June 13, 2007

KL မှာရေကြီးနေတယ်....






အမှန်ပြောရရင်တော့ ဒီသတင်းကို ကျနော်လဲ မသိပါဘူး၊ ဟိုလူက စီဘောက်မှာလာအော်၊ ဒီလူက မေးလ်နဲ့ သတင်းပေးလို့သာသိရတာ၊ ဒီမှာနေတဲ့ လူတောင် သူတို့လောက်မသိရဘူး၊ အင်းလေ အင်တာနက်ခတ်ကြီးကိုး၊ ဘယ်နေရာက ဘာသတင်းကိုသိချင်လဲ Search Engine နဲ့သာ ရှာလိုက်ပေတော့၊ ဒက်ကနဲ့ဆို တန်းခနဲရောက်ပြီးသားဘဲ ကိုယ့်ကိုကိုယ် အဲလောက် တော်မှန်းအခုမှဘဲ သတိထားမိတော့တယ် (:p)၊ ဟုတ်တယ်လေ...ဒီမှာ နေပြီး အလုပ်လုပ်နေတဲ့ သူက မသိရဘဲနဲ့တခြားနိုင်ငံကလူများပြောတော့မှဘဲ သိတော့ တယ်...ဟဲ..ဟဲ၊ အဲဒီလောက်တော်တာ ဦးစံရှားနဲ့ အမျိုးတော်တယ်ထင်တယ်၊ မျက်စိကိုဖွင့်၊ နားကို အသားကုန်စွင့်ထားတာ၊ ညဆို ဆင်အော်လို့တောင် မနိုးဘူး၊ ကဲလေ ထားလိုက်ပါ ဖော်ပြစရာရှိတဲ့ သတင်းကို အရင်ဆုံး နားသောတ ဆင်ကြည့်ကြပါဦး (အဲလေ..မြန်မာ့အသံနဲ့မှားလို့) ဖတ်ကြည့်ကြပါဦး....

ရေကြီးတဲ့နေရာက Kuala Lumpur မြို့လယ်ခေါင်မှာပါဘဲ၊ Masjid Jamek လို့ခေါ်ပါတယ်၊ ကျနော်နဲ့ ခင်မင် ရင်းနှီးတဲ့ မလိုင်အချို့ (ရွှေမြန်မာများသည် မလေးလူမျိုးများကို မလိုင်ဟုခေါ်သည်)ကို မေးကြည့်တော့၎င်း နေရာများသည်၊ ဟိုးယခင်တုန်းကတည်းက အနိမ့်ပိုင်းလယ်မြေများဆိုတော့ ရေ မကြာခဏ ဖုံးလွှမ်းလေ့ ရှိသည်တဲ့၊ အခုအချိန်မှာ မြို့ပြ အဆောက်အဦးများ ဖြစ်လာပေမယ့် လမ်းဘေး ရေစီးမြောင်းများကို လူများ အမှိုက် အဆင်မခြင် ပစ်သည့် အတွက်ကြောင့် မိုးသည်းထန်စွာရွာသွန်းသော အချိန်အခါများတွင် နှစ်စဉ်လိုလို ရေကြီးလေ့ရှိသည်တဲ့ ခင်ဗျ......

1 comment:

Hteink Min said...

Masjid Jamek မှားရေကြီးနေတယ်။ ဟားဟား ဒါ့ကြောင့် မိုးပျံရထား စောက်ထားတာဗျ. တော်သေးတာပေါ့။ ကျွန်တော်တို့ Bukit Bintang မှာ အလုပ်လုပ်တုန်းကတော့ အင်ဒိုနီးရှား လေထုညစ်ညမ်းတာကို ခံလိုက်ရပါတယ်။ ဟဲ ဟဲ နေ့တိုင်း Face Mask လေးနဲ့ အလုပ်သွားရတယ်ဗျ. Arab ကလာတဲ့ နင်ဂျာတွေလိုပေါ့။ ရေကြီးတာ Jw Marriott Hotel ပါသေးလား။ ပျောစရာကြီး ကြယ်၅ပွင့် ဟော်တယ် ရေကြီးသွားတယ်ဆိုရင်တော့ မြင်ကောင်းဦးမယ်။ Star Hill Gallery က အောက်ထပ် ၁ထပ်ရှိတယ်။ အဲဒီထဲမှာ Feast Village ဆိုပြီး ကြယ်၅ပွင့် စားသောက်ဆိုင်တွေရှိတယ်။ အဲဒီထဲကို ရေ၀င်လို့ကတော့ကွာ ကြည့်ကောင်းပါဘိ.. ဟီး