December 30, 2007

နှုတ်ဆက်ခဲ့ပါတယ် 2007

နှုတ်ဆက်ခဲ့ပါတယ် 2007.....
နှစ်သစ်တစ်ခုကို ကူးပြောင်းတော့မှာမို့
ငါဟာ အသစ်နှစ်တွေကို စရတော့မယ်...
အဟောင်းကို ထားခဲ့လို့
အကောင်းတွေကို ယူဆောင်သွားတော့မယ်...
ထပ်ပေါင်းလာမယ့် ရင့်ကျက်ခြင်းတွေအတွက်တော့
မင်းကိုငါ ကျေးဇူးတင်ပါတယ်။...

နှုတ်ဆက်ခဲ့ပါတယ် 2007.....
ကုန်လွန်လာခဲ့တဲ့နှစ်ပေါင်းများစွာမှာ
မင်းဟာလဲ ပိုမိုကြီးထွားလာသလို
ငါတို့ကလဲ ပိုမိုများပြားလာခဲ့တယ်
တစ်ချို့နေရာတွေမှာ ငြိမ်းချမ်းပြီး
တစ်ချို့နေရာတွေမှာ
ဆူပူမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်
ဘာပဲပြောပြော မင်းကတော့
နှုတ်ဆက်လို့ ထွက်ခွာသွားခဲ့ပြီ။

နှုတ်ဆက်ခဲ့ပါတယ် 2007.....
ငါဟာ မင်းရဲ့ သက်တမ်း 365 ရက်စလုံးမှာ
ပျော်ရွှင်မှုတွေ၊ ၀မ်းနည်းမှုတွေ
ကြည်နူးခြင်းတွေ ကိုခံစားခဲ့ရလို့
မင်းကို အံ့သြစွာ ငေးကြည့်နေတုန်းမှာဘဲ
မင်းဟာ ရုတ်တရက် ထွက်ခွာသွားခဲ့တယ်။

နှုတ်ဆက်ခဲ့ပါတယ် 2007.....
တစ်နေ့ထက်တစ်နေ့ ပိုမိုပူပြင်းလာတဲ့
မင်းရဲ့ အပူချိန်ကို အစ်ကိုတော် 2008 က
ဆက်လက်တာဝန်ယူသွားလိမ့်မယ်...
မင်းအတွက်တော့ ဒါဟာ ပြန်ချင်းကောင်းတဲ့
လက်ဆောင်တစ်ခု ဖြစ်မှာပါ။



No comments: