင်ပန်းလွန်းတဲ့ အခါမှာ ဘာမှ မစားနိုင် မသောက် နိုင်လောက်အောင် အောင့်နေတယ်။ အရမ်းကို ဆိုးရွား ခံရခက်လွန်းတဲ့ နာတာရှည်ရောဂါကြီးပဲဗျာ။ အစား အသောက်၊ အနေအထိုင် ဆင်ခြင်နေရတယ်ဗျာ။ ဆင်ခြင်ပါတယ် ဆိုမှ သောက်လိုက်ရတဲ့ Beer တွေ၊ တက်လိုက် ရတဲ့ ပွဲတွေဆိုတာလဲ မနည်း ကို ဖြတ်ဖြတ်ယူရတဲ့ အထိပါပဲ။ ကျနော် တစ်ခု ပြောချင်တယ်ဗျာ စာ ဆိုတာ ရေးချင်တိုင်းရေးလို့ ရတယ်ဗျ။ ဖတ်သူကသာ မှန်၏ မှား၏ ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိတာ။ သနားအောင် ရေးရင် လူပိန်းကတော့ သနားချင် သနားကြမှာပေါ့လေ။ နောက်ကွယ်က တကယ့်အဖြစ်မှန်ကိုသိရင် သနားမိ ချင်မှ သနားမယ်ဗျ။ စာဖတ်မမှားဖို့ ပြောချင်တာပါ။ လူဆိုတာ အတ္တနဲ့ ဘယ်သူမှ မကင်းနိုင်ဘူးလေ။ စာရေးဆရာ ဆိုတာကလည်း လူတွေထဲက လူတွေပဲမို့ တစ်ခါတစ်လေမှာ ကိုယ်လိုရာဆွဲ အတွေးတွေ ပါလေ့ ပါထ ရှိတယ်။ အဲဒါကို ကျနော် တို့စာဖတ်သူများ အနေနဲ့က ပညာသတိနဲ့ ချွန်းအုပ် ထိန်းချုပ် ဖတ်နိုင်မှ တော်ကာ ကြလိမ့်မယ်။

No comments: