April 30, 2009

ဝက်တုပ်ကွေး

ကြက်တုပ်ကွေး၊ ငှက်တုပ်ကွေး၊ အခုလာပြန်ပြီ ဘာတဲ့ ၀က်တုပ်ကွေး တဲ့ဗျ၊ ကျနော်တို့ နေထိုင်ရာ ကမ္ဘာလောကကြီးလည်း ရောကန္တရ ကပ်ကြီး ဆိုက်နေပြီလားမသိဘူး။ ကြက်/ငှက် တုပ်ကွေးကဲ့သို့ပဲ လူတွေကို အကူးအစက်မြန်သတဲ့ဗျ။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရတော့ ထိုင်းနိုင်ငံမှာတောင် အကူးစက်ခံ နေရပြီဆိုပဲ။ ထိုင်းကို ရောက်ပြီ ဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ မြန်မာပြည်ကို ရောက်ဖို့ ကျိန်းသေနေပြီ။ ကျန်းမာရေး နဲ့ လူမှုဝန်ထမ်း တို့က အဆင်သင့် ပြင်ဆင်ထားသင့်ပြီ။ ကျနော် ဒီနေ့ ထုတ် သတင်းစာ ကို ဖတ်ကြည့်တော့ ရောဂါပိုးကို စမ်း သပ်ပေးနိုင်တဲ့ ဓါတ်ခွဲခန်းက တစ်ခုပဲ ရှိတယ်တဲ့။ ကူးစက်ခံရတဲ့ ဝေဒနာ ရှင်တွေကို တော့ ဝေဘာဂီမှာ ရှိတဲ့ ကူးစက် ရောဂါကု ဆေးရုံကြီးကို တင်ပို့ကုသမှု ခံယူစေမယ်။

တစ်လော လေးကလည်း ၀မ်းရောဂါ ကို မြန်မာပြည်မှာ ရှိတဲ့ မြို့နယ် (၃) မြို့နယ်လောက် အပြင်းအထန် ခံစား လိုက်ရတယ်။ State media တွေကတော့ တရားဝင် မကြေငြာပါဘူး။ ဒါကလည်း ထုံးစံလို ဖြစ်နေပါပြီ။ ရန်ကုန်မြို့က သာကေတမြို့နယ် နဲ့ ဒေါပုံ မြို့နယ်။ ပခုက္ကူ တို့မှာ ကာလ ၀မ်းရောဂါကို တော်တော်လေး ခံလိုက်ရတယ်။ အသေအပျောက်တောင် ရှိတယ်လို့ ကြားတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာတော့ သေသေချာ ချာ စစ်တမ်း မကောက်လိုက်ကြရလို့ မသိလိုက်ကြဘူး ကျနော့် အထင်တော့ အနည်းဆုံး ဆယ်ဂဏန်းရှိမယ်။

အခုလဲ အပူဒဏ်ကို ခံစားနေကြရပါပြီ။ ကြီး/ငယ် မဟူ ပေါ့ဗျာ အပူရှပ် မယ်နော် :P။ အဲဒီတော့ဗျာ သတင်းစာတွေမှာ ရောဂါ ကာကွယ်ရေး နိုးဆော်ချက် တွေနဲ့ အပူဒဏ် ကာကွယ်ရေး နိုးဆော်ချက်တွေ ပါတယ်။ သေသေချာချာ လိုက်နာသင့်တယ်လို့ ထင်တယ်။ လူ့ အသက်တစ်ချောင်းက အရေးကြီးတယ် မဟုတ်လားဗျ။

No comments: