အင်တာနက်လဲ ရရော တဖြောင်းဖြောင်း တဖျင်းဖျင်းဖြင့် ဘလော့ခ်ရေးချင်လာသည်။ ရေးလဲ ရေးနိုင်လိမ့်မည်ဟုထင်သည်။ လောလောဆယ်တော့ ဘာအတွေးမှ မရသေးပေ။ ထိုကြောင့် ဘလော့ခ်တွေကို လိုက်ဖတ်ဖြစ်သည်။ ကိုမျက်လုံး၏ ဘလော့ခ် ကိုရောက်တော့ ဒါတွေ တင်ထားတာတွေ့သည်။ သူကတော့ စိတ်အချဉ်ပေါက်လို့ ရေးသည်ဟု ပြောသည်။ ထို့ကြောင့် ကျနော် ဖတ်ဖြစ်သွားခဲ့သည်။ ဖတ်ပြီးလျှင် ပြီးချင်ပင် ကျနော်လဲ စိတ်အချဉ် ပေါက်သည်။ ကျနော်တို့ မြန်မာတွေ (မြန်မာတွေလို့ ပြောလို့ ရန်တွေ့လျှင်လည်း ကျနော်ခံမည်။ ကွန်မန့်မှာ လာဆဲလျှင်လည်း ကျနော်ခံမည်။ စီဗောက်တွင် လာအော်သွားလျှင်လည်း ကျနော်ခံမည်။ သို့ပေမယ့် ပြောစရာရှိတာတော့ ပြောရလိမ့်မည်။ မြန်မာ အများစု သည် သည်သို့ သည်ပုံပင် လုပ်ကြသည်ဟု ကျနော်ယူဆသည်။) တစ်နေ့ တစ်နေ့ အင်တာနက်သုံးလို့ တခြား လုပ်စရာ မရှိဘူးလားမသိပေ။ Chatting နှင့် Forward မေးလ်ပို့ခြင်းကို စွဲစွဲမြဲမြဲလုပ်ကြသည်။ စာဖတ်ခြင်းကိုတော့ ကျနော် အားပေးသည် ထောက်ခံသည်။ အွန်လိုင်းစာဖတ်သူများ အသင်းပင် ဖွဲ့ပေးလိုက်ချင်သည်။ စာဖတ်ခြင်းဖြင့် မိမိ မသိနိုင်သော အကြောင်းအရာများကို သိလာမည်။ မိမိ မသိခဲ့သော အတွေ့အကြုံများ ရလိမ့်မည်ဟု ကျနော်သိထားခဲ့သည်။ သို့သော် စာဖတ်သူချင်းတူပေမယ့် အကြိုက်ချင်းတူချင်မှ တူလိမ့်မည်။ တစ်ချို့တစ်ချို့လဲ စာကောင်းပေညွှန့် ဂန္တ၀င် စာပေများကိုသာလေ့လာဖတ်ရှုကြသည်။ တစ်ချို့လဲ ကောင်းနိုးရာရာ ဟာသစာများကိုသာ ကြိုက်ချင်ကြိုက်လိမ့်မည်။ တစ်ချို့လဲ ညစ်ညမ်းစာပေ များအား နှစ်သက် ချင် နှစ်သစ်ကြလိမ့်မည်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပင် မိမိကြိုက်ရာ မိမိလုပ်ခွင့် ရှိသည်။ ဒါပေသိ မိမိဖတ်ပြီးသော၊ ဖတ်ထားသော စာများအား တခြားသူများဖတ်စေချင်သော စေတနာဖြင့် forward ပေးတာကို သည်းခံ ပေးလို့ရသည်။ သတိထားစေချင်သည်မှာ ထိုစာသည် မိမိရေးသော စာမဖြစ်သွားစေရန်တော့လိုသည်။ ဘယ်link က ဘယ် site က ဘယ်သူ ရေးထား တာပါ ဆိုတာတော့ ထည့်ပေးစေချင်သည်။ အခုတော့ ကလိန်ခြုံများက အင်တာနက်ပေါ်တွင် အလကားရသော Ning များ၊ blogများ၊ တခြား social site တွင် ပြန်တင်လိုတင်။ သူပဲ ရေးထား သလိုလို forward မေးလ် ပို့တတ်သည်။ စိတ်ပျက်သည်။ စိတ်အချည် ပေါက်သည်။ စိတ်လေသည်။ စိတ်တိုင်းမကျဖြစ်ရသည်။ စိတ်စနိုးစနှောင့်ဖြစ်ခဲ့ရသည်။
ကိုမျက်လုံး google search engine တွင်ရှာထားသဖြင့် ကျနော်သိလိုက်ရသည်။ သိစေရန် link ထပ်ပေး လိုက်ရပါသည်။ ကဲ ဒီမှာ ကြည့်!!!!!!
ကိုမျက်လုံး google search engine တွင်ရှာထားသဖြင့် ကျနော်သိလိုက်ရသည်။ သိစေရန် link ထပ်ပေး လိုက်ရပါသည်။ ကဲ ဒီမှာ ကြည့်!!!!!!

No comments:
Post a Comment