June 23, 2009

23.6.2009 Diary

ဘလော့ခ် မရေးဖြစ်တာ ကြာပြီ။ ဒီနေ့ ရေးမယ် ကြံတော့ ဘာရေးလို့ ရေးရမှန်းကို မသိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ကင်မရာ ထဲက ဓါတ်ပုံလေးတွေ တင်မယ် လုပ်တော့ ကင်မရာက အိမ်မှာ မေ့ကျန်ခဲ့တယ်။ အရာရာကို အလေးအနက် မထားပဲ အလွဲလွဲ အချော်ချော် ဖြစ်နေတာများပြီ။ စိတ်လေတယ်။ ကဲ ရှုပ်တယ်ကွာ ဘလော့ခ် နာမည်ကိုယ်က “ရောက်တတ်ရာရာ”လေ ရေးချင်ရာပဲ ရေးတော့မယ်။

ရန်ကုန်မြို့ ကြီးမှာ ကားမောင်းရတာ တကယ့်ကို မလွယ်ဘူး။ ယာဉ်မောင်းတွေ စည်းကမ်း မရှိဘူး။ လမ်းဘေး ဈေးသည်တွေ စည်းကမ်းမရှိဘူး။ လမ်းလျှောက်တဲ့ လူတွေလည်းပဲ စည်းကမ်းမရှိဘူး။ ရပ်ချင်တဲ့ နေရာရပ်၊ ကျော်ချင်သလိုကျော်၊ ရောင်းချင်တဲ့နေရာ ချရောင်း၊ လျှောက်ချင်တဲ့ နေရာက လျှောက်ကြနဲ့ တော်တော့်ကိုယ် စိတ်ပျက်ဖို့ ကောင်းတယ်။ သည်းမခံနိုင်ရင်တော့ လူသတ်ပွဲတွေတော်တော်များများ ဖြစ်ကြမှာ ကျိန်းသေတယ်။ အင်း တစ်မျိုးတော့ စဉ်းစားဖို့ ကောင်းသား၊ သည်းခံခြင်းတရား၊ ရောင့်ရဲခြင်းတရားတွေနဲ့ ပြည့်စုံနေတဲ့ လူမျိုးလား။ ဒါမှ မဟုတ် မတိုးတက်တာကိုပဲ အပြစ်မမြင်တော့ပဲ ပျော်သလို၊ နေသာသလိုပဲ နေကြတော့မယ်နဲ့ တူပါရဲ့။ ကားလမ်းတွေကလည်း ဆိုးလိုက်တာ ဆိုတာ။ လမ်းမကြီးတွေလဲ ဆိုးတာပဲ။ လမ်းသွယ်တွေလဲ ဆိုးတာပဲ ချိုင့်တွေ ခွက်တွေနဲ့ ကမ္ဘာလောကကြီးနာမည်က မြန်မာပြည်ရောက်မှပဲ ပျက်တော့တယ် “လကမ္ဘာကျနေတာ ပဲတဲ့” ကဲ သူငယ်ချင်းတွေ ခေါ်နေလို့ နောက်မှ ဆက်ရေးမယ်ဗျာ။ သွားလိုက်ဦးမယ်.........

No comments: