January 31, 2008

``Blogger နှလုံးသား´´

ငါတို့ရဲ့အမြင်ကို
ငါတို့ရေးတယ်
ငါတို့ရဲ့အတွေးကို
ငါတို့ရေးတယ်
ငါတို့ရဲ့ ခံစားချက်ကို
ငါတို့ရေးတယ်။

ငါတို့ရဲ့နှလုံးသားမှာ
ရာဇ၀င်ကို ပြောင်းပြန်လှန်မယ့်
အတွေးမျိုးမရှိဘူး
အရေးမျိုးမရှိဘူး
ရှေးထုံးလဲ လိုက်နာတယ်
နည်းပညာကိုလဲ ခုံမင်တယ်။

ငါတို့ကို
ဘာနဲ့မှတားဆီးလို့မရနိုင်ဘူး
ငါ့တို့ရင်ထဲမှာ
စေတနာဗရပွနဲ့
ဖတ်မိသူတိုင်း
တစ်ခုခုရစေချင်တာ
Bloggerတိုင်းရဲ့နှလုံးသားပါ။

ငါတို့ရဲ့
အတွေးနဲ့အရေးကို
ဘယ်လို ခြိမ်းခြောက်မှုနဲ့မှ
ရပ်တန့်လို့မရနိုင်ဘူး
ငါတို့ရဲ့
ရဲရင့်တဲ့ နှလုံးသားတစ်စုံအတွက်
သူကောင်းပြုပေးမယ့်
စာဖတ်သူတွေရှိတယ်ဆိုတာ
မင်းတို့မြဲမြဲမှတ်ထားစေချင်တယ်။

ငါတို့နေထိုင်တဲ့ လောကရဲ့
ကောင်းဆိုးမှန်သမျှ
ငါတို့ရေးမယ်။
မတရားတာကိုရေးမယ်
တရားတာကိုရေးမယ်။
ဓမ္မကိုလည်းရေးမယ်
အဓမ္မကိုလည်းရေးမယ်။

တရားသောလက်မြဲဖို့
ငါတို့ရဲ့ရင်ဘတ်ကိုအသုံးပြု
ရဲရင့်တဲ့လက်တွေက
ပေးဆပ်မှုအတွက်
ဆက်လက်လို့ ရေးသွားဦးမယ်...။


“သူငယ်ချင်းတစ်ယောက်” အတွက်အမှတ်တရ



1 comment:

စိုးထက် - Soe Htet ! said...

သူငယ်ချင်း တစ်ယောက် အတွက် ဘလော့ဂါ နှလုံးသားနဲ့ ခံယူချက် ကဗျာ ဖတ်သွားပါတယ် ... ကောင်းတယ် ခင်ဗျ :D