“တောက်” တွေးမိလေတိုင်း ဒေါသက ထွက်လာသည်....
စဉ်းစားကြည့်လေဗျာ....ဒီမှာတရုတ်နှစ်ကူးလေး အလုပ်(၂)ရက်လောက်ပိတ်ပါတယ်....
(တစ်ချို့နေရာများဆို(၅)ရက်မှ(၉)ရက်အထိပိတ်သည်...)
ကိုယ်ကလဲ မရောက်ဘူးသေးတဲ့နေရာများကို ဟိုသွားမယ်၊ ဒီသွားမယ်နဲ့ စီစဉ်ထားတာဗျ....
ခုတော့ဗျာ...“အလုပ်ပိတ်တာ နိုင်ငံသားများ အတွက်သာတဲ့” ကျနော်တို့ နိုင်ငံခြားအလုပ်သမားများ မပါ...
နေရာတကာ ခွဲခြား၊ ခွဲခြား လုပ်လွန်းသည်။ ကျနော်တို့ နိုင်ငံခြားသား အလုပ်သမားများအတွက် Over Time
(၃)ဆပေး၍ အလုပ်ဆင်းရမည်တဲ့..ကောင်းပါ့ဗျာ...
အလုပ်ပိတ်ရက်ဖြစ်နေတာတောင်မှ..သူများတွေလိုသွားခွင့်၊ လာခွင့်မရှိပါ..
OT (၃)ဆ မကလို့ အဆ(၃၀)လောက် ရရ..မလုပ်ချင်တာ..အမှန်ပါခင်ဗျာ....
ဒီမှာက တခြားနိုင်ငံများလို့မဟုတ်၊ မြန်မာပြည်အခြေအနေနှင့်တော်တော်လေးကိုတူလွန်းသည်..
ကိုရွှေမြန်မာတွေဘဲများလွန်းလို့လားတော့မသိ...
အားနာလို့ လိုက်လျောရင်းနှင့်ခါးတွေပါ နာကုန်တာ ဖြစ်မည်...
နောက်လာမည့် ကိုရွှေမြန်မာများအား တစ်ခုပြောချင်ပါသည်။
မိမိက “ဆန်ပေးမှ ဆီပြန်ရ” တာပါခင်ဗျာ... မလိုအပ်ဘဲ ဘာမှ အပိုမလုပ်ပါနဲ့
မိမိလုပ်အားနှင့်တန်အောင် လုပ်ခများ သတ်မှတ်ထားပြီးသားပါ.......
4 comments:
နိုင်ငံတိုင်းတော့ အဲလို အဖြစ်တွေရှိတာပါပဲ ။ ကျွန်မအထင်တော့ အဲလိုခွဲခြားတာ မလေးရှားမှာ ပိုဆိုးပါတယ် ။ တချို့တွေ အပိုလုပ်တယ်ဆိုတာလည်း ဗမာပြည်ကို ငွေပို့နေရတဲ့သူတွေတွက် အလုပ်မဖြုတ်ခံချင်တော့ ဘော့စ်အကြိုက် လိုက်လုပ်ပေးနေရတယ် ထင်ပါတယ် ။ သီးခံခြင်းသည် အောင်နိုင်ခြင်းတဲ့ :) Though I say that to you, I am also learning to control my temper :)
သူတို့လဲ လက်တလုံးခြားလုပ်ကြတာပါဘဲ..
အဲဒါကိုမကြိုက်တာဗျ...ရှင်းရှင်းပြောရရင်
နိုင်ငံကြီးသားဆန်မှုဆိုတာ အရှေ့တောင်အာရှ နိုင်ငံများမှာ မတွေ့ရသလောက်ဘဲဗျာ.....
မိုက်ရိုင်းလိုက်တာဗျာ... Labour Law တွေဘာတွေ မရှိဘူးလား။... တော်တော်ေ-ာက်ရေးမပါတာပဲ (ကန်တော့ဗျာ..) နားလည်ပေးလို့ရတယ်.. Sigh
မိုက်ရိုင်းတာကတော့ ပြောမနေနဲ့ ကိုသန့်ဇင်ရေ...
နောက်များမှ ဘယ်လောက် ဂုတ်သွေးစုပ်တယ်ဆိုတာ.. ထပ်ရေးဦးမယ်...လောတွေလည်းရှိတယ်...
တတ်သိနားလည်လို့..လက်တလုံးခြားလုပ်တာလေဗျာ...
Post a Comment