Showing posts with label Cheese Rolling. Show all posts
Showing posts with label Cheese Rolling. Show all posts

February 21, 2009

Cheese Rolling

Photobucket

Photobucket

Photobucket

Photobucket

ကျနော့် ဘလော့ခ်ရဲ့ ခေါင်းစဉ်ကိုက ရောက်တတ်ရာရာလေးများ ဖြစ်ပါတယ်။ ကျနော်လဲ ဟိုရောက်လိုက် ဒီရောက်လိုက်ဆိုတော့ ကျနော့်ဘလော့ခ်လဲ ဟိုရောက်လိုက် ဒီရောက်လိုက်ပါပဲ :P။ အခုခေါင်းစဉ်ကို ကြည့်ပြီးတော့ ဒိန်ခဲ လှိမ့်ခြင်းလို့ ဆုံးဖြတ်မယ် ဆိုရင်လဲ မှန်ပါတယ်ခင်ဗျာ။ ဟုတ်ပါတယ် တကယ့်ကို လိမ့်နေတဲ့ ဒိန်ခဲကို လိုက်ဖမ်းရတဲ့ ကြံကြံဖန်ဖန် ကစားနည်း တစ်မျိုးပါပဲ။ ပွဲကျင်းပတဲ့ နေရာကတော့ England နိုင်ငံ Glocestershire နယ်ထဲက Brockworth ရွာလေးမှာ ရှိတဲ့ Cooper's Hill မှာ ကျင်းပတာ ဖြစ်ပါတယ်။ ရွာလေးရဲ့ နွေဦးပေါက် အားလပ်ရက်တွေမှာ ရိုးရာ အစဉ်အလာ အဖြစ် နှစ်စဉ်ကျင်းပလာခဲ့တာ နှစ်ပေါင်း 200 ကျော်သွားပြီ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ ပိုမို လူသိများ ကျော်ကြားလာပြီး နိုင်ငံရပ်ခြားက လူတွေလဲ ၀င်ရောက် ယှဉ်ပြိုင်လာကြပြီဖြစ်ပါတယ်။ ပြိုင်ပွဲ ကျင်းပပုံကတော့ 7 ပေါင်လောက် အလေးချိန်ရှိတဲ့ ဒိန်ခဲအ၀ိုင်း ကို တောင်ကုန်းထက်ကနေ လိမ့်ချလိုက်တာနဲ့ ပြိုင်ပွဲဝင်တွေက ဒိန်ခဲကို လိုက်လံ ရယူပြီး တောင်ခြေက ပန်းတိုင်ကို အရောက်ပြေးရတာ ဖြစ်ပါတယ်။ ဟိုးယခင်တုန်းကတော့ ပြိုင်ပွဲဝင် ဦးရေ ကန့်သတ်ထားခြင်း မရှိလေတော့ အချင်းချင်း ထိခိုက်မှုတွေ ရှိတာကြောင့် အခုနောက်ပိုင်း မှာတော့ တစ်ကြိမ်ကို လူဦးရေ 15 ဦးသာ ပါဝင်ယှဉ်ပြိုင်ဖို့ သတ်မှတ်ခဲ့ကြပါတယ်။

Ref : wikipedia