Showing posts with label AOL. Show all posts
Showing posts with label AOL. Show all posts

December 16, 2007

AOL, AIM နှင့် Gmail


တစ်ခါလာလည်း Chat အကြောင်း၊ တစ်ခါလာလည်း Chat အကြောင်းဆိုတော့ မသိတဲ့လူများက ထင်ကြမှာဘဲနော် “ဒီကောင်တော့ တော်တော် Chat တဲ့ ကောင်လား မသိဘူး” ဆိုပြီးတော့ ထင်ချင် ထင်နိုင်တယ်ဗျ၊ အမြဲတမ်း မချက်နိုင်ပါဘူးခင်ဗျ၊ တစ်ကယ်ပြောတာပါ၊ “ ဘုရားပေးပေး၊ ကျမ်းပေးပေး” ပါ၊ အမှန်ကို ပြောချင်းပါ။ မယုံလို့ ရှိရင် ကျနော့်ရဲ့ မေးလ်ကို လူကြီးမင်းတို့ Add ကြည့်လိုက်ပါ။ ကျနော် အွန်လိုင်းပေါ်မှာ 24 နာရီလုံး ရှိနေရင် ကျနော့်ရဲ့ ဘလော့မှာ လူကြီးမင်းတို့ comment နဲ့ ကြိုက်သလို ပြောသွားလို့ ရပါတယ်။ (ဟတ် ဟတ် အာမခံရဲ လိုက်တာ။ ဘယ်သူက 24 နာရီလုံးလုံး ရှိမှာလဲ။ Chat ရတာ ပျင်းလာရင် Forum တွေဘက် လစ်မှာပေါ့။ :P) ကျနော်တို့ ရွှေပြည်ကြီးက လူတွေ တော်တော်များများ သဘောကျကြတဲ့ Gmail က Feature အသစ်တစ်ခု ထပ်ထည့်လိုက်ပြန်ပြီခင်ဗျ။ ဘာ Feature လဲ ဆိုတော့ AOL နဲ့ AIM User များကို Gmail ထဲမှာ Chat လုပ်လို့ ရပြီ ဖြစ်ပါတယ်။ လူကြီးမင်းတို့ က AIM (American Online Instant Messenger) account တစ်ခု မဖြစ်မနေ ရှိဖို့ပဲ လိုအပ်တာပါခင်ဗျာ။ http://www.aim.com မှာ အကောင့် သွားယူထားလိုက်ပါ။(မြန်မာပြည်က Internet Provider များ AIM ကို Banned ထားလျှင် Proxy Software တစ်ခုခုကို အသုံးပြုပြီး ၀င်ရောက် Account ယူထားနိုင်ကြပါတယ်။) ပြီးလျှင် လူကြီးမင်းတို့ရဲ့ Gmail ကို Sing in လုပ်ပါ။ ထို့နောက် မိမိ တို့ရဲ့ Gmail Scree ဘယ်ဘက် Contact List ရဲ့ အောက်ဆုံးနားမှာ Options ဆိုတဲ့ Button ကိုနှိပ်လိုက်တာနဲ့ Sign in to AIM @ ဆိုတာလေးကို တွေ့ပါလိမ့်မယ်။ ၄င်း button ကိုနှိပ်လိုက်တာနဲ့ လူကြီးမင်းတို့ AIM Account Screen Name နှင့် Password ကိုဖြည့်သွင်းပြီးတာနဲ့ လူကြီးမင်းတို့ အလိုရှိသလို AIM account ရှိသူတိုင်းအား Gmail မှ Chatting လုပ်နိုင်ကြပါပြီ။ (ကျနော် Gtalk မှာ AIM Account အား Add လုပ်၍ စမ်းသပ်သုံးစွဲကြည့်သော်လည်း အဆင် မပြေပါခင်ဗျာ။ Gmail မှာ သာသုံးစွဲလို့ရပါသေးသည်။)