ဒီနေ့မှလစာထုတ်သည် သူတို့နိုင်ငံသားများကတော့ NewYearပိတ်ရက်နှင့်တိုက်ဆိုင်နေသဖြင့်လစာထုတ်ရက် နောက်ကျသွားခြင်းဖြစ်သည်။ လစာထုတ်တယ်ဆိုလို့ အားရ၀မ်းသာ မြန်မာပြည်ကမိဘများကို ငွေပို့လိုက်မယ် ပေါ့ ငွေဈေးကိုကြည့်လိုက်တော့ မလေးရှား ၁ိ/-လျှင် မြန်မာငွေ ၃၅၈ိ/- ဖြစ်နေပြီ။ ကောင်းပါ သည် ဒီလောက် ဘဲ ကောင်းပါသည်။ ဒီထက်ငွေဈေးတက်ဖို့ ဆုတောင်းရလျှင်ဖြင့် ကျနော် တို့ရဲ့ အိမ်တွေကို ပိုက်ဆံတွေ အများ ကြီးရောက်ကုန်မည်။ (ရန်ကုန်မှာ ကုန်ဈေးနှုန်းတက်တော့ ထည့်မတွက်)လက်ထဲမှာ ငွေယားကလေး ရှိတယ် ဆိုတာနဲ့ ဖုန်းကဒ်လေးတစ်ကဒ် ပြေးဝယ်ပြီး ဖုန်းဆက်မယ်ပေါ့၊ အိမ်ကို ဖုန်းမဆက်တာလည်း (၁)လကျော် (၂)လနီးပါးရှိနေပြီ။ အမေလည်း တမျှော်မျှော်နဲ့ဖြစ်နေမည်စိုးသဖြင့် အပြေးအလွှား ဖုန်းကဒ်ဝယ်လိုက်သည်။ ဖုန်းကဒ် ၀ယ် ဖုန်းထဲ ပိုက်ဆံထည့်ပြီးကာမှ Message (၁)စောင်ရောက်လာသည် Message က Due to the recent earthquake in Taiwan, you may experience slower IDD Calls connection to Nepal & "Myanmar". Repair works are in progress. ဆိုတော့ စဉ်းစားသာကြည့်တော့ အပေါင်းအသင်း တို့ရေ၊ ကံမကောင်းလိုက်ပုံများ။ ဘယ်လိုခေါ်ခေါ် Connection က မကောင်းတော့ ခေါ်လို့ကို မရတော့ဘူးဗျို့..
နောက်တစ်ခု ဒီကိုရောက်ရှိ အလုပ် လုပ်ကိုင်နေကြသော ရွှေမြန်မာများ တယ်လီဖုန်း တော်တော် သုံးနိုင် ကြသည်။ လူတစ်ယောက်လျှင် တစ်လ တစ်လ ဖုန်းကဒ်သုံးလျှင် တစ်လ ကို အနည်းဆုံး မလေးငွေ 100ဖိုး နီး ပါးလောက်ဝယ်သုံးကြသည်။ ကျနော့်အမြင်နှင့်ပြောရလျှင် အဲဒီလောက်အထိမသုံးစေချင်၊ ကိုယ့်ရဲ့ ရွှေမြန်မာ ပြည်မှာ ထက်ပေါလို့ ၀ယ်သုံးတာ မှန်ပေမယ့်၊ ဒီငွေများသည် အလကားရထားသည်မဟုတ်၊ ချွေး၊ သွေး ရင်းပြီး ရှာထားရသော ငွေဖြစ်သည်။ အချိန်တန်လျှင် အိမ်ပြန်ရမည့်သူများသာ (မပြန်ဘဲ မိန်းမယူ၊ ဒီနိုင်ငံသား ခံယူမည့်သူများကို မဆိုလို)ဒီတော့ ဒီ Prepaidကဒ်များသည် မည်သို့မှ ပြန်လည်အသုံးဝင်စရာ အကြောင်းမရှိ။ ရွှေမြန်မာ(၃)ယောက်တွင်(၁)ယောက်နှုန်းလောက် ဖုန်းတစ်လုံးရှိနေလျှင် လုံလောက်ပြီ ဟု ကျနော်မြင်သည်။ မိမိ ၀ယ်သုံးလိုက်တိုင်း ဒီနိုင်ငံသားများအတွက်သာ အမြတ်ကျန်မည် မိမိ အတွက် ဘာအကျိုးမှ မရှိ။ ရန်ကုန် မှာ လို Hand Phone လေး တစ်ကိုင်ကိုင်နှင့် ဟန်ရေးပြသလိုမျိုး ဒီမှာ မလုပ်သင့်ပေ။ တော်ရုံသင့်ရုံဖုန်း အမျိုး အစား လောက်နှင့် ကျေနပ်သင့်ပါသည်။
Johor ပြည်နယ်တွင် ရေကြီးနေသည်မှာ ဒီနေ့အထိ ပြန်မကျနိုင်သေး၊ ရောက်ရှိအလုပ် လုပ်ကိုင်နေကြ သော ရွှေမြန်မာ များအတွက်သာ ဘေးမသီရန်မခပါစေကြောင်း နေတိုင်းဆုတောင်းနေမိသည်။
No comments:
Post a Comment