September 7, 2008

Blogger Gathering In Singapore


ကျနော် ရောက်သွားတဲ့ အချိန်မှာ တော်တော်လေးကို နောက်ကျလို့ နေပါပြီ။ ကိုယ်က စလုံးကို ရောက်တာ သိပ်မကြာသေးတာရယ်။ နေရာဒေသ တော်တော်များများကို ဘယ်လိုသွားရမလဲဆိုတာ မသိသေးတာ ရယ်ကြောင့် ဒီတွေ့ဆုံမှုမှာ ဘာအကူအညီမှကို မပေးလိုက်နိုင်ပါဘူး။ အဲဒီ့နေ့က ကျနော်က ကိုဇင်ကိုလတ်မောင်ပွတ်+ခြူသစ်၊ ကိုငယ်(မန္တလေး) တို့ရယ်အတူတူဆုံပြီး ကိုဇင်ကိုလတ်ရဲ့ကားနဲ့ထိုနေရာလေးကို ရောက်ရှိ ခဲ့ပါတယ်။ ရောက်ရောက်ခြင်းမှာပဲ မောင်ပွတ် လုပ်လာခဲ့တဲ့ ကျနော်တို့ MBS ရဲ့ လိုဂိုနဲ့ ဆောင်ပုဒ်လေးပါတဲ့ Sticker ကို ကျနော် လိုက်လံ ဝေငှပေးခဲ့ပြီး အားလုံးကလဲ ၀မ်းပန်းတစ်သာ နဲ့မိမိတို့ရဲ့ရင်ဘတ်ပေါ်မှာ ဆင်မြန်းထားခဲ့ကြပါတယ်။ ပွဲစပြီဆိုတာနဲ့ မမယ်လိုဒီမောင်မှ ပွဲကျင်းပရခြင်းရည်ရွယ်ကို အကျဉ်းချုံး ရှင်းပြခဲ့ပြီး ကျနော်တို့ရဲ့ သူငယ်ချင်း နေဘုန်းလတ် အတွက် ခေတ္တငြိမ်သက်ဆုတောင်းပေးကြပါတယ်။ ထို့နောက် တစ်ယောက်ချင်းစီ နာမည်အစဉ်အလိုက်ခေါ်ပြီး အသီးသီးမိတ်ဆက်တဲ့ အစီအစဉ်ကို ကျင်းပခဲ့ပြီး။ MMITPROS မှ ကိုဂျွန်မိုးကလည်း MC အဖြစ် ပါဝင်အားဖြည့်ကူညီခဲ့ပါတယ်။ ထို့နောက်မှာတော့ ကျနော်တို့ မှာယူထားခဲ့ကြတဲ့ BBQ များနဲ့ ဧည့်ခံခဲ့ကြပြီး နောက်ဆက်တွဲ အစီအစဉ်အဖြစ် Game Programmer အဖြစ်တာဝန်ယူဆောင်ရွက်တဲ့ ကိုဇင်ကိုလတ် ဦးဆောင်ပြီး ပျော်ရွင်ဖွယ်ရာသော ကစားနည်းများကို အားပါးတရ ကစားခဲ့ကြပါတယ်။ ကျနော်အတွက်တော့ တစ်သက်မမေ့နိုင်စရာတွေ့ဆုံမှု တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ စလုံးမှာ ရောက်နေကြတဲ့ မြန်မာဘလော့ခ်ဂါများရဲ့ တွေ့ဆုံပွဲကို ကျနော်တို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ နောက်နောင်များကိုလဲ ဒီလိုပဲ စည်းကားသိုက်မြိုက်သော ပွဲတွေကိုလဲ အတူတစ်ကွ ထပ်မံ ကျင်းပနိုင်လိမ့် ဦးမယ်လို့လဲ မျှော်လင့်မိပါတယ်။ ကျနော့် အနေနဲ့ကတော့ Blogger များသာမက အွန်လိုင်းပေါ်မှာ ရှိနေကြတဲ့ မြန်မာများရဲ့ တွေ့ဆုံပေါင်းစည်းမှုလို့ ထင်မြင်ယူဆမိပါတယ်။

၁) MrDBA
၂) မယ်လိုဒီမောင်
၃) မြတ်မင်းဟန်
၎) အိုအေစစ် မောင်ပွတ်
၅) ဇင်ကိုလတ်
၆) ကိုဇေယျာ
၇) မစ်သွန်းသွန်း
၈) သန့်ဇင်ဦး(မောင်သန့်ဇင်)
၉) Emotion of Mind
၁၀) ToMMyGiRL
၁၁) မဗေဒါ
၁၂) ကျော်ဇေယျ
၁၃) ၁၄) ကိုနေ + ၁
၁၅) မိုးကြယ်
၁၆) ဝေယံလင်း
၁၇) ရဲနိုင်စိုး
၁၈) StevenWang
၁၉) အိဝေဖြိုး
၂၀) ၂၁) ညီညီ (သံလွင်)+ စကားပန်း
၂၂) စိုးမင်းထိုက်(တောင်ပေါ်သား)
၂၃) စက်တင်ဘာဒရင်းမ်
၂၄) ပုလုကွေး
၂၅) happy cloud
၂၆) ကိုငယ်(မန္တလေး)






4 comments:

Anonymous said...

အင်တာနက်မရသေးလို့.. ဘာမှလုပ်လို့မရဘူး.. ခုအလုပ်ကနေလာကွန်မန့်တာ.. သူတို့တွေကတော့မြန်လိုက်တာ... ပိုစ့်တောင်တင်ပြီးပြီ.. ဗွီဒီယိုကို ဘာသီချင်းနောက်ခံထည့်ရမယ်မှန်းမသိသေးလို့... အက်ဒစ်မလုပ်ရသေးဘူး.. မနက်ဖြန်တော့လုပ်ဖို့စိတ်ကုးတယ်.. ကိုပွတ်ပြောသလို သဘာဝရဲ့ ရင်သွေးငယ်နဲ့ လဲ လုပ်ကြည့်အုံးမယ်...

A random thoughts of a Burmese man said...

မဗေဒါရေ ကျနော်တို့ ဂီတရပ်ဝန်းမှာ ဆိုတဲ့ သီချင်းလေးကို ဘက်ဂရောင်းထည့်ရင် ကောင်းမယ်ထင်တယ်နော်....

Anonymous said...

bro, thanks for emails, web site links and photos.

MrDBA said...

4Shared ကနေပို့ထားတဲ့ ပုံတွေ ဒေါင်းလုဒ်ဆွဲလို့ရလားဗျ ကျွန်တော် မနက် ၅ နာရီမှ တရေးနိုးပြန်ထပြီး ပို့လိုက်ရတာ။ လင့် သုံးခုရှိတယ်။