ကျနော့် ဘလော့ဂ်ပို့စ်တွေ တော်တော်များများ ရေးချင်ပေမယ့်၊ မရေးနိုင်ဘူး ဖြစ်နေတယ် (ကောင်းလိုက်တဲ့ အကြောင်းပြချက်၊ ဟီး...) ဘာဖြစ်လို့လဲ ဆိုတော့ အရင်က ပြောသလိုဘဲ ကိုယ်ပိုင် ကွန်ပျူတာ မရှိတာက တစ်ချက် (သနားပြီး Levonoလေးဝယ်ပေးမလားလို့...ပြောကြည့်တာ၊:P) အလုပ်က ကွန်ပျူတာကို အသုံးပြု ပြီးရေးရတဲ့ အတွက် ကျနော့်အလုပ်ကိုလည်း အနှောင့်အယှက်ဖြစ်တယ်၊ ပြီးတော့ ကျနော် ဘလော့ဂ်ပို့ ရေးနေတဲ့ အချိန်ဆို အရမ်းကို သိသာလွန်းတယ်ဗျ။ သာမန်အားဖြင့် ကျနော့်လုပ်ငန်းခွင် ကွန်ပျူတာ သုံးတာက ကီးဘုတ်ရဲ့ ညာဘက်မှာ ရှိတဲ့ Num Pad ကိုဘဲ အများဆုံးအသုံးပြုပြီး ကိန်းဂဏန်းတွေ ရိုက်ထည့်နေရတာ၊ ဘလော့ဂ်ရေးနေတဲ့ အချိန်မှာ ကီးဘုတ်တစ်ခုလုံးကို အသည်းအသန် ရိုက်နေရတာဆိုတော့ လက်ကွက်သံ တစ်ထောင်းထောင်းနဲ့ ထိုင်ရတဲ့နေရာကလည်း သူဌေးရဲ့ဘေးချင်းကပ်အခန်း၊ သူဌေး ဖြတ်သွားဖြတ်လာ လုပ်တိုင်း ကျနော့် ကီးဘုတ်သံ ကြားယုံနဲ့တင် အလုပ်လုပ်နေတာ မဟုတ်ဘူးဆိုတာ အရမ်းကို သိသာလွန်း တယ်ဗျ။ ဟိုတစ်လောလေးကဆို ကျနော် ပို့စ်ရေးနေတုန်း ကီးဘုတ်သံကြားလို့ ထင်ပါတယ် ကျနော့်ကိုယ် လှမ်းမေးတယ်ဗျ။ ``နင် အလုပ်လုပ်နေတာလား´´ ``Chatting လုပ်နေတာလား´´ ``E-mail ပို့နေ တာလား´´ တဲ့။ အဲဒီလို အမေးခံရပြီးနောက်ပိုင်း သကာလ (ဟတ် ဟတ် ဟတ် မိုက်တယ်နော်) ကျနော်လဲ ပို့စ်တစ်ခု ရေးတိုင်း ရေးတိုင်း အံကိုအသာလေးကြိတ်လို့ ကီးဘုတ်ကို အသံမထွက်အောင်ရိုက်ရလွန်းတော့ ဘလော့ဂ်ရေးရတာ Mood မ၀င်ဘူး ဖြစ်နေတယ်ဗျာ။ (ဘာမှလည်း မဆိုင်ဘူးနော်... :p)
အစပျိုးနေတာနဲ့ပဲ ပို့စ်က တော်တော်လေး ရှည်သွားပြီ။ ပို့စ်ရေးဖို့ အခွင့်လေးသာတုန်း ရေးလိုက်ဦးမှ။ ကျနော် တို့ရဲ့ အသုံးအ၀င်ဆုံးသော Gmail မှာ နောက်ထပ် အသစ်ပေါ်လာတဲ့ Feature လေးကို ဖော်ပြချင်လို့ပါ။ တစ်ခါတစ်လေမှာ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများထံသို့ မေးလ်တစ်စောင်ကို(အကြောင်း အရာတစ်ခုတည်းကို) တစ်ပြိုင်နက်တည်း ပို့ချင်တယ်ဆိုပါတော့ဗျာ။ Gmail ရဲ့ Compose မှာ မိတ်ဆွေ အပေါင်းအသင်းများ ရဲ့ Mail Address ကို တစ်ခုချင်းစီ လိုက်ထည့်နေစရာမလိုဘဲ Groups လေး တစ်ခု လုပ်ထားလိုက်တာနဲ့တင် အဆင်ပြေလွယ်ကူစွာ ပို့ပေးနိုင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ မည်သို့ မည်ပုံ လုပ်ဆောင်နိုင်တယ်ဆိုတာကို ကျနော် ပုံများနဲ့တကွ သေသေချာချာ ရှင်းပြထားပါတယ်။ (ကရိယာများကို ပုံတွင် ပြထားသည့် အတိုင်း တပ်ဆင်ပါလို့တော့ လိုက်မဆိုကြနဲ့နော်...ဟတ် ဟတ် ဟတ်)

ပုံမှာ ဖော်ပြထားတဲ့ အတိုင်း အဆင့်ဆင့် လုပ်ဆောင်ပြီးပြီ ဆိုတာနဲ့ Mail တစ်စောင်တည်းကို မိမိတို့ရဲ့ အပေါင်းအသင်းမိတ်ဆွေများထံသို့ တစ်ကြိမ်တည်း တပြိုင်နက်ထဲ ပို့နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။ Gmail ရဲ့ Compose ထဲမှ To ဆိုတဲ့ နေရာမှာ မိမိ ပေးထားခဲ့တဲ့ Group name ကို ရိုက်ထည့်လိုက်ရုံနဲ့ Group ထဲမှာ ပါဝင်တဲ့ Mail address များကို Gmail မှ အလိုအလျှောက် ဖြည့်စွက် ပေးသွားပါလိမ့်မယ် ခင်ဗျာ။ အပေါင်း အသင်းတွေရဲ့ Mail address တွေကို တစ်ခုချင်း လိုက်ထည့်နေစရာ မလိုတော့ဘူးပေါ့။

2 comments:
မလေးရှားမှာ အဆင်ပြေပါစေ
မေတ္တာပို့ ပေးပါတယ်
မြန်မာပြည်ကတော့
ထွက်နေနိုင်ရင်အကောင်းဆုံးပါဘဲ
တလောကလုံးနဲ့ အဆင်ပြေတဲ့ 
အစိုးရတက်မှဘဲ
ပြန်ကြတာပေါ့။
လောလောဆယ်အတွေ့ အကြုံတွေစုထားကြပါ။
One suggestion, why you snapshot your email in very detail ? Now everyone can see your emails, contact list and ... . Bro, you should think of your privacy. Just a thought.
Post a Comment