ခုတစ်လော ကျနော် တစ်ကယ့်ကို အလုပ်များနေပါတယ်။ ကျနော် အလုပ်လုပ်ကိုင်နေတဲ့ Hypermarket မှာ တရုတ်နှစ်သစ်ကူးအကြို ဈေးရောင်းပွဲတော် ကျင်းပနေတဲ့အတွက်ကြောင့် အလုပ်တာဝန်တွေနဲ့ မအားလပ်နိုင် အောင်ဖြစ်နေရပါတယ်။ ဒါကြောင့် blog ရေးသားခြင်းနဲ့ Online တက်ခြင်းကို ခေတ္တခဏ ရပ်နားထား ရပါလိမ့်မယ်။ ကျနော့်ရဲ့ ပျက်ကွက်မှုအတွက် blog ဖော် သူငယ်ချင်းများနဲ့ blog လာရောက် ဖတ်ရှု အားပေး နေတဲ့ မိတ်ဆွေ အပေါင်းအသင်းများကို အနူးအညွှတ်တောင်းပန်အပ်ပါတယ်။
နောက်ထပ် တောင်းပန်ခြင်တာကတော့ မိတ်ဆွေ၊ အပေါင်းအသင်း တို့ရဲ့ ၀တ္တရားကို ကျနော် ပျက်ကွက်ခဲ့မိ ပါတယ်။ ဒါကတော့ ကျနော်ရဲ့ ပေါ့လျော့ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် Online မတက်ဖြစ်တဲ့ အချိန်မှာ blogger သူငယ်ချင်းများ ရဲ့ မွေးနေ့နဲ့အခြားသောအကြောင်းအရာများကို ကျနော်လုံးဝ လုံးဝ မသိလိုက်ရပါဘူး။ တစ်နေ့ကမှ ၄င်းတို့ရဲ့ Blog နဲ့ အခြားသော Blogger သူငယ်ချင်းများရဲ့ Blog တွေကို ၀င်ရောက်ဖတ်ရှုကြည့်ပြီး ကျနော့်ရဲ့ ပျက်ကွက်မှု၊ မိတ်ဆွေကောင်းမပီသမှုအတွက်တော်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ ထို မိတ်ဆွေသူငယ်ချင်းများအားလည်း ဒီပို့စ်နဲ့အတူ အနူးအညွှတ်တောင်းပန်အပ်ပါတယ်။ ၄င်း မိတ်ဆွေသူငယ်ချင်းများကတော့....
၁။ ကျနော်တို့ `ပန်းသီးငပိချက်´ လို့ နောက်ပြောင်ပြီးခေါ်တဲ့ “မအိမ့်ချမ်းမြေ့”
၂။ သူကိုယ်သူ့ Cutie pinkgold လို့ (ကျနော်တို့ကတော့ `ရွှေပန်း´ လို့ဘဲခေါ်တယ်။ :P)
အမြဲပြောပြောနေတဲ့ “မိပင့်ဂိုလ်း”
၃။ နောက်တစ်ဦးကတော့ Blog Time ဂျာနယ်ရဲ့ တာဝန်ခံ၊ အယ်ဒီတာ၊ ပင်တိုင်ဆောင်းပါရှင်
ခြူသစ်နှင့်အိုအေစစ်ပိုင်ရှင် `Mr. Pooh´ ခေါ် “မောင်ပွတ်စ်” (မြန်မာလိုခေါ်ရတာ ပိုအားရတယ်..:P)
သူငယ်ချင်းတို့ရေ...
သူငယ်ချင်းတို့ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း (၁၂၀)တိုင် ချစ်သော၊ ခင်သောသူများနှင့်သာ ပေါင်းသင်း ဆက်ဆံကြရပါစေ၊ မိမိအလိုရှိတိုင်းတောင့်တအပ်သော စည်းစိမ်ဥစ္စာ များလည်း ရရှိနိုင်ကြပါစေလို့ ကျနော် ဆုမွန်ကောင်းအား အချိန်အခါနှောင်း၍ တောင်းပေးအပ်ပါတယ်။ ဆုမွန်ကောင်းတောင်းပြီးသကာလ မွေးနေ့မှာ ကျနော် ဘာမှ မစားလိုက်ရပေမယ့်လဲ မိတ်ဆွေတို့ ၀တ္တရားရှိသည့်အတိုင်း လက်ဆောင်ပေးသင့်တယ်လို့ ယူဆ မိသည့် အတွက် တစ်ယောက်ကို တစ်ခုနှုန်းနဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ မလေးရှား ကို ရောက်ရှိခဲ့ရင် ကျနော့် Blog post ထဲက ပုံတွေကို လာရောက်တောင်းယူကြပါ။ အခု လောလော ဆယ်တော့ အွန်လိုင်းပေါ်က နေကြည့်ပြီး သွားရည် ကျသွားကြပါလို့ ထပ်မံ တောင်းပန်အပ်ပါတယ်။ ဟတ် ဟတ်.....
ကျနော် အချိန်မရတော့လို့ လက်ဆောင်တွေ လိုက်မ၀ယ်နိုင်တော့ဘူး “မညလေး” ကိုယ်တိုင်ထုပ်ထားတဲ့ လက်ဆောင်ပန်းခြင်းကို သုံးယောက်ခွဲယူလိုက်တော့ဗျာ..အပေါ်ဆုံးပုလင်းကတော့သုံးယောက်စလုံး သောက်လို့ ရပါတယ်၊ Fleur De Imperial လို့ အမည်ရတဲ့ ၀ိုင် ပုလင်းဖြစ်ပါတယ်။ Chocolate တွေရော၊ အခြား သစ်သီးခြောက်တွေရော စုပေါင်းထည့်ပြီး ထုပ်ပိုးထားတာပါ မလေးရှားကို သုံးယောက်လုံး တစ်ပြိုင်တည်း ရောက်တဲ့ အချိန်မှာ အညီအမျှ ခွဲဝေပေးပါ့မယ်။ ဟတ် ဟတ် ဟတ်...
နောက်ထပ် တောင်းပန်ခြင်တာကတော့ မိတ်ဆွေ၊ အပေါင်းအသင်း တို့ရဲ့ ၀တ္တရားကို ကျနော် ပျက်ကွက်ခဲ့မိ ပါတယ်။ ဒါကတော့ ကျနော်ရဲ့ ပေါ့လျော့ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် Online မတက်ဖြစ်တဲ့ အချိန်မှာ blogger သူငယ်ချင်းများ ရဲ့ မွေးနေ့နဲ့အခြားသောအကြောင်းအရာများကို ကျနော်လုံးဝ လုံးဝ မသိလိုက်ရပါဘူး။ တစ်နေ့ကမှ ၄င်းတို့ရဲ့ Blog နဲ့ အခြားသော Blogger သူငယ်ချင်းများရဲ့ Blog တွေကို ၀င်ရောက်ဖတ်ရှုကြည့်ပြီး ကျနော့်ရဲ့ ပျက်ကွက်မှု၊ မိတ်ဆွေကောင်းမပီသမှုအတွက်တော်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ ထို မိတ်ဆွေသူငယ်ချင်းများအားလည်း ဒီပို့စ်နဲ့အတူ အနူးအညွှတ်တောင်းပန်အပ်ပါတယ်။ ၄င်း မိတ်ဆွေသူငယ်ချင်းများကတော့....
၁။ ကျနော်တို့ `ပန်းသီးငပိချက်´ လို့ နောက်ပြောင်ပြီးခေါ်တဲ့ “မအိမ့်ချမ်းမြေ့”
၂။ သူကိုယ်သူ့ Cutie pinkgold လို့ (ကျနော်တို့ကတော့ `ရွှေပန်း´ လို့ဘဲခေါ်တယ်။ :P)
အမြဲပြောပြောနေတဲ့ “မိပင့်ဂိုလ်း”
၃။ နောက်တစ်ဦးကတော့ Blog Time ဂျာနယ်ရဲ့ တာဝန်ခံ၊ အယ်ဒီတာ၊ ပင်တိုင်ဆောင်းပါရှင်
ခြူသစ်နှင့်အိုအေစစ်ပိုင်ရှင် `Mr. Pooh´ ခေါ် “မောင်ပွတ်စ်” (မြန်မာလိုခေါ်ရတာ ပိုအားရတယ်..:P)
သူငယ်ချင်းတို့ရေ...
သူငယ်ချင်းတို့ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း (၁၂၀)တိုင် ချစ်သော၊ ခင်သောသူများနှင့်သာ ပေါင်းသင်း ဆက်ဆံကြရပါစေ၊ မိမိအလိုရှိတိုင်းတောင့်တအပ်သော စည်းစိမ်ဥစ္စာ များလည်း ရရှိနိုင်ကြပါစေလို့ ကျနော် ဆုမွန်ကောင်းအား အချိန်အခါနှောင်း၍ တောင်းပေးအပ်ပါတယ်။ ဆုမွန်ကောင်းတောင်းပြီးသကာလ မွေးနေ့မှာ ကျနော် ဘာမှ မစားလိုက်ရပေမယ့်လဲ မိတ်ဆွေတို့ ၀တ္တရားရှိသည့်အတိုင်း လက်ဆောင်ပေးသင့်တယ်လို့ ယူဆ မိသည့် အတွက် တစ်ယောက်ကို တစ်ခုနှုန်းနဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ မလေးရှား ကို ရောက်ရှိခဲ့ရင် ကျနော့် Blog post ထဲက ပုံတွေကို လာရောက်တောင်းယူကြပါ။ အခု လောလော ဆယ်တော့ အွန်လိုင်းပေါ်က နေကြည့်ပြီး သွားရည် ကျသွားကြပါလို့ ထပ်မံ တောင်းပန်အပ်ပါတယ်။ ဟတ် ဟတ်.....

2 comments:
ကိုကျော်ဇေယျရေ -
ပျက်ကွက်တယ်၊ နောက်ကျတယ်လို့ သဘောမထားပါဘူးဗျာ။ အားလုံး ကိုယ့်စီအလုပ်များနေကြတာပါပဲ။ အခုလို တကူးတက ဆုတောင်းရေးပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။ မလေးရှားကို လာလည်ပါဦးမယ်။ လက်ဆောင်လာယူမလို့လေ။
ကိုကျော်ဇေယျရေ…
ကျွန်မ နေလဲမကောင်း. နောက် တစ်ခြားကိစ္စလေးတွေနဲ့ ဒီဘက် အခုမှရောက်တာ ကျွန်မမွေးနေ့ကို အမှတ်တယ ခုလို ပိုစ်တင်ပေးထားတာ ကျေးဇူးတင်လို့မဆုံးပါ..
Post a Comment