Showing posts with label London. Show all posts
Showing posts with label London. Show all posts

September 10, 2016

London Notting Carnival 2016


2016 Notting Hill Carnival  မှာ ရိုက်ထားတဲ့ ပုံတွေ ကိုတင်ပေးလိုက်ပါတယ်။ 
အဲဒီ ပွဲက အရောင် အသွေးစုံစုံ၊ တေးသံ မြူးမြူးကြွကြွ၊ ကရစ်ဘီယံ အက တွေနဲ့ လှည့်လည် ကပြ ကြတာပါ။ 
ယူကေ နွေရာသီ ရဲ့နောက်ဆုံး လက်ကျန် နေ့ရက်တွေ ဆိုတော့ တခါတရံမှာ နေရောင် က အစွမ်းကုန် တောက်ပ နေပါတယ်။
ခပ်မြူးမြူး တေးဂီတရယ်၊ နွေရာသီ လက်ကျန် နဲ့ လင်းထင်း နေတာတွေရယ် ကို ကိုယ်စားပြုတဲ့ အရောင်း ခပ်ပြင်းပြင်း ဓါတ်ပုံတွေ တင်ပြလိုက်ပါတယ်။ 














March 7, 2014

London Calling Time Lapse

This is my first time lapse video ever, I was there for finding good spot for my music video and I just tried to take these with my GoPro camera.

ကျနော့်ရဲ့ ပထမဦးဆုံး time lapse video လေးဖြစ်ပါတယ်။ Music video လေး တစ်ခု ဖန်တီးဖို့ အတွက် Location လေ့လာရင်းနဲ့ GoPro လေးနဲ့ ဖန်တီးရိုက်ကူးထားတာပါ။




Vimeo Quality က ပိုမိုက်တယ်။
I hope you enjoy my little piece of work !!!!


London calling from kyaw ya on Vimeo.

London Calling



Inspired by Richard Avedon 

October 20, 2013

Around the tower bridge with camera

View of the shard, I should be there like before the sunset but I was too late and couldn't get golden hour photo because of I was watching the Manchester united's match :) I would love a bit more long exposure but working on bridge with tripod is movement whenever vehicle pass. I tried my best to get shap photo but I wasn't lucky enough. ISO 250, 18mm, f22, 30.0 sec




 30.0 sec I should set up more wider than this but I don't know why I am setting up at 25mm. Light trails on tower bridge. ISO 250, 25mm, f/22, 13.0 sec



HMS belfast and tower bridge in gray. ISO 200, 150mm, f/6.3, 1.0 sec


July 24, 2013

London က covent garden မှာ ဟာသ လုပ်ကာ ဆပ်ကပ် ဖျော်ဖြေသူ တစ်ယောက်


ဒါကျနော့် ရဲ့ ဒုတိယမြောက် photo essay သဘောမျိုးလေး လုပ်ထားတာပါ။ အခုနောက်ပိုင်း ဓါတ်ပုံရိုက်တော့မယ် ဆိုရင် တစ်ပုံချင်း ရိုက်ရတာထက် စာရင် story line သဘောမျိုး ရိုက်ရတာကို ပိုနှစ်သက်လာပါတယ်။ သိပ်အကောင်း ကြီးလို့တော့ မယူဆနိုင်သေးပါဘူး။ လိုအပ်ချက်တွေ မပြည့်စုံမှုတွေ ရှိနေသေးတယ် ဆိုတာ ဝန်ခံပါရစေ။ နောက်ပြီး ဓါတ်ပုံတွေမှာ ကျနော့် Logo စာတန်း မထိုးချင်ပါဘူး။ ပုံတွေရဲ့ အရသာ ပျက်သွားမှာ စိုးပေမဲ့လို့ တစ်ချို့ facebook မှ copier များရဲ့ ရန်ကို ကြောက်လို့ သေးနိုင်သမျှ သေးအောင်လုပ်ပြီး ထည့်ထားပါတယ်။ photo album လုပ်ပြီး တင်ပေမဲ့ ဓါတ်ပုံ တွေကို တစ်ပုံချင်း လိုက်ကြည့်နေရင် အဆက်အစပ် အရသာ ပျက်သွားမှာ စိုးတာကြောင့် note အဖြစ်နဲ့ပဲ တင်လိုက်ပါတယ်။ စကားလုံး အသုံးအနှုန်း တစ်ချို့မှာ ရိုင်းနေကောင်း ရိုင်းနေပါလိမ့်မယ်။ သည်းခံ၍ ခံစားပေးကြပါလို့ပဲ ပြောပါရစေ...။ 


အစကတော့ သူကို ဘယ်သူမှ သတိထားမိတယ်လို့ ကျနော်တော့ မထင်ဘူး။ သူ့မှာ ပါတဲ့ ဆပ်ကပ် ဖျော်ဖြေဖို့ ပစ္စည်းလေးတွေကို ထုတ်ချ စီတန်းနေတာ ကျနော်တောင် ဒီလူ ဘာ ရောင်းမလို့ပါလိမ့်လို့ စဉ်းစားနေမိတယ်။


ဒါပေမဲ့ သူ့ရဲ့ ထူးခြားတဲ့ ဝတ်စားဟန်၊ ထူးခြားတဲ့ ပစ္စည်း ပစ္စယ တွေကြောင့် လူတွေက ဒီလူ ဘာလုပ်မှာပါလိမ့်လို့ အနည်းငယ် စိတ်ဝင်စားတဲ့ ပုံတွေနဲ့ လူနည်းစုက စောင့်ကြည့်နေကြတယ်။

ဟိုပြင် ဒီဆင်၊ ဟိုဟာထုတ် ဒီဟာချ ပြီးတော့ အနည်းငယ် ဟာသဆန်ဆန် လုပ်ရပ်လေးတွေကြောင့် လူတွေက တစထက်တစ ပိုပြီး စိတ်ဝင်စားလာကြတယ်။ 

ကြည့်နေတဲ့ ပရိတ်သတ်ထဲက ဒီလို အချောအလှ လေးတွေကိုလဲ အကူအညီတောင်းပြီး ပရိတ်သတ်ကို စိတ်အာရုံ ပိုမို ဝင်စားအောင်လဲ လုပ်တတ်သေးရဲ့။ ပြီးတော့ ပြောလိုက်သေး this could be my future wife တဲ့ ကောင်မလေးကတော့ လူတွေက သူမကို ဝိုင်းကြည့်ပြီး ရီနေကြတော့ ရှက်သွေးဖြာနေလေရဲ့ :)

ပထမတုန်းကတော့ ဟိတ်နဲ့ဟန်နဲ့ သူပဲ ဒီစက်ဘီးပေါ်ကို ခုန်ပျံတက် တော့မဲ့ ပုံစံ၊ နောက်တော့ ပရိတ်သတ်ထဲက ဗလ ခပ်တောင့်တောင့် လူနှစ်ယောက်ကို အကူအညီတောင်းပြီး တက်လေရဲ့။ ကပျက်ကချော် ဟန်ကလည်း လုပ်လိုက်သေးတယ်။

နှစ်ယောက်နဲ့ မရတော့ သုံးယောက်၊ နောက် လေးယောက် ခေါ်ပြီး ဟိုယိုင် ဒီထိုးနဲ့ အပေါ်ကိုတော့ ရောက်အောင် တက်သွားနိုင်လေရဲ့။ ပွဲကြည့် ပရိတ်သတ် တွေကတော့ တဝါးဝါး တဟားဟားနဲ့ပေါ့လေ။

ဟော အောင်မြင်သွားပါပြီ။ စက်ဘီးကို ရှေ့တိုးနောက်ဆုတ် လုပ်ကာ စက္ကူပန်းတွေတောင် ကျဲချ ပြလိုက်သေးတယ်။ ပရိတ်သတ်ကတော့ သူ လုပ်သမျှ ရင်တမမနဲ့ပေါ့။ I risk for your own entertainment တဲ့ If I fall down please hold my hand and say thank you, that's all I want from you လို့ ဆိုကာ ပရိတ်သတ်ရဲ့ အကြင်နာတွေကိုလဲ ဖဲ့ချွေ ယူသွားလေရဲ့ 

သူ့ကို ကူညီပေးတဲ့ Ashton ဆိုတဲ့ ကလေးလေး ကို သူကတောင် မုန့်ဖိုး ၅ ပေါင် ပြန်ပေးလိုက်လေရဲ့။ ပေးနေတဲ့ အချိန်မှာလဲ '' တကယ်လို့ ငါသာ ashton ကို ၂၀ ပဲနိပဲ ပေးလိုက်မယ်ဆိုရင် သူစိတ်ပျက်သွားမှာ အမှန်ပဲ၊ ထိုနည်းလည်းကောင်းပဲ ငါလဲ ပရိတ်သတ်ဆီက ငါ့မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန် နေပါရစေ'' တဲ့ စကားလုံး အလန်းတွေ သုံးပြီး ချူဆီတောင် ထည့်လိုက်သေးတယ် 

မြေပြင်ကို ပြန်ဆင်းတော့မယ်။ ဆင်းနေတုန်း ထွက်သွားတဲ့ လူများ ရှိခဲ့ရင် ငါ့အိမ်မှာ ပေါင်မုန့် မရှိတော့တာ သူ သိပါစေလို့ ဆုတောင်း စကားကို အကျယ်ကြီး အော်ဆိုနေသေးသဗျ

သူ့ရဲ့ ပြောင်မြောက်တဲ့ ဆပ်ကပ် စွမ်းရည်၊ ရယ်ရွှင်ဖွယ် ဟာသဂုဏ်၊ သူ့ဘဝကို အလွန်အမင်း နှိမ့်ချ ထားတဲ့ စကားလုံးတွေကြောင့် ကလေးလူကြီးတွေ ချစ်ခင်စွာနဲ့ ပိုက်ဆံတွေ ဝိုင်းပေးကြလေရဲ့။ ပေါင် 150 လောက်တော့ အနည်းဆုံးရမှာ အသေအချာပဲ။

June 23, 2013

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်တွေ့ဆုံပွဲ


ဒီနေ့ လန်ဒန်ကို လာတဲ့ ၈၈ ကျောင်းသားတွေနဲ့ ဒီက လူတွေ တွေ့ဆုံပွဲသဘောမျိုးလေး လုပ်တော့ သွားနားထောင်ဖြစ်တယ်။ ကိုယ့်ရဲ့ ပုံစံ အတိုင်း လူကြားထဲ သိပ်တိုးတဲ့ ကောင် မဟုတ်တော့ ဟိုချောင်ကပ် ဒီချောင်ကပ် ချောင်းကြည့်မြောင်းကြည့်ပြီး ဟိုဒီ ရိုက်လာတဲ့ ပုံလေး တစ်ချို့ တင်ပေးမယ် ကြည့်ကြပေါ့..။ စီးပွားရေး အလို့ငှာ အသုံးပြုမယ် ဆိုရင်တော့ ပုံပိုင်ရှင် ကျနော့်ကို မက်ဆေ့လေး ဖြစ်ဖြစ် ပို့လို့ အသိပေး အကြောင်းကြားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။



ဒီလူ ကဗျာရေးကောင်းတဲ့ အပြင် ပန်းချီဆွဲလဲ တော်သဗျ  (မြင်းထိန်း ငတာက ချီးမွမ်းသလိုများ ဖြစ်နေပြီလားတော့ မသိဘူး :P) အခွင့်သင့်လို့ သူ့ကဗျာလေး တစ်ပုဒ် ဖော်ပြပါရစေ...

"မထွေးနိုင်သေးတဲ့ (ကွမ်းတစ်ယာ)"
ကံ့ကော်တွေ 
တစ်တောလုံးဝေအောင် ဆွဲတောင်မှ
ငါ့ပန်းချီထဲ
တစ်ပွင့်မှလည်း ပွင့်ဖော်မရ... နေစိမ့်ကြတယ်

ဖြုတ်ခနဲ့ ခုန်ချ၊ သစ်သီးကောက်
စွေ့ခနဲ့ ပြန်တက်၊ အပင်ပေါ်ရောက်
ရှဥ့်အမြှီးကောက်လေး
ငါကြည့်လို့တောင် မဝသေးဘူး
ဝေးခဲ့ရတယ် မိဆွေရယ်

အပင်ပေါ် ပြန်လာခွင့် ရှိတယ် ဆိုတောင်
အရင်လို ပြန်ပွင့်ခွင့် မရှိတဲ့ ပန်းပါဟာ
သွေးဆာနေတဲ့ အစွယ်ကိုမှ
သတ်သတ်လွတ် တရား ပြမိလျက်သား

ထားပါတော့ မိဆွေရေ...
စီးနေဆဲ မြစ်အတွက်တော့
ကျောင်းတက်ချိန်ဆိုတာ
နေညိုချိန် ရေချိုးဆိပ်လို့ပဲ ထားလိုက်ပါ

''..ဘဝဆိုတာ.." လို့ ပြောရမှာ
ထုံးပေါက်နေတဲ့ လျှာက်အတွက် လေးလှပါတယ် ။ ။
(မင်းကိုနိုင်)

သူ့နာမည်က ကိုမင်းဇေယျာ၊ တစ်ချို့ သိကောင်းသိလိမ့်မယ် တစ်ချို့ သိချင်မှ သိမယ်။

သူမ နာမည်က Rachel Goldwyn ၊ အဲဒီ့ စာလုံးပေါင်းနဲ့ google မှာ ရှာကြည့်လိုက် သတင်းတွေ ထွက်လာပါလိမ့်မယ် အ ဟတ်  ကိုယ် သိသလောက်ကတော့ 1999 လောက်တုန်းက ရန်ကုန်မှာ ဒို ရေ မီ ဖာ ဆို(ဒီမိုကရေစီ သီချင်း) သီဆိုမှုကြောင့် အဖမ်းခံရပြီး ထောင် ခုနှစ်နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ် ဆိုပဲ..။ နောက်တော့ မြန်မာပြည်ကနေ ပြည်နှင်ဒဏ် အပေးခံရတယ်။ google နဲ့ ရှာရမှာ ပျင်းနေကြမှာ စိုးလို့ လင့်ခ်လေး တစ်ခုပါ ထည့်ပေးလိုက်တယ် ဖတ်ကြည့်ကြပေါ့.. http://www.independent.co.uk/news/rachel-goldwyn-sang-a-protest-song-in-burma-yesterday-she-was-given-seven-years-hard-labour-burma-gives-british-woman-activist-seven-years-hard-labour-for-lone-prodemocracy-protest-1119589.html

((My images are posted here for your enjoyment only. All rights are reserved. Please contact me @ kzy1980@gmail.com if you are interested in using one of my images for any reason.))

June 16, 2013

ရောက်တတ်ရာရာ ဓါတ်ပုံ


လွန်ခဲ့တဲ့ နှစ်လကျော် သုံးလခန့်က ရိုက်ထားတဲ့ ဓါတ်ပုံ တစ်ချို့ကိုပဲ တင်ပေးရတော့မှာပဲ ယခု ရက်သတ္တပါတ်မှာ အပြင်သွား ဓါတ်ပုံရိုက်ဖို့ တွေးတော့ ကြံစည်ထားပေမဲ့ အကောင်အထည် ပေါ်မလာဘူး။ တခြား လူမှုရေး ကိစ္စတွေ များမြောင်နေတာက တကြောင်း ပြီးတော့ ရာသီဥတုက ခန့်မှန်းလို့ မရအောင် ကောင်းလိုက် မကောင်းလိုက် ဖြစ်နေတာက တကြောင်းတို့ကြောင့် အပြင်ကို မသွားဖြစ်ပဲ အိမ်တွင်းအောင်ပြီး စာဖတ်လိုက် ရုပ်ရှင်ကြည့်လိုက် အဲဒါတွေ လုပ်လို့ ပျင်းလာတာနဲ့ အရင်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေ ပြန်ကြည့် ကောင်းမယ် ထင်တဲ့ ပုံလေးတွေကို ပြန်ပြင်ပြီး ကောင်းနိုးရာရာ ပုံလေးတွေ ရွေးတင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေ ရိုက်တိုင်း ရိုင်တိုင်း သီအိုရီတွေ၊ ရိုက်နေချိန်မှာ အလင်းဖြစ်ပေါ်မှုတွေ ကို သိရှိခံစား နားလည်ပေမဲ့လို့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်လေးကို အမိအရ ဖမ်းချင်တာနဲ့ တစ်ခါတစ်လေ နည်းလမ်း ဥပဒေတွေကို ရှေ့တန်း မတင်မိပဲ action တစ်ခုတည်းကိုပဲ မိမိရရ ဖမ်းလိုက်နိုင်တာ ရှိပါတယ်။ ကျနော့် ပုံတွေမှာ သီအိုရီ အရ မတော်မတည့် မမှန်ကန်နိုင်ဘူးလို့လဲ ကျနော် ယူဆပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဖြစ်ပေါ်နေတဲ့ အခိုက်အတန့်ကို ပုံရိပ်ဖမ်းထားတယ်ဆိုတာကိုတော့ မြင်တွေ့နိုင်မှာ ဖြစ်ပြီး တစ်စုံတစ်ရာတော့ ခံစား သိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 




May 28, 2013

Vesak day, London, 2013


 ဗုဒ္ဓနေ့ပွဲကို ရောက်တာ ဒါပါနဲ့ဆို ၃နှစ်ရှိပြီ။ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်တယ် ဆိုပါတော့..။ ကောင်းနိုးရာရာ ပုံလေးတွေ တင်မယ် ကြည့်ရှု အားပေးကြပါဦး။ စီပွားရေး လုပ်ငန်း အတွက် အသုံးပြုမယ် ဆိုရင် ကျနော့် ဆီ email သော်လည်းကောင်း facebook မှာ message ပို့၍ သော်လည်းကောင်း ခွင့်တောင်းပြီးမှ အသုံးပြုကြဖို့ မေတ္တာ ရပ်ခံ လိုပါတယ်။ 

buddha nay 8

buddha nay 7

buddha nay 6

buddha nay 5

buddha nay 4

buddha nay 3

buddha nay 1

buddha nay 2

buddha day 7

May 7, 2013

ရောက်တတ်ရာရာ ဓါတ်ပုံ



အလုပ်နားတဲ့ ရက်မှာ ဟိုဒီလျှောက်ရိုက် ထားတဲ့ ပုံလေးတွေပါ။ အားလပ်တဲ့ အချိန်မှာ ကိုယ်ဝါသနာ ပါတာလေး လုပ်နေရတာကလည်း စိတ်အပန်းဖြေနည်း တစ်မျိုးပဲ မဟုတ်လား...
suset at westminster


time traveller

May 3, 2013

Day out to london eye



တစ်ခါလာလည်း ဒီ London Eye နောက်တစ်ခါလာလည်း ဒီ London eye ဆိုပြီး စိတ်များ ပျက်နေကြပြီလား မသိဘူး။ London မှာ tourist attraction နေရာများစွာထဲမှာမှ London eye ဘက်ကို လူအတော်များများ လာလေ့ရှိ တာကြောင့် street photo သမား ကျနော့် အနေနဲ့ကလည်း လူများတဲ့ နေရာကိုပဲ အဓိက ဦးစားပေးသွားလေ့ရှိပါတယ်။ ဗြိတိန်ရဲ့ နွေဦးရာသီမှာ လူတွေ က နေရောင်ခြည်အောက်မှာ ပျော်ရွှင်စွာ သွားလာ လှုပ်ရှားနေတာကို မှတ်တမ်းတင်ချင်တာလည်းပါတာပေါ့။ street photo မှာ object, action, speed ဆိုတာတွေကို အချိုးကြကြ ပေါင်းစပ်ပေးရတာ ဆိုတော့ ကျနော်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်တဲ့ London eye area ကိုပဲ အချိန်တော်တော်များများ ရောက်ဖြစ်ခဲ့ပါတယ်။ ကိုယ် မရင်းနှီးတဲ့ နေရာဒေသမှာ street သွားရိုက်မယ်ဆိုရင် ပါတ်ဝန်းကျင်ကို လေ့လာနေရာတာနဲ့တင် ဘာပုံမှ မရသလောက်ဖြစ်တတ်တာမို့ ရောက်ဖူးပြီးသား နေရာကိုပဲ ထပ်ခါထပ်ခါ သွားနေမိတာပါ။ location scout အတွက် နေရာသစ်ကို သွားချင်ပေမဲ့လည်း အလုပ်နားတဲ့ ရက် နှစ်ရက်အတွင်း ဘယ်မှမသွားဖြစ်တာကြောင့် နေရာသစ်ကိုလဲ မရောက်ဖြစ်တော့ဘူး ဖြစ်နေခဲ့ပါတယ်။
street photo ရိုက်မယ်ဆိုရင် ကိုယ်ရောက်နေတဲ့ ပါတ်ဝန်းကျင်ကို အရင်လေ့လာရပါတယ်။ ကိုယ့်ရဲ့ အနီးအနားက လူ၊ သက်ရှိ သက်မဲ့ အရာဝတ္ထုများကို မျက်ချေမပြတ် စောင့်ကြည့်ပြီး လျှပ်တစ်ပျက် ဖြစ်ပေါ်လာတဲ့ အခိုက်အတန့် အချိန်ကောင်းလေးအား အမိအရ မှတ်တမ်းတင်နိုင်အောင် ကြိုးစားရပါတယ်။ အောက်က ပုံလေးကို ရဖို့အတွက် ခပ်လှမ်းလှမ်း နေရာတစ်ခုမှာ ကျနော် အချိန်အတော်ကြာ စောင့်လိုက်ရပါတယ်။ သူတို့ကိုယ် ဓါတ်ပုံ ရိုက်နေတယ်လို့လဲ မထင်ရလေအောင်လို့ လက်ထဲက ကင်မရာနဲ့ ဟိုလျှောက်ချိန် ဒီလျှောက်ချိန်လည်း လုပ်ရပါသေးတယ်။ ခိုငှက်လေး ရုတ်တရက် ထပျံသွားတဲ့ အချိန်၊ ထိုင်ခိုင်ပေါ်က လူ ဘီယာ ဘူး မော့သောက်လိုက်တဲ့ အချိန် အခိုက်အတန့်လေးကို ကံကောင်းထောက်မစွာ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ် lucky shot လို့ ပြောမယ်ဆိုရင်လဲ ပြောလို့ ရတာပေါ့နော့.. ဒါပေမဲ့ ကျနော်ကတော့ ဒီပုံရဖို့ အတွက် အဲဒီ့နေရာမှာ (၃)နာရီလောက် ထိုင်စောင့်နေခဲ့ရတာကတော့ lucky မဟုတ်တာ သေချာပါတယ်။
relaxing

 တစ်ခါတစ်လေ street photo တွေမှာ အရောင်တွေနဲ့ ရိုက်ရတာလဲ ပျော်စရာပါပဲ။ black and white ကတော့ ကျနော့် အတွက် favorite ပါ colour pollution တွေကို စိတ်ကုန်ခမ်း လာတဲ့ အခါကျရင် ကျနော် black and white နဲ့ပဲ ရိုက်လေ့ရှိပါတယ်။ ကျနော့် ကင်မရာ ဆက်တင်ထဲမှာကို monochrome နဲ့ ထားပြီးတော့ကို ရိုက်တာပါ။ အရောင်တွေနဲ့ မှတ်တမ်းတင်ဖို့ လိုအပ်နေရင်လဲ ဆက်တင်ကို ချက်ချင်း ပြောင်းပြီးတော့ colour နဲ့ ရိုက်လေ့ရှိပါတယ်။ ဒီပုံလေးကို ကိုယ့်ဘာသာ ရိုက်လာပြီ perspective လေးကို ကိုယ့်ဘာသာပဲ ပြန်ကြိုက်နေခဲ့မိပါတယ်။ မြစ်ဘက်ခြမ်းက အရောင်က အအေး(cold colour) ဖြစ်နေခဲ့ပြီး မြစ်ကမ်းဘက်ကတော့ အပူရောင် (warm colour) ဖြစ်နေတဲ့ ကြားထဲမှာ စုံတွဲ တစ်တွဲ အသာအယာ နမ်းနေတဲ့ အချိန်လေးကို သိပ်သဘောကျနေမိတာပါ။

kissing

April 27, 2013

Myanmar street photographers outing day



Myanmar street photographer around the world outing day I was participated and I am expecting someone might interesting and would join me but no one. May be next round please come and join me !!!!
britian at war
That guy is broken leg actually, they changed their riding stuffs when they got back and then enjoy up riding :) I saw it, I captured it, I felt happy for it and I got picture of the day at Myanmar street photographers page :)
broken2
Canary wharf is is a major business district located in Tower HamletsLondonUnited Kingdom. It is one of London's two main financial centres (wiki) and seem like everybody busy with time schedule time zone