အိမ်စောင့်အစိုးရ တာဝန်ကျနေပါသည် :P ။ အိမ်သူ အိမ်သားများ နာရေး ကိစ္စကြောင့် နယ်သို့ ခရီး သွားကြ သဖြင့် ကျနော်သည် အိမ်တွင် ကျီးစောင့်ကြက်နှင် တာဝန်ယူထားရပါသည်။မနက် ကိုးနားရီ ထိုးလျှင် အိပ်ယာက ထ ကော်ဖီ တစ်ခွက်လောက် သောက်၊ ပြီးလျှင် အိမ်သို့ ကြွသည့် ဆွမ်းခံကိုယ်တော် အား ဆွမ်းလောင်းပါသည်။ ထို့နောက် အိပ်ချင်ချင် ရှိသည်နှင့် ပြန်အိပ်ပါသည်။ ၁၁ နာရီလောက်တွင် တစ်ခါ ပြန်ထပြီး ထမင်းစားဖို့အတွက် ပြင်ဆင်ရပါသည်။ နေ့ခင်း ၁၂ နာရီထိုးသည်နှင့် ထမင်းစားပြီး စာအုပ်ဆိုင်မှငှားထားသော စာအုပ်များအား တစ်နေကုန်ထိုင်ဖတ်ရန်ပြင်ဆင်ကာ အိမ်ရှေ့တွင် ပက်လက် ကုလားထိုင်တစ်လုံးနှင့်ထိုင်ပါတော့သည်။ “စာအုပ် စာပေ လူ့မိတ်ဆွေ” ဆိုသည့် အတိုင်း စာအုပ်တစ်အုပ် မပြီးမီပင် ကျနော့် မျက်ခွံများသည် လေးလံကာ အိပ်ချင် လာပါတော့ သည်။ ထို့ကြောင့် ကျနော်သည် ပြန်အိပ်ပါသည်။ “အဟောသုခံ” ချမ်းသာလေစွ တကား :P။ ဒီနေ့တော့ Man- U Vs Liverpool ဘောလုံးပွဲ ရှိသဖြင့် ကြည့်လိုက်ပါဦးမည်။ မနက်ဖန် Sunday တွင် Blogger သူငယ်ချင်း များနှင့် ချိန်းထားသဖြင့် ချိန်းပွဲလေးအား သွားလိုက်ပါဦးမည်။
