June 29, 2009

H1N1 ရောဂါ မြန်မာပြည်တွင် စတင်တွေ့ရှိ

မနေ့က သတင်းစာဖတ်မိတော့ မြန်မာပြည်မှာ H1N1 ရောဂါပိုးကို စတင်တွေ့ရှိပြီလို့ သတင်းထုတ်ပြန်ပါတယ်။ ကျနော့် အထင်ကတော့ ရောက်နေတာက ကြာပြီထင်တာပဲ။ အရာရာကို နောက်ကျပြီးမှ သိခွင့်ရနေကြ သဘော သဘာဝ အတိုင်း အခုမှ သတင်းထုတ်ပြန်တာလို့ ယူဆတယ်။ အင်းလေ သူတို့လဲ ခေတ်မီ ချင်ရှာမှာပေါ့ ဟုတ်တယ် မဟုတ်လား အရှေ့တောင်အာရှ နိုင်ငံ တော်တော်များများမှာ ရောဂါပိုး က ရောက်နေပြီဆိုတော့ သူတို့လဲ မကြေငြာလို့ ဘယ်မှာ ရတော့မှာလဲ။ ကျနော်တို့ မြန်မာပြည်သားတွေက ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံကိုယ် တော်တော်များများ အကူးအသန်းအသွားအလာ ရှိတော့ ရောဂါပိုးက မကူးစက် နိုင်ဘူးလို့ ဘယ်မှာ ပြောလို့ ရမှာလဲ။ ရောက်နေတာကြာလောက်ပြီထင်တာပဲ။ ရောဂါကတော့ ရောက်နေပြီ နောက်ထပ် နောက်ထပ် မပြန်ပွားအောင် အရာရာကို သတိရှိရှိ နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လိုလာပြီ။ တစ်ဦးချင်း အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကိုယ် ဂရုစိုက်ရမယ်။ လူထူထပ်တဲ့ နေရာတွေကို သွားလာတာ မျိုးကို အတတ်နိုင်ဆုံးရှောင်ရမယ်။ ပြီးတော့ မဖြစ်မနေ သွားရမယ် ဆိုရင်လဲ အကာအကွယ် သဘောမျိုး မျက်နှာဖုံးတွေ တပ်ဆင်ကြဖို့ နိုးဆော်ချင်ပါတယ်။ ပြီးတော့ မျက်နှာဖုံးတွေ ဈေးတွေ တက်သွားတယ်ဗျ။ အရင်က တစ်ရာရောင်းတဲ့ ဟာက အခု နှစ်ရာ ဖြစ်သွားပြီ။ အင်းလေ ၀ိသမ လောဘသားတွေ ကိုးဗျ။ ဘယ်တတ်နိုင်မှာလဲ။ ကျနော့် အနေနဲ့ ပညာပေးမှုအပိုင်းတွေ များများလိုလာပြီလို့ ယူဆတယ်ဗျာ။ အရာရာကို ပေါ့ပေါ့တန်တန် သဘောထားမှာ စိုးလို့ပါ။ အရင်တုန်းက ဒီရောဂါဟာ ကမ္ဘာ့လူဦးရေ တော်တော်များများကို မရဏတိုင်းပြည်ဆီကို စွဲခေါ်သွားဘူးတော့ အသိပညာပေး အပိုင်း မှာ အားနည်းလွန်းတဲ့ အကြောင်းကြောင့် ထင်မြင်ယူဆမိတာပဲ။ အဲဒီ့တော့ Goverment အနေနဲ့ပဲ ဖြစ်ဖြစ် NGO အဖွဲ့များ အနေနဲ့ပဲ ဖြစ်ဖြစ်။ အခြား လူမှုရေး အသင်းအဖွဲ့များ အနေနဲ့ တစ်နိုင်တစ်ပိုင် ကာကွယ်ရေး လုပ်ငန်းလေးတွေ လိုအပ်လျှက် ရှိပါတယ်။ Mask များကို စုပေါင်းပြီး ဝေငှလှူဒါန်းမယ် ဆိုရင် အတိုင်းထက်အလွန် ဖြစ်မှာ အမှန်ပဲ..........။



No comments: