ဆားချက်တယ်လို့ပဲ ပြောပြော၊ ပို့စ်ရေးစရာမရှိလို့ အကြောင်းရှာတယ်လို့ပဲ ထင်ချင်ထင်။ ဒါမျိုးက ရတောင့်ရခဲ့ အခွင့်အရေးတစ်ခု။ ဟုတ်တယ် ကျနော်တို့ ပထမဦးဆုံ အကြိမ် ဘလော့ခ်စီမီနာ မတိုင်ခင်တုန်းက ဘလော့ခ်ဂါ တွေစုပေါင်းပြီးတော့ ၀တ္ထုရှည်ကြီးတစ်ပုဒ်ကို ရေးခဲ့ကြဘူးတယ်။ အသီးသီးလက်စွမ်းတွေ ပြထားလိုက်တာ ဆိုတာဗျာ ကောင်းမှကောင်းပဲ။ တစ်ခါမှ မကြုံဘူး၊ ဘယ်သူမှ မရေးခဲ့ကြဘူးတဲ့ ဘလော့ခ်ဂါတွေ စုပေါင်းပြီး ဘလော့ခ်ဂါများနှင့်စပိတ်တစ်ဖဲတစ်ချက်၏လျို့ဝှက်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့ကြတယ်။
မပန်ဒိုရာ ရဲ့ခံစားချက်ပို့စ်ကိုကူးယူဖော်ပြပါတယ်။ အဟောင်းတွေ အသစ်ဖြစ်တယ်လို့ပြောရင်လည်း ပျော်ရွှင်စရာ အဟောင်းတွေမို့ ခွင့်လွှတ်နိုင်မယ် ထင်ပါရဲ့လေ။ ဘလော့ဂ် စရေးကာစ ဘလော့ဂါတွေ သိပ်မများသေးခင်မှာ အားလုံးစုရေးကြတဲ့ ၀တ္တုတစ်ပုဒ် ရှိခဲ့တယ်။ အဲဒီအချိန်က ဘလော့ဂါ စာအုပ်ထုတ်ဖို့ လုံးပန်းနေချိန်။ တနေ့တနေ့ ဂျစ်တူးရဲ့ ဘလော့ဂ်မှာ တင်ထားတဲ့ အဲဒီ ပို့စ်ကို ဘယ်သူများ ဘာရေးသွားလဲလို့ သွားသွားကြည့်ရတာ အမော။ ဆီပုံးထဲလည်း စည်စည်ကားကား။ ပျော်ပျော်ပါးပါး။
တစ်နှစ်တောင်မပြည့်သေးတဲ့ အချိန်ကာလက ပြန်စဉ်းစားရင်း မနေ့တနေ့ကလိုပါပဲ။ ဒါပေမယ့် အဲဒီအတွင်းမှာ အများကြီး ပြောင်းသွားခဲ့ပြီ။ သမိုင်းဝင် အဖြစ်အပျက်ကြီး တစ်ခုနဲ့ မေ့မရနိုင်မယ့် နာကျင်မှုတွေကို မျှဝေခံစားခဲ့ရပြီ။ ဒီကြားထဲမှာ တချို့တွေအတွက်တော့ ချိုသလား ခါးသလား သိနိုင်အောင် လုံလောက်တဲ့ ကြာကြာဝါးချိန် တစ်ခုလည်း ရခဲ့ပြီ ဆိုပါတော့။ အပြစ်ကင်းစွာ ဒဏ်ရာကင်းစွာ ဖြူစင် ရယ်မောခဲ့ကြတဲ့ အချိန်တွေ ပြန်မရနိုင်တော့ဘူး။
အခုတော့ ဘလော့ဂါအသစ်တွေ အများကြီး ပေါ်လာခဲ့ပါပြီ။ မဖတ်ရသေးသူများအတွက် ဘလော့ဂါများ စုပေါင်းရေးခဲ့ကြတဲ့ ၀တ္တုလေးကို ဂျစ်တူးရဲ့ ဘလော့ဂ်ကနေ ပြန်လည်တူးဆွပြီး ဖော်ပြလိုက်ပါတယ်။
ကျနော်အဲဒါကို အတုယူပြီးတော့ စင်္ကာပူရောက်မြန်မာဘလော့ဂ်များ တွေ့ဆုံခြင်း အထိမ်းအမှတ် အဖြစ် မနေ့ကပွဲ အဆုံးသတ် ခါနီးမှာ သူငယ်ချင်းတွေ ကစားခဲ့ကြတဲ့ ကစားနည်းကို သတိရလို့ အဲဒါကို ဘလော့ခ်မှာ အမှတ်တရ အဖြစ်တင်ချင်စိတ် ကြောင့် ကျနော် စီစဉ်ရခြင်းဖြစ်ပါတယ်။ ကဲ မနေ့က ဆုံတွေ့ခဲ့ကြတဲ့ သူငယ်ချင်းတို့ မှတ်မိ ကြမယ် ထင်ပါတယ်။ ကျနော်တို့ (တီတီ၊တူတူ) မကစားခင် မိုးကလည်း ကောင်းတုန်း၊ တစ်ယောက်မှလဲ ပြန်ချင်စိတ်မရှိသေးတဲ့ အချိန်မှာ မဗေဒါ စလိုက်တဲ့ တစ်ယောက်ပြောခဲ့တဲ့ ပုံပြင်လေးကို တစ်ယောက်က လိုက်ပြီးဆက်ပြောပေးရတဲ့ ကစားနည်းလေးကို ကျနော့်ရဲ့ ဘလော့ခ်မှာ အမှတ်တရအဖြစ်နဲ့ တင်ချင်ပါတယ်။ သူငယ်ချင်းတို့ကလည်း အမှတ်တရအနေနဲ့ ရေးပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
မနေ့က ကြွရောက်ခဲ့ ကြသူများရော၊ အဆင်မသင့်လို့ မလာရောက်နိုင်တဲ့သူများရော၊ အနယ်နယ် အရပ်ရပ်မှာ ရှိနေကြတဲ့ ဘလော့ခ်ဂါ သူငယ်ချင်းများ၊ ဘလော့ခ်ဖတ်သူ ရီဒါများပါ ပါဝင်ရေးသားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။ အားလုံးသော သူငယ်ချင်းများက ဒီပို့စ်ရဲ့ ကွန်မန့်မှာ ရေးပေးသွားကြပါ။ တစ်ယောက်ရဲ့ ကွန်မန့်ကို တစ်ယောက်က သေသေချာချာ ဖတ်ပြီး ဇာတ်လမ်း ကြောင်းကျိုး ညီညွတ်အောင် ဆက်လက်ရေးသား ပေးလိမ့် မယ်လို့ မျှော်လင့်ပါတယ်။ ကွန်မန့်များကို ကျနော်မှ ရေးသားသူရဲ့ အမည်နဲ့တကွ နေ့စဉ် မှတ်တမ်းတင် ဖော်ပြ ပေးသွားပါ့မယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

မှတ်ချက်
တစ်ယောက်က ဇာတ်လမ်းစကြောင်းပေးလိုက်တာကို ကြောင်းကျိုးညီညွတ်စွာ စဉ်းစားပြီး ဇာတ်လမ်း ဇာတ်ကွက် ချိတ်ဆက် ပေးသွားကြဖို့ အထူးမေတ္တာရပ်ခံ ပါရစေခင်ဗျာ။ အမှတ်တရဆိုပေမယ့်လို့ တစ်ယောက်က တစ်မျိုး၊ နောက်တစ်ယောက်က တစ်မျိုးဆိုရင် ဇာတ်ပေါကြီး ဖြစ်သွားနိုင်လို့ပါ။
ဘလော့ခ်ဂါတို့ပြောသောပုံပြင်
Once upon a time ပေါ့နော်။ အင်မတန်မှ သာယာဝပြောတဲ့ တိုင်းပြည်တစ်ပြည်မှာ
ကြီမားကျယ်ဝန်းတဲ့ပန်းဥယျာဉ်ကြီးတစ်ခုရှိတယ်တဲ့။
အဲဒီဥယျာဉ်ကြီးထဲမှာ ချောမောလှပတဲ့မင်းသားနဲ့မင်းသမီးတို့က ပျော်မြူးနေကြလေသတဲ့ကွယ်။
မင်းသားလေးက ဥယျာဉ်ထဲက အလှဆုံးပန်းလေးကိုခူးပြီး မင်းသမီးလေးကိုပေးလိုက်တယ်..
မင်းသမီးလေးက နမ်းလိုက်တဲ့ အချိန်မှာ အထဲက အကောင်ကိုက်ပြီ... သတိမေ့သွားပါလေရော..
မင်းသမီးလေး မေ့လဲ သွားတဲ့အချိန်မှာ ဘာကောင်ကိုက်တယ် မသိလိုက်တဲ့ မင်းသားလေးက
ဘေးဘီကို စူးစမ်းတဲ့ အကြည့်နဲ့အမြန်ဆုံး မျက်လုံးဝေ့ကြည့်လိုက်တဲ့ အချိန်..........
ပန်းခြံနဲ့ မနီးမဝေးက မြင်းဟီသံကို ကြားလိုက်ရတယ်။
အဲဒီ့မြင်းက မင်းသားလေးရဲ့ မြင်းဖြူကြီးဖြစ်တယ်တဲ့။
ဒါနဲ့ မင်းသားလေးက မင်းသမီးလေးကို အဲဒီ့မြင်းဖြူကြီးပေါ်ကိုတင်ပြီး
သူ့ရဲ့ ဆရာ မှော်ဆရာကြီးဆီကို ခေါ်ဆောင်သွားသတဲ့ကွယ်။
အဲဒီမှော်ဆရာကြီဆီကိုရောက်တော့ မင်းသမီးလေး အသက်ကိုကယ်ဖို့ အစွမ်းထက်တဲ့ ပန်းသီးတလုံးလိုသတဲ့..ကွယ်။
အဲဒီ့ပန်းသီးဟာ ဘီလူးတွေနေထိုင်တဲ့ တိုင်းပြည်မှာပဲ ရှိသတဲ့ကွယ်။
ထိုပန်းသီးကို စားမှသာလျှင် မေ့မျောနေတဲ့ မင်းသမီးလေး သတိပြန်ရနိုင်မယ်လို့
မှော်ဆရာကြီးက မင်းသားလေးကို ပြောသတဲ့...
ဒါကြောင့်မို့ မင်းသားလေးဟာ မင်းသမီးလေးကို မှော်ဆရာကြီဆီမှာ ထားခဲ့ ပြီး မှော်ပန်းသီးရှိရာ ဘီလူးတို့တိုင်းပြည်ကို မြင်းဖြူကြီးကို စီးကာထွက်ခဲ့သတဲ့။ တနေရာရောက် တော့ မင်းသားလေးဟာ ချောင်းကိုဖြတ်ကူးမလိုကမ်းစပ်ရောက်တုန်း အသံတစ်ခုကြားသတဲ့။ မင်းသားလေးဟာလှည့်ကြည်လိုက် တော့ ချောင်းကို ဖြတ်ကူးချင်တဲ့ ယုန်ငယ်လေးတစ်ကောင်ကို တွေသတဲ့။ ယုန်လေးက မင်းသားလေးကို သူချောင်းတစ်ဖက်ကမ်းကို ကူးချင်ကြောင်းပြောတယ်။ အဲဒီတော့ စိတ်ကောင်းရှိတဲ့ မင်းသားလေး ဟာ ယုန်ငယ်လေးကို ပွေ့ချီပြီး ချောင်းကို ဖြတ်ကူးသတဲ့။
မင်းသားလေး ဖြတ်ကူးရတဲချောင်းဟာ ရေစီးကြမ်းပြီး သာမန်လူသားအနေနဲ့အတိမ်အနက် ခန့်မှန်း ရခက်တဲ့ ချောင်းတစ်ခုဖြစ်လို့မင်းသားလေးဟာ ခက်ခက်ခဲခဲ ကူးဖြတ်ခဲ့ရတယ်။
မြင်းဖြူကြီးဟာလည်း အင်မတန်မှ သန်မာပြီး မင်းသားလေးကြိုးပေးတဲ့ လမ်းကြောင်း အတိုင်း ကူးခတ်တယ်။
ဒီလိုနဲ့ ချောင်းတစ်ဖက်ကမ်းကို ရောက်ကြ တဲ့အခါမှာ မင်းသားလေးလည်း ကိုယ့်ခရီးကို ဆက်ရမှာမို့ ယုန်လေးကိုထားခဲ့ပြီး ရှေ့ဆက် ခရီးနှင်ဖို့ ပြင်တော့တာပေါ့
အဲဒီအချိန်မှာ ယုန်ကလေး ဟာ.မင်းသားလေးကို ပြောပါတယ်… အသင်လူသား အသင့်ရဲ့ကျေးဇူးကြောင့် ကျွန်ုပ် စိတ်ကူးများ လက်တွေ့ အကောင်ထည်ပေါ်လာခဲ့ပါတယ်
အသင့်ကိုကျေးဇူးဆပ်တဲ့အနေနဲ့နောင်အခါ .အသင်လူသား အရေးတကြီး အကူညီလိုအပ် တဲ့အချိန် စိတ်ထဲကနေ အကျွန်ုပ်ကို တလိုက်ပါ။
အကျွန်ုပ် မဆိုင်းမတွ အသင့်ရှေ့ကို ရောက်လာ ခဲ့ပါ့မယ်..အဲဒီလို ယုန်လေးက ကတိပေးပြီးနောက်
မင်းသားလေးကလည်း..ကောင်းလှပါပြီ .. အသင်ယုန်ကလေး ..လို့ ပြန်လည်ပြောဆိုကာ..
မှော်ပန်းသီးရှိရာ ဘီလူးတို့တိုင်းပြည်ကို ခရီးဆက်ထွက်လာခဲ့သတဲ့ကွယ်.

18 comments:
ကဲ .. သွန်းကအရင် ပုံပြင်စပြောတဲ့သူဆိုတော့ အခုလည်း သွန်းပဲ စလိုက်ပြီနော်။
Once upon a time ပေါ့နော်။ လေတွေမိုးတွေသည်းနေတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာတဲ့......
ဟိ ဟိ :)
ကြီမားကျယ်ဝန်းတဲ့ပန်းဥယျာဉ်ကြီးတစ်ခုရှိတယ်တဲ့။
အဲဒီဥယျာဉ်ကြီးထဲမှာချောမောလှပတဲ့မင်းသားနဲ့မင်းသမီး
တို့ကပျော်မြူးနေကြလေသတဲ့ကွယ်...
ကဲ..နောက်တယောက်.. :) :P
မင်းသားလေးက ဥယျာဉ်ထဲက အလှဆုံးပန်းလေးကိုခူးပြီး မင်းသမီးလေးကိုပေးလိုက်တယ်.. မင်းသမီးလေးက နမ်းလိုက်တဲ့ အချိန်မှာ အထဲက အကောင်ကိုက်ပြီ... သတိမေ့သွားပါလေရော..
မင်းသမီးလေး မေ့လဲ သွားတဲ့အချိန်မှာ ဘာကောင်ကိုက်တယ် မသိလိုက်တဲ့ မင်းသားလေးက ဘေးဘီကို စူးစမ်းတဲ့ အကြည့်နဲ့အမြန်ဆုံး မျက်လုံးဝေ့ကြည့်လိုက်တဲ့ အချိန်..........
ပန်းခြံနဲ့ မနီးမဝေးက မြင်းဟီသံကို ကြားလိုက်ရတယ်။
အပေါ်ကပိုစ့်ထဲမှာ ပုံပြင်ပြောရာမှာလိုက်နာရမယ့် စည်းကမ်းချက်လေးတွေကို ထည့်သွင်းဖော်ပြသင့်တယ်လို့ထင်ပါတယ်...
ဥပမာ.... ရှေ့လူနောက်လူ ဆီလျှော်စွာ ဆက်လက်ရေးသားခြင်း..
မသက်ဆိုင်တဲ့ လမ်းချော်မှုများမရှိပဲ စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တစ်ပုဒ်ဖြစ်အောင် ဖန်တီးသင့်တယ်လို့ထင်ပါတယ်..
ကိုယ့်စိတ်ကူးအတိုင်း ဇာတ်ကောင်အသစ်ဖန်တီးဖို့ အခွင့်အလမ်းရှိပေမဲ့ အရင်ဖန်တီးပြီးသားဇာတ်ကောင်များကိုလဲ မပြောက်ပျက်အောင်ဆက်လက် တိမ်းသိန်းထားမှသာ
ပုံပြင်က သူ့ဟာနဲ့သူ ရည်ရွယ်ချက်ရှိမှာပါ...
အထူးသဖြင့် ပုံပြင်ကို အစအဆုံးသေချာဖတ်ရှူပြီးမှ သာလျှင် ဆက်ရေးသင့်ကြောင်းပါ..
ခုဘလော့ပေါ်မှာရေးတာဆိုတော့ ဟိုနေ့က gathering မှာလိုမဟုတ်ပဲ.. အေးဆေးစဉ်းစားပြီးရေးချိန်ရပါတယ်..
ကျမတို့ရဲ့ ဘလော့ဂါ ပုံပြော ကစားဝိုင်းလေးကနေ.. ဂန္တဝင်ပုံပြင်တွေလဲ ဖြစ်လာနိုင်ပါတယ်..
ကိုကျော်ဇေယျာအနေနဲ့ကတော့ အပေါ်က ပြောသွားတဲ့ ပုံပြင်နဲ့ကိုက်မကိုက်.. လက်ခံသင့်မခံသင့် ကိုစောင့်ကြည့်ပြီး ကွန်ထရိုးလုပ်ဖို့ အကြံပြုလိုပါတယ်..
အနည်းငယ်ပြင်သင့်လျှင်ပြင်.....
လက်မခံသင့်ဟုထင်သော ပုံပြင်အပိုင်းကို ၁ယောက်ထဲရဲ့သဘောနဲ့ မဖြတ်သိမ်းပဲ. ဖြစ်နိုင်လျှင်စာဖတ်သူအများစုရဲ့သဘောတူညီချက်ကို ခံယူပြီး ဖြတ်သိမ်းဖို့အကြံပြုလိုပါတယ်(ဒါက မလိုလားအပ်တဲ့ငြင်းခုံမှုတွေဖြစ်မှာစိုးလို့ပါ.. လုပ်ဖို့မလွယ်ကူလျှင်.. လုပ်ရန်မလို)
လောလောဆယ် မဗေဒါထင်တာလေးတွေကို ပိုကောင်းစေချင်တဲ့ ဆန္ဒနဲ့ဝေဖန်ပေးသွားတာပါ..
ခုလို idea ရပြီး အပင်ပန်းခံ host လုပ်ပြီး အကောင်အထည်ဖော်ပေးတဲ့ ကိုကျော်ဇေယျကို ကျေးဇူးတင်ပါတယ်..
အဲဒီ့မြင်းက မင်းသားလေးရဲ့ မြင်းဖြူကြီးဖြစ်တယ်တဲ့ ။ ဒါနဲ့ မင်းသားလေးက မင်းသမီးလေးကို အဲဒီ့ မြင်းဖြူကြီးပေါ်ကိုတင်ပြီး သူ့ရဲ့ ဆရာ မှော်ဆရာကြီးဆီကို ခေါ်ဆောင်သွားတယ်တဲ့ ။
အဲဒီမှော်ဆရာကြီဆီကိုရောက်တော့ မင်းသမီးလေး အသက်ကိုကယ်ဖို့ အစွမ်းထက်တဲ့ ပန်းသီးတလုံးလိုတယ်တဲ့...
မှော်ဆရာကြီးဆီရောက်တော့ မင်းသမီးလေးရဲ့ အသက်ကို ကယ်တင်ဖို့ နည်းလမ်းတနည်းပဲရှိတော့တယ်တဲ့.. အဲဒါက အရမ်းအစွမ်းထက်တဲ့ ဆေးပန်းသီးလေးကို ရှာရမယ်တဲ့.. အဲပန်းသီးလေးကိုရမှ မင်းသမီးလေးက အသက်ဆက်ရှင်မှာတဲ့။
အဲဒီ့ပန်းသီးဟာ ဘီလူးတွေနေထိုင်တဲ့ တိုင်းပြည်မှာပဲ ရှိသတဲ့ကွယ်။ ထိုပန်းသီးကို စားမှသာလျှင် မေ့မျောနေတဲ့ မင်းသမီးလေး သတိပြန်ရနိုင်မယ်လို့ မှော်ဆရာကြီးက မင်းသားလေးကို ပြောသတဲ့...
“ဟိုးရှေးရှေးတုန်းက ပေါ့နော်။ အင်မတန်မှ သာယာဝပြောတဲ့ တိုင်းပြည်တစ်ပြည်မှာ
ကြီမားကျယ်ဝန်းတဲ့ပန်းဥယျာဉ်ကြီးတစ်ခုရှိတယ်တဲ့။
အဲဒီဥယျာဉ်ကြီးထဲမှာ ချောမောလှပတဲ့မင်းသားလေးနဲ့မင်းသမီးလေးတို့က ဆော့ကစားပြီး ပျော်မြူးနေကြလေသတဲ့ကွယ်။
ကစားရင်းနဲ့မင်းသားလေးက ဥယျာဉ်ထဲက အလှဆုံးပန်းလေးကိုခူးပြီး မင်းသမီးလေးကိုပေးလိုက်တယ်..
မင်းသမီးလေးက နမ်းလိုက်တဲ့ အချိန်မှာပဲ ပန်းပွင့်ထဲက အကောင်တစ်ကောင်ကထွက်လာပြီး မင်းသမီးလေးကိုကိုက်လိုက်တာ သတိမေ့သွားပါလေရောတဲ့ ။
မင်းသမီးလေး မေ့လဲ သွားတဲ့အချိန်မှာ မင်းသားလေးက ဘာကောင်ကိုက်သလဲ သိရအောင်လို့ဘေးဘီကို စူးစမ်းတဲ့ အကြည့်နဲ့အမြန်ဆုံး မျက်လုံးဝေ့ကြည့်လိုက်တုန်း
ပန်းခြံနဲ့ မနီးမဝေးက မြင်းဟီသံကို ကြားလိုက်ရော။
အဲဒီ့မြင်းက မင်းသားလေးရဲ့ မြင်းဖြူကြီးဖြစ်တယ်တဲ့။
ဒါနဲ့ မင်းသားလေးက မင်းသမီးလေးကို အဲဒီ့မြင်းဖြူကြီးပေါ်ကိုတင်ပြီး
သူ့ရဲ့ ဆရာ မှော်ဆရာကြီးဆီကို ခေါ်ဆောင်သွားသတဲ့ကွယ်။
အဲဒီမှော်ဆရာကြီဆီကိုရောက်တော့ မင်းသမီးလေး အသက်ကိုကယ်ဖို့ အစွမ်းထက်တဲ့ ပန်းသီးတလုံးလိုသတဲ့..ကွယ်။
အဲဒီ့ပန်းသီးဟာ ဘီလူးတွေနေထိုင်တဲ့ တိုင်းပြည်မှာပဲ ရှိသတဲ့ကွယ်။
ထိုပန်းသီးကို စားမှသာလျှင် မေ့မျောနေတဲ့ မင်းသမီးလေး သတိပြန်ရနိုင်မယ်လို့
မှော်ဆရာကြီးက မင်းသားလေးကို ပြောသတဲ့...။ အဲဒါနဲ့ မင်းသားလေးလဲ မြင်းဖြူကြီးကိုစီးပြီး ဘီလူးတိုင်းပြည်ကို ခရီးနှင်လာခဲ့သတဲ့”
“ဟေ့ကောင် .. ထွက်တော့လေ။ မင်းအခန်းရောက်နေပြီ ..ဟိုမှာပုံပြင်ပြောတဲ့ သူက အထဲပြန်ဝင်ရမလိုလို ဆက်ပြီးပဲပြောရတော့မလို ဒီဘက်ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်”
“အေးကွ ဒီမှာမြင်းပျောက်လို့ရှာနေတာ ..ငါ့တူတော်မောင်က ခုနလေးတင် အဲမြင်းရုပ်ပေါ်တက်ဆော့နေသေးတယ်..အေးပေးလေး ပြန်လာမထားဘူး”
“ဟာကွာ...ဟိုမှာ သူက ပြောပြီးနေပြီ။ ဘယ်နှယ့်ဆက်လုပ်မှာလဲ ဒီမြင်းနဲ့အသက်ဆက်ရမဲ့ဇာတ်လမ်းကို မင့်ကမြင်းပျောက်တယ်ဆိုတော့ ဘယ်နှယ့်လုပ်မှာတုန်း”
“လွယ်ပါတယ်ကွာ.. ဒီလိုလုပ်.. မင်းက ငါ့စီးတော်မြင်းလုပ်လိုက်”
“အိ.. ကောင်းကွာ”
........................
“ရှာပုံတော် မင်းသားကြီး ..ဘီလူးမြို့သို့ရောက်ခဲ့ပြီ။ ဘယ်အရပ်မှာ ဘယ်ဘီလူး ချောမှန်း မသိတော့ ဒို့ခက်သည်.. အဲယောင်လို့။ ငါ ပန်းသီးလာရှာသဟ”
“တယ်... ငါ့ပိုင်နက်ထဲ ကျူးကျူးလွန်လွန် စော်စော်ကားကား... ဘယ်က သတ္တဝါ ရောက်လာတာတုန်း .. ငါကိုယ်တော်မြတ်ရှေ့မှောက်ခေါ်ခဲ့စမ်း”
တစ်ကယ်တမ်းက မင်းသားအားကြိုးနှင့်ဝိုင်းတုပ် ဖမ်းဆီးပြီးခေါ်မဲ့သူမရှိ။ ဘီလူးကြီးလည်း ဟိုကြည့်ဒီကြည့် ယောင်တောင်ပေါင်တောင်လုပ်ပြီး မင်းသားရှေ့ ကိုယ့်ဘာသာကိုယ်ပဲ ခပ်တည်တည်နှင့် မတ်တပ်သွားရပ်လိုက်သည်။
သွန်းသွန်းရေ...
အခုလို ၀ါယမစိုက်ထုတ်မှုကို မြင်တွေ့ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ကျနော်တို့ အနေနဲ့ဖန်တီးနေတာ ပုံပြင်ပါ။ ၀တ္ထုတို မဟုတ်ပါဘူး အဲဒါကြောင့် သွန်းသွန်း အနေနဲ့ ပုံပြင်ဆန်ဆန် အရေးအသားမျိုး ပြန်လည် ဖန်တီးပေးဖို့ တောင်းဆိုပါရစေ...
ဟုတ်ကဲ့ပါ မဗေဒါ ကျနော် အနေနဲ့ကတော့ အတတ်နိုင်ဆုံး တစ်ဦးတစ်ယောက်နဲ့ တိုင်ပင်ပြီးမှ ဖော်ပြသင့်၊ မသင့်ကို ဆုံးဖြတ်သွားပါ့မယ်။ ကွန်မန့်ပေးရေးသားသူများကိုလဲ အထူးမေတ္တာရပ်ခံလိုသည်မှာ ပုံပြင်ကို အစအဆုံး သေချာစွာ ဖတ်ရှုပြီးမှ ကျိုးကြောင်းဆီလျော်သော၊ လိုက်ဖတ်မှု ရှိသော ပုံပြင်ဇာတ်လမ်းအား ကြိုးစားအားထုတ်ရေးသား ပေးကြဖို့ တိုက်တွန်း ပါရစေလားခင်ဗျ....
အားလုံးကို ကျေးဇူးတင်ပါတယ်။
Dream ရဲ့ အောက်မှာ ကျနော်ပြောခဲ့တာကတော့.. အဲဒီ ခရီးသွားလူတစ်စုထဲမှာ လူဂွစာ တစ်ယောက်လည်း ပါတယ်တဲ့..
ဟုတ်ကဲ့ လာရေးမယ်နော်။ ပုံပြင်ပေါ့။
ဒါကြောင့်မို့ မင်းသားလေးဟာ မင်းသမီးလေးကို မှော်ဆရာကြီဆီမှာ ထားခဲ့ ပြီး မှော်ပန်းသီးရှိရာ ဘီလူးတို့တိုင်းပြည်ကို မြင်းဖြူကြီးကို စီးကာထွက်ခဲ့သတဲ့။ တနေရာရောက် တော့ မင်းသားလေးဟာ ချောင်းကိုဖြတ်ကူးမလိုကမ်းစပ်ရောက်တုန်း အသံတစ်ခုကြားသတဲ့။ မင်းသားလေးဟာလှည့်ကြည်လိုက် တော့ ချောင်းကို ဖြတ်ကူးချင်တဲ့ ယုန်ငယ်လေးတစ်ကောင်ကို တွေသတဲ့။ ယုန်လေးက မင်းသားလေးကို သူချောင်းတစ်ဖက်ကမ်းကို ကူးချင်ကြောင်းပြောတယ်။ အဲဒီတော့ စိတ်ကောင်းရှိတဲ့ မင်းသားလေး ဟာ ယုန်ငယ်လေးကို ပွေ့ချီပြီး ချောင်းကို ဖြတ်ကူသတဲ့။
မင်းသားလေး ဖြတ်ကူးရတဲချောင်းဟာ ရေစီးကြမ်းပြီး သာမန်လူသားအနေနဲ အတိမ်အနက် ခန့်မှန်း ရခက်တဲ့ ချောင်းတစ်ခုဖြစ်လို့.မင်းသားလေးဟာ..ခက်ခက်ခဲခဲ. ကူးဖြတ်ခဲ့ရတယ်။ မြင်းဖြူကြီးဟာလည်း အင်မတန်မှ သန်မာပြီး မင်းသားလေးကြိုးပေးတဲ့ လမ်းကြောင်း အတိုင်း ကူးခတ်တယ်။ ဒီလိုနဲ ချောင်းတစ်ဖက်ကမ်းကို ရောက်ကြ တဲ့အခါ.. မင်းသားလေးလည်း ကိုယ့်ခရီးကို ဆက်ရမှာမို့ ယုန်လေးကိုထားခဲ့ပြီး ရှေ့ဆက် ခရီးနှင်ဖို့ ပြင်တော့တာပေါ့ အဲဒီအချိန်မှာ ယုန်ကလေး ဟာ.မင်းသားလေးကို ပြောပါတယ်… အသင်လူသား အသင့်ရဲ့ကျေးဇူးကြောင့် ကျွန်ုပ် စိတ်ကူများ လက်တွေ့ အကောင်ထည်ပေါ်လာခဲ့ပါတယ်.. အသင့်ကိုကျေးဇူးဆပ်တဲ့အနေနဲ .. နောင်အခါ .အသင်လူသား အရေးတကြီး အကူညီလိုအပ် တဲ့အချိန် စိတ်ထဲကနေ ကျွန်ုပ်ကို တလိုက်ပါ။ ကျွန်ုပ် မဆိုင်းမတွ အသင့်ရှေ့ကို ရောက်လာ ပါ့မယ်..အဲဒီလို ယုန်လေးက ကတိပေးပြီးနောက်..မင်းသားလေးကလည်း..ကောင်းလှပါပြီ .. အသင်ယုန်ကလေး ..လို့ ခွန်းတုန့််ပြန်ကာ.. မှော်ပန်းသီးရှိရာ ဘီလူးတို့တိုင်းပြည်ကို ခရီးဆက် တော့တယ်.

Post a Comment