April 20, 2009

ဒုက္ခ...ဒုက္ခ

အင်တာနက်က ကောင်းသလိုလို မကောင်းသလိုလို၊ ဘယ် Proxy ကိုမှ သုံးလို့ မရတော့ဘူး။ ဘလော့ခ် ဖတ်ချင်တာလေးတွေကို Google Reader လေးသုံးပြီး ဖတ်နေရတယ်။ Standard နဲ့ Banned နဲ့ တွေ့နေ ကြပြီ ထင်ပါ့။ သင်္ကြန်တော့ မလည်ပေါင် ဒါပေမယ့် အမြတ်များထွက်မလားလို့ ဈေးရောင်းမိပါတယ် အမြတ်မရတဲ့ အပြင် အရင်းကိုပါ ပြန်စိုက်နေရသေးတယ်။ လူလဲ နေပူလိုက် မိုးရွာလိုက်ထဲမှာ ရေခဲရေတွေ နင်းကန်သောက်လို့ ပါးစပ်မှာ အပူနာတွေထွက်၊ အပူဝမ်းတွေသွားနဲ့ ပန်းဖျားက ဖျားလိုက်သေးတယ်။ တော်သေးတာပေါ့ ဗိုက်ကလေးက ပူ ဖြစ်မသွားတာ။ သင်္ကြန်မှာတော့ အဖြစ်ဆန်း တွေနဲ့ ချည်းပဲ ကြုံတွေ့ ခဲ့ရတယ်။ ``ကြုံပလွေ ဗုံဗွေ ဆုံပလေ´´ ပေါ့ဗျာ။ ကျနော်က ကန်တော်ကြီးပါတ်လမ်းနဲ့ဦးထွန်းမြတ်လမ်းထောင့်မှာ ဆိုင်ဖွင့်တယ်။ မူးယစ်ဆေးဝါး အကုန်ရောင်းတယ်။ ဟဲ ဟဲမူးယစ် ဆေးဝါး ဆိုလို့ ဘိန်းဖြူတို့၊ No 4 တို့ ဆေးခြောက်တို့ မထင်နဲ့ဦး မူးယစ်စေတတ်တဲ့ အရာဖြစ်တဲ့ အရက်၊ ဘီယာရယ်၊ ဆေးဖြစ်တဲ့ ဆေးလိပ်ရယ် ၀ါး ဖြစ်တဲ့ ကွမ်းယာရယ် ကို ပြောတာပါ။ တစ်မျိုး မထင်ပါနဲ့ ဘိန်းဘိန်းတွေ သာ သင်္ကြန်တွင်း ရောင်းလိုက်ရရင် ဦးခွန်ဆာ ထက်တောင် ချမ်းသာသွားဦးမယ်။ သင်္ကြန်မှာ ကျနော့် အမြင်တော့ ကိုကိုတွေလဲ ကဲတာပဲ၊ မမတွေလဲ ကဲတာပဲ။ ဒါပေမယ့် မမတွေက ပိုကဲမယ် ထင်တယ်။ ကိုကိုတွေက ကဲချင်ရင် နိုက်ကလပ်တို့ ကာရာအိုကေတို့ ဘာတို့ ရှိတော့ အိမ်သူသက်ထားများရှေ့မှာ အိမ်ဒေရေ သိပ်ခါ တစ်ခွဲသားနဲ့ပေါ့ (သည်းခံတော်မူကြပါ စားလုံးပေါင်းအမှားကို တမင်ရေးတာပါ)။ မမတို့ ကတော့ နိုက်ကလပ် မသွားခဲ့ရသမျှ သင်္ကြန်မှာ အတိုးချပြီးတော့ ကဲသလားလို့တောင်ထင်ရတယ်။ ကျနော့် မျက်စိ ရှေ့မှာတင် မမ တစ်ယောက်ဆို အာဘွားတွေ ပေးလိုက်တာ များ ဆိုတာ ကိုယ့်ကားပေါ်က ယောက်ျားတွေတောင် အားမရလို့ ထင်ပါ့ဗျာ လမ်းပေါ်မှာ လမ်းသလားနေတဲ့ ယောက်ျားတွေကိုတောင် ခေါ်ပြီး အာဘွားလုပ်လိုက်သေးတယ်။ အမြင်မတော် ဆင်တော်နဲ့ ခလောက် ဆိုသလို ကျနော်လဲ သေသေချာချာ ကြည့်ပေးလိုက်ပါတယ်။ ဒါတောင် ကင်မရာ မပါလို့ ပါများ ပါခဲ့ရင် သေသေချာချာ မှတ်တမ်းတင်လို့ ကျနော့် ဘလော့ခ် ဖတ် ပရိတ်သက်ကြီး အတွက် အမြင်ဆန်း သွားအောင် တင်ပေးလိုက်ချင်တယ်။ နောက် မမတစ်ယောက်က ``ကိုကို ရေ ချမ်းတယ်ကွယ် အချမ်းပြေလေးများ မရှိဘူးလား ဆိုတော့ ဘေးနားမှာ ပါလာတဲ့ ကိုကိုက ဘီယာလား ဆိုတော့ မဟုတ်ဘူး အရက်တဲ့။´´ အဲဒါကြောင့် ပြောပါတယ် ကိုရီးယား ကားတွေ ဘာသာ သိပ်မပြန်ကြပါနဲ့လို့ အခုခေတ်က မိန်းမတွေ အရက်သောက်တာ သိပ်မဆန်းတော့ သလိုပဲ။ သောက်တာလဲ သောက်ကြပေါ့ဗျာ ခင်ဗျားတို့ မှာ တန်းတူ အခွင့်အရေး ရှိကြပါတယ်။ ဒါပေမယ့် သောက်ပြီးရင်တော့ သိပ်မရမ်းကြနဲ့ ဗျာတို့လို့ တိုက်တွန်း ပါရစေဗျာ။ ခင်ဗျားတို့ ရမ်းရင် ၀တ်ထားတဲ့ စကတ်တွေက လေထဲမှာ လွင့်ခနဲ့ လွင့်ခနဲ့ ဆိုတော့ မြင်ရတာ သိပ်မကောင်းလွန်းလို့ပါ။ သြော်.....ဒုက္ခ.......ဒုက္ခ

No comments: