January 3, 2008

ခေတ္တနားပါရစေ....

ကျနော့်ကို ဘလော့ရေးခြင်းမှ ခေတ္တ အနားယူခွင့်ပြုကြပါခင်ဗျာ။ အကြောင်းပြချက်ကတော့ ခုတစ်လော ကျနော် အလုပ်တွေ အင်မတန်မှကို ရှုပ်ထွေးနေပါတယ်။ အလုပ်များသလောက် အလုပ်ကပေးတဲ့ စိတ်ဖိစီးမှုတွေကလည်း များပြားလို့ ပြီးပြတ်အောင်လုပ်ဖို့ တာဝန် ကျနော့်မှာ ရှိနေပါတယ်။ နောက်တစ်ချက်က ကျနော့်မှာ ကိုယ်ပိုင် ကွန်ပျူတာ မရှိတဲ့ အတွက် ကျနော် ရုံးကနေ ဘလော့ပို့စ်တွေ တင်ရတာများပါတယ်။ ဒါကြောင့် ကျနော် ကြိုးစားပြီး ဘလော့ရေးသော်ငြားလည်း အလုပ်တာဝန်ချိန် ဖြစ်နေလို့ ကျနော့်အလုပ်ကိုရော၊ ဘလော့ စာအရေးအသား ကိုပါ အနည်းနဲ့အများ ထိခိုက် နိုင်တယ်လို့ ယူဆမိသည့် အတွက် ကျနော် အခုလို ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ မကြာမြင့်သော အချိန်ကာမှာ ကျနော် ပြန်လာပါ့မယ်။


1 comment:

မျှားပြာ said...

ကိုကျော်ဇေယျရေ ပြန်လာရင် ပြောဦးနော့
အဆင်ပြေပါစေဗျာ။