February 5, 2007

ရောက်တတ်ရာရာလေးများ(၂၁)



ပြီးခဲ့သည့် စနေနေ့က ကျနော်နေထိုင်သော နေရာနှင့် တစ်မြို့နယ်ကျော်(Subang Jaya) တွင်...
ရွှေဆိုင်ဓါးပြတိုက်မှုဖြစ်ပွားခဲ့သည်...(သေနတ်ပြတိုက်မှုဆိုလျှင်ပိုမှန်မည်..)
မလေးရှားရဲများသည် အခင်းဖြစ်ပွားပြီး (၉)နာရီကျော်အကြာတွင် တရားခံများအား ဖမ်းဆီးရမိသဖြင့်.. အလွန်ဂုဏ်ယူနေကြသည်.....တိုက်သည်ကလည်း ထိုင်းနိုင်ငံသားများ....
အမျိုးသားလေးယောက်နှင့်အမျိုးသမီးတစ်ယောက်ဖြစ်သည်...
၎င်းတို့အား..မလေးရှားနှင့်ထိုင်းနယ်စပ် တွင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။ (သုံးယောက်အား အသေဖမ်းဆီးရမိပြီး၊ နှစ်ယောက်အရှင်ဖမ်းမိသည်...)လက်မတင်ကလေးမှ..တကယ့်လက်မတင်ကလေးပါ...
နောက်ထပ် တစ်နာရီလောက်ဆိုရင်ဖြင့်...ထိုင်းနိုင်ငံထဲလွတ်မြောက်ထွက်ပြေးသွားနိုင်သည်....သတင်းများ၏အဆိုအရ..၄င်းတို့သည်..အလားတူအမှုမျိုးများ(၃)မှုလောက်(Klang, Puchong, Cheras) တို့တွင်ကျူးလွန်ပြီး..ရွှေဆိုင်လုံခြုံရေးဝန်ထမ်းများအား..သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်...
ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့်လည်း..ဖမ်းဆီးနိုင်ခြင်း..ဖြစ်ပါသည်...
ဆက်သွယ်ရေးကလည်း..အလွန်ကောင်းတာကလား....လူတစ်ယောက်လျှင်ဖုန်းတစ်လုံးလောက်ကိုင်ထားနိုင်တော့..တွေ့တဲ့မြင်တဲ့သူက..၉၉၉ ကို...ဆက်လိုက်တာချည်းပါဘဲ...လင်မယားရန်ဖြစ်တာတောင်မှ... ပတ်ဝန်းကျင်အား..ဆူညံအောင်လုပ်တယ်ဆိုပြီး..ရဲခေါ်ချင်ခေါ်တတ်သည့်..မလေးလူမျိုးများပါ...
ရဲခေါ်လိုက်လျှင်လည်း...ချက်ခြင်းရောက်လာတတ်သည်...
ဒီကရွှေဆိုင်များသည်...ကျနော်တို့..ရွှေပြည်ကြီးမှာလို့..မှန်ဘောင်များနှင့်သာ..ပြသခင်းကျင်းထားခြင်းမဟုတ်.. မှန်ဘောင်များ..သံတန်းများ...လုံခြုံရေးများ(လိုင်စင်နှင့်သေနတ်ပေးကိုင်ထားသည် ကျည်ဆန်ရှိလားမရှိလားတော့မသိ) အထပ်ထပ်ကာရံချထားပြီးမှ...ရောင်းချခြင်းဖြစ်သည်...မိမိကြည့်ချင်သည့်.. ပစ္စည်းများအား...မှန်ဘောင်၊ သံဘောင်များအတွင်း၌သာ..ကြည့်ရှုနိုင်သည်...အပြင်ပေးမထုတ်..ပိုက်ဆံရှင်းပြီးကာမှ...ပစ္စည်းအားထုတ်ပေးခြင်းဖြစ်သည်....ရွှေပြည်ကြီးမှာ..တိုက်ရင်ဖြင့်..ကူညီမယ့်သူများ..ရှိပါ့မလား..မသိ...ပြည်သူ့ရဲတပ်ဖွဲ့အားလည်းနီးစပ်ရာလမ်းဘေးဖုန်းကနေ..ပြေးဆက်မည်ဆိုလျှင်လည်း...၁၅မိနစ်လောက်တော့လမ်းလျှောက်ရမည်...အဲဒီနှုန်းလောက်ဆိုရင်ဖြင့်..ဓါးပြများသည်..လူနှစ်ယောက်လောက်အား..သတ်ပြီး..ထွက်ပြေးလောက်ပြီ...“မြန်၊ ကောင်း၊ သက်သာ” ဆက်သွယ်ရေး..စနစ်များနှင့် ဆိုလျှင်ဖြင့်...(၉)နာရီမပြောနှင့်ကျနော်တို့ ရွှေပြည်ကြီးမှပြည်သူ့ရဲများသည်....
(၉)မိနစ်အတွင်းပင်... မိအောင်ဖမ်းနိုင်လိမ့်မည်ထင်သည်......
အသေးစိတ်သိချင်လျှင်..ဒီမှာဖတ်ပါခင်ဗျာ.....

No comments: