
ယခုလ (၉) ရက်နေ့က ပါတ်စ်ပို့အတုတွေ ရောင်းလို့ မြန်မာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ သတင်း တစ်ပုဒ်ကို Star သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ သတင်းအပြည့်အစုံကို ကျနော် Scanner ဖတ်ပြီး တစ်ခါတည်း တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ``ဖြစ်သမျှအကြောင်းအကောင်းချည်း´´လို့ဘဲ ပြောရတော့မှာပေါ့။ မြန်မာတွေ သူများတိုင်းပြည်မှာ မျက်နှာပျက်ရပေါင်း မနည်းတော့ပါဘူး။ ``အရင်းစစ်တော့ အမြစ်မြေ´´ ဆိုသလို တစ်နှစ်ထက်တစ်နှစ် ပါတ်စ်ပို့ သက်တမ်းတိုးဖို့အတွက် ``နိုင်ငံတော်အစိုးရ´´ ထံကို ပေးဆပ်နေရတဲ့ ``အခွန်တော်´´ က မိမိတို့ရတဲ့ လုပ်ခလစာနဲ့လုံလောက်အောင် ပေးဆပ်နိုင်ခြင်း မရှိလေတော့``အတု´´ ဆီ ကိုဘဲ ခြေဦးလှည့်ကြတော့တာပေါ့ဗျာ။

No comments:
Post a Comment