Showing posts with label peoples. Show all posts
Showing posts with label peoples. Show all posts

May 7, 2013

ရောက်တတ်ရာရာ ဓါတ်ပုံ



အလုပ်နားတဲ့ ရက်မှာ ဟိုဒီလျှောက်ရိုက် ထားတဲ့ ပုံလေးတွေပါ။ အားလပ်တဲ့ အချိန်မှာ ကိုယ်ဝါသနာ ပါတာလေး လုပ်နေရတာကလည်း စိတ်အပန်းဖြေနည်း တစ်မျိုးပဲ မဟုတ်လား...
suset at westminster


time traveller

May 3, 2013

Day out to london eye



တစ်ခါလာလည်း ဒီ London Eye နောက်တစ်ခါလာလည်း ဒီ London eye ဆိုပြီး စိတ်များ ပျက်နေကြပြီလား မသိဘူး။ London မှာ tourist attraction နေရာများစွာထဲမှာမှ London eye ဘက်ကို လူအတော်များများ လာလေ့ရှိ တာကြောင့် street photo သမား ကျနော့် အနေနဲ့ကလည်း လူများတဲ့ နေရာကိုပဲ အဓိက ဦးစားပေးသွားလေ့ရှိပါတယ်။ ဗြိတိန်ရဲ့ နွေဦးရာသီမှာ လူတွေ က နေရောင်ခြည်အောက်မှာ ပျော်ရွှင်စွာ သွားလာ လှုပ်ရှားနေတာကို မှတ်တမ်းတင်ချင်တာလည်းပါတာပေါ့။ street photo မှာ object, action, speed ဆိုတာတွေကို အချိုးကြကြ ပေါင်းစပ်ပေးရတာ ဆိုတော့ ကျနော်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်တဲ့ London eye area ကိုပဲ အချိန်တော်တော်များများ ရောက်ဖြစ်ခဲ့ပါတယ်။ ကိုယ် မရင်းနှီးတဲ့ နေရာဒေသမှာ street သွားရိုက်မယ်ဆိုရင် ပါတ်ဝန်းကျင်ကို လေ့လာနေရာတာနဲ့တင် ဘာပုံမှ မရသလောက်ဖြစ်တတ်တာမို့ ရောက်ဖူးပြီးသား နေရာကိုပဲ ထပ်ခါထပ်ခါ သွားနေမိတာပါ။ location scout အတွက် နေရာသစ်ကို သွားချင်ပေမဲ့လည်း အလုပ်နားတဲ့ ရက် နှစ်ရက်အတွင်း ဘယ်မှမသွားဖြစ်တာကြောင့် နေရာသစ်ကိုလဲ မရောက်ဖြစ်တော့ဘူး ဖြစ်နေခဲ့ပါတယ်။
street photo ရိုက်မယ်ဆိုရင် ကိုယ်ရောက်နေတဲ့ ပါတ်ဝန်းကျင်ကို အရင်လေ့လာရပါတယ်။ ကိုယ့်ရဲ့ အနီးအနားက လူ၊ သက်ရှိ သက်မဲ့ အရာဝတ္ထုများကို မျက်ချေမပြတ် စောင့်ကြည့်ပြီး လျှပ်တစ်ပျက် ဖြစ်ပေါ်လာတဲ့ အခိုက်အတန့် အချိန်ကောင်းလေးအား အမိအရ မှတ်တမ်းတင်နိုင်အောင် ကြိုးစားရပါတယ်။ အောက်က ပုံလေးကို ရဖို့အတွက် ခပ်လှမ်းလှမ်း နေရာတစ်ခုမှာ ကျနော် အချိန်အတော်ကြာ စောင့်လိုက်ရပါတယ်။ သူတို့ကိုယ် ဓါတ်ပုံ ရိုက်နေတယ်လို့လဲ မထင်ရလေအောင်လို့ လက်ထဲက ကင်မရာနဲ့ ဟိုလျှောက်ချိန် ဒီလျှောက်ချိန်လည်း လုပ်ရပါသေးတယ်။ ခိုငှက်လေး ရုတ်တရက် ထပျံသွားတဲ့ အချိန်၊ ထိုင်ခိုင်ပေါ်က လူ ဘီယာ ဘူး မော့သောက်လိုက်တဲ့ အချိန် အခိုက်အတန့်လေးကို ကံကောင်းထောက်မစွာ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ် lucky shot လို့ ပြောမယ်ဆိုရင်လဲ ပြောလို့ ရတာပေါ့နော့.. ဒါပေမဲ့ ကျနော်ကတော့ ဒီပုံရဖို့ အတွက် အဲဒီ့နေရာမှာ (၃)နာရီလောက် ထိုင်စောင့်နေခဲ့ရတာကတော့ lucky မဟုတ်တာ သေချာပါတယ်။
relaxing

 တစ်ခါတစ်လေ street photo တွေမှာ အရောင်တွေနဲ့ ရိုက်ရတာလဲ ပျော်စရာပါပဲ။ black and white ကတော့ ကျနော့် အတွက် favorite ပါ colour pollution တွေကို စိတ်ကုန်ခမ်း လာတဲ့ အခါကျရင် ကျနော် black and white နဲ့ပဲ ရိုက်လေ့ရှိပါတယ်။ ကျနော့် ကင်မရာ ဆက်တင်ထဲမှာကို monochrome နဲ့ ထားပြီးတော့ကို ရိုက်တာပါ။ အရောင်တွေနဲ့ မှတ်တမ်းတင်ဖို့ လိုအပ်နေရင်လဲ ဆက်တင်ကို ချက်ချင်း ပြောင်းပြီးတော့ colour နဲ့ ရိုက်လေ့ရှိပါတယ်။ ဒီပုံလေးကို ကိုယ့်ဘာသာ ရိုက်လာပြီ perspective လေးကို ကိုယ့်ဘာသာပဲ ပြန်ကြိုက်နေခဲ့မိပါတယ်။ မြစ်ဘက်ခြမ်းက အရောင်က အအေး(cold colour) ဖြစ်နေခဲ့ပြီး မြစ်ကမ်းဘက်ကတော့ အပူရောင် (warm colour) ဖြစ်နေတဲ့ ကြားထဲမှာ စုံတွဲ တစ်တွဲ အသာအယာ နမ်းနေတဲ့ အချိန်လေးကို သိပ်သဘောကျနေမိတာပါ။

kissing

April 2, 2013

Brick lane sunday market



ဒီနေ့ brick lane (http://en.wikipedia.org/wiki/Brick_Lane) ဘက်ကို သွားပြီး street photo တွေ အတော်များများ ရိုက်ဖြစ်တယ်။ အဲဒီ့မှာ မြန်မာတွေ အများကြီးနဲ့လည်း တွေ့ခဲ့တယ်။ burmese cuisine ဆိုပြီး မြန်မာဆိုင်ရဲ့ ဆိုင်းဘုတ်မှာ အရဟံ တောင် ရေးထားလိုက်သေးတယ် :)
portrait of stranger

Easter ပိတ်ရက်မှာ Brick Lane ဘက်ကို သွားပြီး ဓါတ်ပုံတွေ အားပါးတရ ရိုက်လိုက်ရတာ စိတ်ထဲမှာ နည်းနည်းတော့ ကျေနပ်ပြီး နေသာထိုင်သာ ရှိသွားတယ်။ စကားမစပ် UK မှာလဲ ဇယ်တောက်ခုံ ငှားလို့ရပါတယ်ဗျ :P
brick lane 2

လမ်းပေါ်က ဘဝတွေက တစ်ကယ် စိတ်ဝင်စားဖို့ ကောင်းပါတယ်.။ ကင်မရာကနေ ချောင်းကြည့်ပြီး ဒီလူပျော်နေလား၊ စိတ်ညစ်နေလား ဆိုတာကို တစ်ခါတစ်လေ ဝေခွဲနေမိတဲ့ အပြင် ကိုယ့်ပုံကောင်း ဖို့အတွက်လဲ setting တွေကို စိတ်ထဲက တွက်ချက်နေမိတယ်။ တစ်ခါတစ်လေ camera setting ကို auto မှာ အကုန်ထားပြီးတော့ လတ်တလော ဖြစ်နေတဲ့ မြင်ကွင်းလေး ပျောက်သွားမှာ စိုးလို့ အသည်းအသန် ရိုက်လိုက်ရတာမျိုးလည်း ရှိတယ်။
brick lane 3-1

ကြည့်မှန် တစ်ချပ်ရှေ့ရပ်ကြည့် စကားပြော ငါ့ အရိပ်နဲ့ငါ ဘယ်သူ အမှန်တုန်း

brick lane 4

သူ ဇယ်တောက်တာကလည်း ဘီယာဗူးကလေးနဲ့ :)

portrait of stranger 5-6

ပင်စင်စား အဖိုးအို တစ်ယောက် လမ်းဘေး စစ်တုရင် ဝိုင်းလေးကို ရပ်ကြည့်နေတာပါ.။

portrait of stranger 2

ဒီလူက သုံးယောက် တစ်ယောက် ပြိုင်လို့ စစ်တုရင် ထိုးနေတာပါ..။ အလွန်းအမင်း အာရုံစိုက်နေရပုံပါပဲ။

deep in thought 2

ပုံတွေကို ကြည့်ပြီးတော့ Brick Lane က အရိပ်အယောင်တွေကို ပုံဖော်ကြည့်နိုင်မယ်လို့ မျှော်လင့်ပါတယ်..။ ကျနော့်ရဲ့ ပထမဦးဆုံး story telling street photography post လေးပါပဲ။
ခင်မင်လျှက်
ကျော်ဇေယျ