ကျနော့် Blogက သူများတွေလို အစီအစဉ် တကျမရှိပါ။ လာရောက်လည်ပတ်သူများ ဟိုကြည့်ဒီကြည့် လုပ်ပြီး ဝေဖန်လျှင်တော့ တော်တော်လေးကို ခံရနိုင်သည်။ အမှန်က ကျနော်သည် Web Designer မဟုတ် Graphic Designer သာဖြစ်သည် Website နှင့်ပတ်သက် ဗဟုသုတ နကန်းတစ်လုံးတောင် နားမလည်။ Internet ကို ဟိုကြည့်ဒီကြည့်လောက်သာ နားလည်ထားသည်။ နောက် Native Myanmar Forum ကိုဝင် ဖတ်တော့မှ Bloggerများရေးထားတာ တွေ့သဖြင့် စမ်းလုပ်ကြည့်ရင်းနှင့် “ကြက်ကန်းဆန်အိုးတိုး” သွားခြင်းသာ ဖြစ်သည်။ ဒီကြားထဲ ထူးအိမ်သင် Websiteနှင့် အလုပ်များနေသော အစ်ကိုမောင်လှကို သွားသွား အနှောင့်အယှက်ပေးမိပြန်သည်။ ကျနော် စီဘောက် တင်တုန်းက Error တွေများလွန်းသဖြင့် ဘယ်လိုမှ တင်လို့မရနိုင် အဲဒါနဲ့ အစ်ကိုမောင်လှရဲ့ Blog Page ကိုဖွင့် Source ကိုဖွင့်ပြီး ဘာမှန်း ညာမှန်းမသိဘဲနှင့် copy ကူးထည့် လိုက်တာ အစ်ကိုမောင်လှရဲ့ Cbox ကြီး ကျနော့် Blog page ပေါ်ရောက် လာသည်။ ကျနော်ကတော့ တစ်ကယ် မသိ(လုံးဝ) ကို မသိ။ ဟား ဟား နာ့ Blog ပေါ်တော့ Cbox ရောက်လာ ပြီပေါ့လေ။ အပျော်ကြီး ပျော်နေတာ စာတွေဘာတွေ Testingလုပ်လိုက်ဘာလိုက်နဲ့ ကိုယ့်ဘာသာ ကိုယ်ရိုက် ပြန်ကြည့်ပြီး ၀မ်းသာလုံး ဆို့နေတာ ဟီ..ဟီ..။ ကိုယ်ရိုက်သမျှက အစ်ကိုမောင်လှရဲ့ Blog page မှာပါ ပေါ်နေ တာလုံးဝ လုံးဝကို မသိ (ဒီစာနဲ့အတူတောင်းပန်ပါတယ် အစ်ကိုမောင်လှရေ..) နောက်မှ အစ်ကို မောင်လှက Comment ပြန်တော့မှ သိရသည် (ဒါတောင် ဟ ငါ့ Blogကို အစ်ကိုမောင်လှ လာလည်တယ်ဟ”လို့ ထင်လိုက် မိသေးသည်။) အခုလဲ Blog Page Layout က လုံးဝ အဆင်မပြေသေး။ ဒီလောက်အထိ ရောက်လာတာ Native Myanmar Forumer များရဲ့ကျေးဇူးလည်းပါသည်။ နည်းနည်းလောက်နားလည်ပေးပြီး သင့်တော်သလို ဝေဖန်၊ အကြံဥာဏ်များ ပေးကြပါ အပေါင်းအသင်းများ ခင်ဗျား.........
1 comment:
ဒီလိုပါပဲဗျာ။ အစကတော့ ကျွန်တော် လည်း အဲလိုပါပဲ။ အခု ထိလည်း ကောင်း တာ လေးတွေရင် ကူးတုန်းပဲဗျ။ ဟီးဟီး။ သူတို့ ကလည်း မကူးရမနေ နိုင် အောင် ကောင်း ကြတာကိုးဗျ။ နော............
Post a Comment