January 6, 2007

ရောက်တတ်ရာရာလေးများ(၅)

ကျနော် လစဉ်ရေးနိုင်အောင် ကြိုးစားရေးနေရင်းနဲ့ အကြောင်းအရာက တော်တော်လေးရှားပါလာပြီ။ ဖတ်အား၊ မှတ်အား၊ လေ့လာအား တော်တော်နည်းတာလဲပါမည်။ ဒီတော့ ကျနော်လည်အကျိုးရှိ ၀င်ဖတ်သူများလဲအကျိုး ရှိအောင် ဘာသာစကားဘက်လှည့်ရေးလျှင်ကောင်းမည်။ ကိုယ်နည်းနည်းသိတာကိုပြန်မျှဝေရလျှင်ဖြင့် သူများ လဲ အကျိုးရှိသွားမည်။ မနေ့က ကျနော်တို့ အလုပ်ကို ရွှေမြန်မာများ ထပ်ရောက်လာသည်။ မြန်မာပြည်တွင် လည်း (၇)ရက်လောက် သင်တန်း တက်လာရသည်ဟု ပြောကြသည်။ ဘာတွေဘယ်လို သင်ပေးလိုက် သည်တော့ မသိ ဒီရောက်လို့ နိုင်ငံသားများက“ထမင်း စားပြီးပြီလား”ဟု မေးသည်ကို ပင်မသိ။ သင်တန်းကြေး များလည်းပေးသွင်းရသည်ဟုပြန်ပြောကြသည်။ သင်တန်းများဖွင့်ထားသည်ဆိုလျှင်လည်း ထိထိရောက်ရောက် လေးတော့ ဖြစ်စေချင်သည်။ မတတ်တတတ်တော့မဖြစ်စေချင်ပါ။ သင်တန်းတွေဖွင့်ပိုက်ဆံရလျှင်ပြီးရော တတ်တာမတတ်တာ သူတို့အပိုင်းဆိုလျှင် ပြီးပြီးရောလုပ်သလိုဖြစ်နေမည်။ နိုင်ငံရပ်ခြားကိုထွက် အလုပ် လုပ်တော့ မည်ဆိုလျှင် အနည်းနှင့်အများ ဆိုသလို အတတ်ပညာတစ်ခုတော့ရှိသင့်သည် မရှိလျှင်သူများ နိုင်ငံတွင် အလွန်အင်မတန်မှ အောက်ကျနောက်ကျနိုင်သည်။ သူတို့နိုင်ငံသားများ မလုပ်ချင်သော အလုပ် များအား လုပ်ရတတ်ပါသည်။ ကျနော်တို့ ရွှေမြန်မာများ အနေနှင့် ပိုက်ဆံလာရှာသည်မှာတော့ မှန်သည် အဆင့် အတန်းရှိရှိတော့ဖြစ်စေချင်သည်။ ခုလည်း ဒီမှာ ကိုရွှေမြန်မာချည်းဘဲ တရားဝင် အလုပ် လုပ်နေ သည်မှာ Immegrationစစ်တမ်းအရ(၅)သိန်းကျော်ရှိသည်။ တရားမ၀င်များလည်းရှိနေသေးသည်။ မြန်မာနိုင်ငံကနေ လွယ်လွယ်ကူကူ ထွက်လို့ရနေတော့လည်း တောရောမြို့ပါမကျန် လာလိုက်ကြတဲ့ ရွှေမြန်မာများ တနင်္ဂနွေ အလုပ်ပိတ်ရက်များဆိုလျှင် ကွာလာလမ်ပူ မြို့လယ်ကောင်တွင် လူများများ မတွေ့လိုက်နှင့် အဲဒါ မြန်မာ များပါဘဲ။ အလွန်အင်မတန်မှသိသာပါသည်။ စကားကိုကျယ်ကျယ်လောင် လောင်ပြောမည်။ ကွမ်းတစ်ဖတ်ဖတ်နှင့် နေမည်။ခုနောက်ပိုင်းKLရဲများသည်လည်းတော်တော်လေး ပါးနပ် လာပါပြီ လူကိုကြည့်လိုက်ကတည်းကဘာလူ မျိုး ဆိုတာ ခွဲခြားသိလာကြသည်။ ပါးစပ်ကြည့်ကို ကြည့်လိုက်လျှင်ဘဲ သိသာပါသည်။ ကိုရွှေမြန်မာများဆိုတာ သိတာနှင့်တစ်ပြိုင်တည်း ရစ်တော့ပါတော့သည်။ ပါမစ်ရှိသူရော မရှိသူများပါ ရစ်ပါတော့သည်။ အနည်းနှင့် အများဆိုသလို လဘက်ရည်ဖိုးတော့ ပေးရတတ်သည်။ ရွှေမြန်မာများ အသွားအလာ အနေအထိုင်ဆင်ခြင် သင့်ပါသည်။ ပါမစ်ရှိသူများလည်း သူတို့ဖမ်းသွားလျှင် အလုပ်ရှင်များက လိုက်လံထုတ်ယူမှရသည်။ အလုပ်ရှင် လိုက်လံထုတ်ယူသည်တောင်မှ စာရွက်စာတမ်းမပြည့်စုံလျှင်အနည်းဆုံး သူတို့ အချုပ်ထောင်ထဲတွင်(၂)ပါတ်ကျော်လောက်ကြာတတ်ပါသည်။ အသေးအဖွဲလေးနှင့် ပြဿနာမတတ်စေချင်ပါ။
ရေးရင်းရေးရင်းနှင့်ပင်စာကြောတော်တော်ရှည်သွားပြီ နောက်ပို့စ်ကျမှဘဲ မလေးစကားနှင့်မလေးစာအကြောင်း စတော့မည်။

No comments: