စလုံးဆိုတာ ဘာကြီးလဲ လို့ အထူးအဆန်းဖြစ်ပြီးလာကြည့်တာ စလုံးရေတော့ စလိုက်ပါပြီဗျာ။ ဘာမှလဲ မထူးဆန်းဘူး အိမ်လခဏတွေ သောက်သောက်လဲ ဈေးကြီးတာပဲ သိတယ်။ ဟိုဒီနေရာလေးများ မသွားလိုက်နဲ့ MRT ခ ကလည်း သိကြားဖင် တက်ဆောင့်နိုင်တဲ့ဈေးနဲ့။ ဒါနဲ့တောင် ကိုရွှေမြန်မာများ လာလိုက်ကြတာ ဆိုတာ တို့ရွှေနိုင်ငံတော်ကြီးက ပိုချမ်းသာလို့ဖြစ်မှာပဲ။ singaporeen ခင်ဗျားတို့ ချမ်းသာတယ် ဆိုတာ တို့ရွှေမြန်မာ ဟိုသီချင်း အညီး မပျက်ဘူး (ပျင်းသေတယ် ပျင်းသေးတယ် ပျင်းတောင်ပျင်းသေးတယ် :P)၊ ခင်ဗျားတို့ ဆီကို ကျုပ်တို့ မြန်မာတွေ အခေါက်ခေါက် အခါခါ လာလို့ရတယ်၊ ခင်ဗျားတို့ ဆီကနေမှ တစ်ဆင့် ဟိုး အနောက်ကမ္ဘာ ကိုတောင်မှ ထွက်သွားလိုက်သေးတယ်။ ခင်ဗျားတို့ ကျုပ်တို့ဆီကို အဲဒီ့လို အကြိမ်ကြိမ်အခါခါ လာလို့ရလို့လား။ ကျုပ်တော့ မထင်ပေါင်ဗျာ ခင်ဗျားတို့တွေ ကျုပ်တို့နိုင်ငံဝင်ဖို့ ဗီဇာလျှောက်ရတာနဲ့တင် လက်လန်သွားမယ် ဘာမှတ်တုန်း ဟတ် ဟတ်။
ဟိုဒီနေရာ သွားချင်လို့ သူငယ်ချင်းတွေ အားကိုးလို့လဲ မရပါဘူးဗျာ။ သူတို့ အလုပ်တွေနဲ့ သူတို့ ရှုပ်နေတာ ကိုယ်လဲ အကူအညီတောင်းရမှာ အားနာတာနဲ့ Public Transport Map လေးကို S$ 6 ကျပ်နဲ့ ၀ယ်လိုက်ပြီး။ မြေပုံကို အဖော်ပြုလို့ ဟိုဒီလျှောက်နေလိုက်တယ်။ ဟိုတစ်နေ့ကတော့ ကိုဇင်ကိုလတ် တို့နဲ့တွေ့လို့ ဒူးရင်းသီး သွားပြီး လေပန်းလိုက်သေးတယ်ဗျ။ အလုပ်ကတော့ ဘယ်ဆီနေမှန်း မသိသေးပါဘူး။ အွန်းလိုင်း အလုပ်တွေ တော့ ဖတ်ဖတ်မောအောင် လိုက်လျှောက်ထားတာပဲ၊ အိမ်မှာနေပြီး Laptop တစ်လုံးနဲ့ အချိန်ပြည့်အွန်လိုင်းမှာ ရှိနေမှာတော့ အမှန်ပဲ။ ငါးသေတ္တာ သုံးဘူး၊ ကြက်အူချောင်း သုံးထုပ်၊ ကြက်ဥဆယ်လုံး၊ နွားနို့ တစ်ဘူးကို အဖော် လုပ်လို့ ဒီရက်ပိုင်းအတွင်း အိမ်ကပ်လို့ နေလိုက်ဦးမယ်။ အွန်လိုင်းပေါ် အမြဲလိုလိုသာ ရောက်နေတယ် Blogger ရဲ့ Dashboard Style ပြောင်းသွားတာတောင် မသိလိုက်ဘူး။ ဟိုဒီသွားရင်း ဖုန်းကင်မရလေးနဲ့ လက်တည့် စမ်းလာတာလေးတွေကို တင်ပေးလိုက်တယ်ဗျ။ ပုံတွေက သိပ်တော့ ကောင်းမှာ မဟုတ်ဘူး သည်းခံပြီးသာ ကြည့်ကြတော့ဗျာ။ ကျနော်ရောက်ရောက်ချင်း လာကြိုပေးတဲ့အပြင် အိမ်ငှားနေရာချထားပေးတဲ့ ကိုဝေယံလင်း၊ ဇေယျာလင်း၊ ပင်နီဆူလာ ပလာဇာမှာ လာတွေ့ပြီး ထမင်းကျွေးတဲ့ ကိုဇင်ကိုလတ်နဲ့ မမီ၊ ရောက်ပြီး သုံးရက်အကြာမှာ ညစာ ခေါ်ကျွေးတဲ့ ကဒေါင်းညင်သာ တို့အား ကျေးဇူး တင်ရှိပါတယ်။ တိုလီမုတ်စ တစ်ကောင်ကိုတော့ အခုထိ မတွေ့သေးပါဘူး တစ်ရက်နှစ်ရက်နေလို့မှ မတွေ့ရင်တော့ ကျနော်ရဲစခန်း တိုင်ရလိမ့်မယ် ထင်ပါတယ် လူပျောက်မှုနဲ့ :P ၊ ကိုသန့်ဇင်အောင် နဲ့ကတော့ တွေ့ဖို့ ဆုံဖို့ ချိန်းတုန်း ရှိပါသေးတယ်။ အခြားကျန်တဲ့သူများနဲ့ တွေ့ဆုံဖို့အတွက်ကတော့ စနေ၊ တနင်္ဂနွေအထိ စောင့်လိုက်ဦးမယ်ဗျာ။

.jpg)
.jpg)
.jpg)
.jpg)
.jpg)

9 comments:
wyl ပြောလို့ လာမယ်လို့တော့ ကြားလိုက်တယ်ဗျာ
သိပ်မသိတာနဲ့ ဟိုရက်က မလိုက်လာတော့တာ။
ကိုမြတ်မင်းဟန် ကလဲဗျာ မမြင်ဘူးသေးတာနဲ့ မသိဘူး လို့ ပြောလို့ ရမလားဗျ....ကျနော်တို့က အွန်လိုင်းပေါ်မှာ သိပြီး သားလေ.....
အဲ... ဒါတော့လဲ ဟုတ်သား...
အော်...အဲ့ဂလို ပို့စ်ကိုတင်တယ်လား
ရပါတယ် ရပါတယ် သူငယ်ချင်းတွေအားမကိုးရဘူးပြောတယ်ပေါ့ ဟွင်းဟွင်း
တော်ပီ ဘယ်မှ လိုက်ပို့ဘူး..ချိတ်ချိုးတယ် :P
ဖတ်ရတာ ရသမြောက်လွန်းလို့ ထမင်းတောင်ခေါ်ကျွေးချင်သွားတယ်... မဗေဒါအိမ်မှာ ပြီးခဲ့တဲ့ အပတ်ကမှ အလှူလုပ်ပြီး မုတ်ကျွေးသေးတယ်..
အစ်မကြီးရေ မုန့်ဗျ...နော် မုန့်..တဲ့..အစ်မကျွေးတဲ့ မုတ်တော့ ကျနော် မစားရဲဘူးဗျာ...ဟတ် ဟတ် ဟတ်
အခုမှ လာကြည့်မိတယ်။ အဟိ စိန်နားကပ်က ဒီထဲမှာတော့ မပြူးဘူးပဲ။ ခွိခွိ
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ :*
templateပြောင်းထားတာ မိုက်ပါတယ်.တင်ထားတဲ့ ဓါတ်ပုံကြီးကမကြောင်ဘူးလားဗျ
Post a Comment