January 29, 2018

ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး



တိပ်ခွေ ခေတ်တုန်း က စွဲစွဲလန်းလန်း နားထောင် ခဲ့တဲ့ သီချင်း၊ ပလေးဘွိုင်းသန်းနိုင် နဲ့ အယ်လ်ခွန်းရီ တို့ ရဲ့ ဖြေးဖြေးလေး နဲ့ငြိမ့် ငြိမ့်လေးပါ။ 
ဦးသန်းနိုင်တို့ ဆိုထားတဲ့ အထဲမှာ ဘုရားသခင်တွေ ဘာတွေ ပါတော့ ကော်ပီများ ဖြစ်မလား မသိဘူး ဆိုတဲ့ သံသယ တော့ ဖြစ်မိတယ် ။
ဒါပေမယ့် အဲဒါလေး ကိုပဲကြိုက်နေမိတာ။ အဲဒီခေတ် တုန်း က ဘာသီချင်း ဘယ်သူ ဆိုတာ လဲ ရှာရခက်တော့ အော်ရီဂျင်နယ် သီချင်း က ဘယ်ဟာမှန်း မသိခဲ့ဘူး။ 
နောက်တော့ ဂစ်တာတီး သင်ပေးတဲ့ ဆရာ တစ်ယောက်က အင်္ဂလိပ် လို ဆိုပြတော့မှ သြော် ဒါက ဒီသီချင်းပါလား ဆိုတာ သိရတယ်။ ဒါပေမယ့် ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး က နားထဲ စွဲနေတုန်း။ 


နောက်ပိုင်းမှာ Swing Low Sweet Chariot ကို Eric Clapton ဆိုတာ ကိုပဲ နားထဲ စွဲပြီး ဘယ်သူ ဆိုတာမှ မကြိုက်တော့ဘူး။
နောက်ပိုင်း အဆိုတော် ဖြစ်တဲ့ Ella Eyre ပြန်ဆို ထားတာလည်း ရှိတယ်။ ဒါပေမယ့် Eric ကြီး ဆိုထား တာကိုပဲ သဘောကျ နေတုန်း။
အင်တာနက် တွေ ဘာတွေ ခေတ်စား လာပြီး ဒီ သီချင်း ရာဇဝင် တွေ ဘာတွေ ရှာကြည့်မိတော့မှ eric ကြီးတို့ပိုင်တာ မဟုတ်ဘူး ဆိုတာလည်း သိရပြန်ရော။ 1909 လောက်မှာ ကတည်း က Record လုပ် ခဲ့တာ လို့ သိရပြီး B.B king တို့လို ဆရာ့ ဆရာကြီးတွေလည်း ဆိုထားဖူး တယ်လို့ ဖတ်ဖူးတယ်။ 
မြန်မာ ဗားရှင်း ဖြစ်တဲ့ ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး ကို ထူးအိမ်သင် နဲ့ ဘိုဘို တို့ ဆိုထား တာလည်း နားထောင်ဖူးတယ်။ ဒါပေမယ့် ဦးသန်းနိုင် တို့ ဆိုထား တာကို ပိုက်ကြိုက်တယ်။


အခုတော့ ကြာသပတေး နံ နဲ့ စတဲ့ အဆိုတော် ဆိုထားကို FM တစ်ခု ရဲ့ Facebook page မှာ ကြည့်လိုက်ရ တယ်။ 
ဒါပေမယ့် နားထဲ စွဲပြီးသား ဖြစ်တဲ့ အရင် ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး ကို ပဲ ကြိုက်မိနေတယ်။ 
စကားမစပ် ဒီ သီချင်း ကို ပလေးဘွိုင်း အဖွဲ့ ဆိုတာ ကို ကြိုက် တဲ့ လူတွေ ရဲ့ အသက် ဟာ မငယ်တော့ဘူး။ 
Swing low, sweet chariot,
Coming for to carry me home.
Swing low, sweet chariot,
Coming for to carry me home.
I looked over Jordan, what do I see,
Coming for to carry me home.
A band of angels coming after me,
Coming for to carry me home.

September 10, 2016

London Notting Carnival 2016


2016 Notting Hill Carnival  မှာ ရိုက်ထားတဲ့ ပုံတွေ ကိုတင်ပေးလိုက်ပါတယ်။ 
အဲဒီ ပွဲက အရောင် အသွေးစုံစုံ၊ တေးသံ မြူးမြူးကြွကြွ၊ ကရစ်ဘီယံ အက တွေနဲ့ လှည့်လည် ကပြ ကြတာပါ။ 
ယူကေ နွေရာသီ ရဲ့နောက်ဆုံး လက်ကျန် နေ့ရက်တွေ ဆိုတော့ တခါတရံမှာ နေရောင် က အစွမ်းကုန် တောက်ပ နေပါတယ်။
ခပ်မြူးမြူး တေးဂီတရယ်၊ နွေရာသီ လက်ကျန် နဲ့ လင်းထင်း နေတာတွေရယ် ကို ကိုယ်စားပြုတဲ့ အရောင်း ခပ်ပြင်းပြင်း ဓါတ်ပုံတွေ တင်ပြလိုက်ပါတယ်။ 














February 20, 2016

Danish Girl (Movie Review)


သူ့ရဲ့ ကိုယ်နေဟန်ထား ကို သရုပ်ပြခိုင်းပြီး ပန်းချီ ဆွဲရင်းနဲ့
အိမ်ထောင်ဘက် က တစ်နေ့မှာ သူ ဖုံးကွယ် ထားတာ ကို အမှတ်မထင် သိရှိသွားသည်။
အစ ပထမ တော့ ရိုးရိုးတန်းတန်း ပဲ ထင်လို့ နားလည် ပေး ခဲ့သည်။
တစ်နေ့ထက် တစ်နေ့ သူ့ရဲ့ အတွင်းစိတ်က ဖုံးကွယ်လို့ မရခဲ့။
မိန်းမ ကြည်ဖြူပြီ အထင်နဲ့ သူကလည်း အတွင်းစိတ်ကို အိမ်မှာ မဖုံးကွယ်တော့။
အိမ်မှာ မိန်းမရဲ့ အဝတ်အစားတွေ ယူဝတ်၊ မိတ်ကပ်တွေ လိမ်းချယ် ဝတ်ဆင် နေထိုင်သည်။
လင်ကိုယ် မယားမို့ မိန်းမ ပျော်ရွှင်အောင် စ နောက် နေတာလို့ပဲ မိန်းမက တွေးထင် ထားခဲ့သည်။
တစ်နေ့တော့ သူငယ်ချင်း တစ်ယောက်ရဲ့ ပါတီ လာရောက်ဖို့ ဖိတ်ကြား ခံရတဲ့ အခါမှာ မိန်းမ ဖြစ်သူ က မိန်းခလေး အသွင်ယူ ပါတီတက်ဖို့ ပြောလာတော့ စ နောက်ယုံ သဘောနဲ့ သူကလည်း လက်ခံ ခဲ့မိသည်။
ပါတီမှာ သူ့ရဲ့ သွင်ပြင်ကို ယောက်ျား တွေက မြင်ပြီး သဘောကျတော့ သူကလည်း စိတ်ထဲမှာ သာယာ မိသည်။
ယောက်ျား လေး တစ်ယောက် က တွေ့ဆုံဖို့ အတင်း လိုက်ကပ် နေခဲ့တာကို မနည်းပင် ရှောင်ပြေးခဲ့ရသည်။
မိန်းမ က မဖြစ်တော့ဘူး ရပ်တန်းက ရပ်ဖို့ ပြောလာတာကို မရပ်တန့်ဘဲ နောက်ဆုံး Gender ပြောင်းဖို့ပင် ကြိုးစားတော့သည်။
(The Theory of Everything နဲ့ အော်စကာ ရခဲ့တဲ့ Eddie Redmayne ကြီး သရုပ်ဆောင်ထား တာ အတော် ကောင်းတဲ့ အပြင် Alicia Vikander လေးရဲ့ သရုပ်ဆောင် ချက် တွေကလည်း အင်မတန်မှ ပြောင်မြောက် ပြီး လှလည်း လှ၊ ဆက်တင် ကောင်း ကောင်း ပြီးတော့ ကင်မရာ မြင်ကွင်း ကောင်းကောင်း၊ ကာလာတွေ စုံစုံ လင်လင် နဲ့ ကြည့်လို့ ကောင်းတဲ့ ရုပ်ရှင် ဖြစ်သည်။
ဒါပေမယ့် ဝေဖန်သူတွေက တကယ့် အချက်အလက်တွေကို ရုပ်ရှင်ထဲမှာ ချန်ထားခဲ့သည် ဟု ပြောကြသည်။ )






July 25, 2015

A visit to Blackpool pleasure beach


ပြီးခဲ့တဲ့ တနင်္လာနေ့ (၂၀.၇.၂၀၁၅) က မန်ချက်စတာ မြို့ နှင့် ဘလက်ပူးလ် မြို့ တို့ကို တစ်ညအိပ်၊ နှစ်ရက် အမြန် ခရီး သွားရောက်ခဲ့ပါတယ်။ ခရီးစဉ် အတွင်း ရိုက်လာခဲ့တဲ့ ပုံတွေထဲမှ အချို့ ကို ဘလော့ခ်မှာ ဖော်ပြလိုက်ပါတယ်။ ခရီးစဉ် အကြောင်း အသေးစိတ် ရေးလိုသော်လည်း လုပ်ငန်း ခွင် ပြန်လည် ဝင်ရောက် ရမှာ ဖြစ်တဲ့ အတွက်ကြောင့် အချိန်မရတော့လို့ ဓါတ်ပုံများပဲ တင်လိုက်ပါတယ်။ 
















June 18, 2015

Peppa Pig World

ဒီနေ့ Paulton theme park ထဲက Peppa Pig World ကို ရောက်ဖြစ်တယ်။ လန်ဒန် ကနေ ကားမောင်း သွားရင် တစ်နာရီ ကျော်လောက် မောင်းရတယ်။ 

ကာတွန်းကားတွေ အောင်မြင် ပြီးသွားရင် နောက်ဆက်တွဲ စီးပွားရေးလည်း လုပ်လို့ ရသေးတယ်။ ကားတွန်းဇာတ်လမ်းထဲက ကာရိုက်တာတွေ လုပ်ပေးထား၊ ဇာတ်လမ်း ဇာတ်အိမ် ထဲက အတိုင်း အဆောက်အဦးတွေ ဆောက်ပေးထား ပြီး ကလေးတွေ အတွက် ကစားကွင်း တွေ လုပ်ပေးထားတာ၊ 

ကလေးတွေက သူတို့ ကြည့်ခဲ့ဖူးတဲ့ ကားတွန်း ဇာတ်ကောင်တွေကို မြင်ရ၊ တွေ့ရ၊ အတူတူ ကစားရလို့ သဘောတွေကျ၊ မိဘတွေကတော့ ပိုက်ဆံပေးပေါ့လေ။ ကိုယ့်သားသမီး ဆိုတော့လည်း လိုက်မပို့ရရင် စိတ်ထဲမှာ မကောင်းဖြစ်ဆိုတော့ ကုန်ပါ့စေပေါ့လေ။ အိမ်က ကိုယ့်သား ကတော့ အဲဒီ့ ကာတွန်း ဇာတ်လမ်း တွဲတွေကြည့် ပြီးရင် အဲဒီ့ theme park တွေကို လိုက်ပို့ပေးဖို့ ချည်း ခဏခဏ ပူဆာနေတတ်တော့တာ။ 




April 8, 2015

London Eye


ဓါတ်ပုံ မရိုက်ဖြစ်တာလဲ အတော်ကြာပြီ။ ကြာဆို အလုပ် တစ်ဖက်၊ ကျောင်းတစ်ဖက်၊ မိသားစု တစ်ဖက် နဲ့ မို့ လူက ခုနှစ်ရက် တစ်ပါတ်လုံးကို မအားနိုင်ဘူး ဖြစ်နေတယ်။ ဟိုး အရင် အားခဲ့တဲ့ အချိန်တုန်းက သွား၊ လာ၊ ရိုက်ကူး ခဲ့တာလေးတွေကို ကင်မရာထဲမှာ ပြန်တွေ့လို့ တင်လိုက်တယ်။