မနက်အစောကြီး အိပ်ရာ နိုးတော့ ထူးထူးဆန်းဆန်း အိမ်ကို သတင်းစာ အစောကြီး ရောက်နေတယ်။ ဒီကနေ့ ကျမှ သတင်းစာက ဘာဖြစ်လို့
အစောကြီးရောက်တယ် ဆိုတာ မစဉ်းစား တတ်လောက်အောင်ပဲ။ ခါတိုင်းဆို သတင်းစာက နေ့လည် ထမင်းစားချိန်မှ ရောက်နေကျ။ ဒီနေ့တော့
မနက်စာ ကော်ဖီချိန်မှာ ရောက်လာတယ်။ ကျက်သရေမင်္ဂလာ ရှိလေစွ။ ဒီနှုန်းအတိုင်းသာ ဆက်သွားရင် နိုင်ငံပိုင် သတင်းစာ စောင်ရေတိုးမှာ
သေချာတယ်....(မထင်..ဟင် ဟင် ဟင် ဟင်)။ မျက်နှာဖုံး သတင်းမှာတင် အကျဉ်းသား 7000 ကျော်လွှတ်လိုက်တယ်တဲ့။ မင်္ဂလာအပေါင်း ခညောင်းလေစွ။ ဒါပေမယ့် ကျနော်မျှော်နေတဲ့သူတော့ ပါမလာဘူး။ သူငယ်ချင်း မင်းက တော်တော် ကံဆိုးလှချည်လားကွာ။ ငါ့စိတ်ထဲမှာ မင်းပါမယ် ထင်လို့ အင်တာနက်ကို အသည်းအသန်သုံး မင်းပြန်လွတ်တဲ့သတင်းများ အွန်လိုင်း မီဒီယာ တစ်ခုခု ကများ ရေးမလားလို့ ရှာလိုက်ရတာ ဆိုတာ ညသာ 11 နာရီ ထိုးတယ် မင်း နဲ့ပါတ်သက်တဲ့ သတင်းကတော့ တိတ်ဆိတ် ငြိမ်သက်နေဆဲ ပဲ သူငယ်ချင်း။ မင်းလွတ်လာမယ့် ရက်ကို ငါတို့ မျှော်နေတယ် သူငယ်ချင်း။ ငါတို့ရင်ထဲမှာ မင်းကိုယ် အစဉ်အမြဲ သတိရနေဆဲပါကွာ..........
No comments:
Post a Comment