Showing posts with label myanmar's new year. Show all posts
Showing posts with label myanmar's new year. Show all posts

April 20, 2007

သင်္ကြန်ခါတော်မှာလေ











အဝေးရောက်ရွှေမြန်မာများ အတာကူးတဲ့ တန်ခူးလချိန်အခါရောက်ပြီဆိုရင်ဖြင့် အင်မတန်မှ လွမ်းမော ရပါတယ်။ စဉ်းစားကြည့်လေ ရောက်နေတဲ့နိုင်ငံက ရွှေမြန်မာများ တော်တော်များရင်ဖြင့် အမှတ်တရသင်္ကြန်ကို အလျဉ်းသင့်သလို လုပ်နိုင်ကြပေမယ့် ဘုန်းမောင်တစ်ယောက်တည်းဆိုရင်တော့ သင်္ကြန်ခွေတွေနားထောင်ပြီး သင်္ကြန်ကို အလွမ်းသာဖြေပေတော့၊ ဒီထက်မကလွမ်းလွန်းလို့ မခံမရပ်နိုင်ဖြစ်လာပြီဆိုရင်တော့ ဘုံဆိုင်သာ ပြေးပေတော့ဗျို့ ဟုတ်တယ်လေ သင်္ကြန်နဲ့မတည့်တဲ့သူဆိုတာကလဲ ခပ်ရှားရှားရယ်ဗျ အသက်အရွယ် အတန်း အစားမရွေး သင်္ကြန်ပိုးထပြီဆိုရင်တော့ ဘာနဲ့မှကုစားလို့မရနိုင်ပါဘူး သင်္ကြန်ရေလေးနည်းနည်းစို၊ သင်္ကြန် သီချင်းလေးနည်းနည်းငြီးလိုက်ရမှ နည်းနည်းနေသာထိုင်သာရှိတာဗျ။ ဒီနှစ်လဲ ဘုန်းမောင်တစ်ယောက် မလေးရှားမှာ တတိယအကြိမ်မြောက်သင်္ကြန်အမှတ်တရလေးအား အလုပ်အတူတူလုပ်ကြတဲ့ ရွှေမြန်မာ ညီအစ်ကို မောင်နှမများနှင့် မိတ်ဆွေအပေါင်းအသင်းများ စုပေါင်းပြီး နှစ်သစ်ကူး ဘုန်းကြီးဆွမ်းကပ် ပရိတ် တရားနာ ခင်မင်တဲ့သူ တော်တော်များမျာအား ဖိတ်ကြားပြီး အလှူဒါနပြုလိုက်ရပါတယ်။ သင်္ကြန်အမှတ်တရ ဓါတ်ပုံလေးများအား အမှတ်တရ ရှိစိမ့်သောငှာနှင့် နောင်လာ နောင်သားများ အမှတ်တရ ကြည့်ရှုနိုင်စေရန် မှတ်တမ်း အနေနှင့် ဘုန်းမောင် blog တွင် ဖော်ပြလိုက်ရပါတယ် ခင်ဗျာ......