ကျနော်တို့ရဲ့ သူငယ်ချင်း “နေဘုန်းလတ်”တစ်ယောက် အဖမ်းခံနေရတယ်လို့ အွန်လိုင်း မီဒီယာများမှာ သတင်း ပျံနှံ့လျှက် ရှိပါတယ်။ ဒီသတင်းက အတည်ပြုလို့ မရနိုင်သေးတဲ့အတွက် လူကြီးမင်းတို့ မီဒီယာများမှာ ဖော်ပြထားခြင်းအား ရပ်ဆိုင်းပေးပါရန် ကျနော် အနူးအညွှတ် တောင်းပန်လိုပါတယ်။ ဒီသတင်းအခြေအမြစ်ကို လိုက်လံစုံစမ်း လျှက်ရှိနေပြီး၊ အတည်ပြု သေချာပြီဆိုမှ ကျနော်တို့သူငယ်ချင်းအတွက် ရေးသားပေးကြပါလို့ တောင်းဆိုပါရစေ။ ကျန်တဲ့ Blogger များ လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတာလဲ မဟုတ်ပါဘူး။ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျှက် ရှိနေကြပါတယ်။ နောက်ဆုံး သတင်းအခြေအနေတွေကို အချိန်နဲ့တပြေးညီ တင်ပြ သွားနိုင်အောင် ကျနော်တို့ ကြိုးစားနေကြပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ။

No comments:
Post a Comment