``လာပြန်ပြီ Google အကြောင်းလို့တော့ မပြောကြပါနဲ့ဗျာ´´ ၊ ကျနော် ခုတစ်လော Google Blog ကို ဖတ် ရတာ တော်တော် ဓါတ်ကျနေတယ်။ အရင်တုန်းက ကိုယ်မသိခဲ့တာတွေကို ပြန်ဖတ်ရင်းနဲ့ ကိုယ့်လို မသိလိုက်ရမှာ စိုးလို့ စေတနာနဲ့ ကျနော် ပြန်လည် တင်ပြပေးခြင်းဖြစ်ပါတယ် ခင်ဗျ၊ (ပြောမယ့်သာ ပြောရတယ်၊ မြန်မာပြည် မှာက Google အကြောင်းကို ကိုယ့်ထက်သိ တဲ့ လူတွေ အများကြီးခင်ဗျ၊ မိဘာညာ ဆိုရင် Gtalk အကြောင်းကို ကျနော့် ထက် ပိုပြီးတော့တောင် စုံစုံလင်လင် သိသေးတယ်၊ ကျနော် Google အကြောင်း Post တစ်ခု မရေးလိုက်နဲ့ သူက သိပြီးသားပဲ ခင်ဗျ။ သိမှာပေါ့ Gtalk ပေါ်မှာ တစ်ချိန်လုံး ရှိနေတာကိုး။ ဟတ် ဟတ် ``Chat ရင်းနှင့် လေ့လာ၊ လေ့လာရင်းနဲ့ Chat တဲ့´´ သူ့ရဲ့ လက်ကိုင်ဒုတ် (အဲလေ) လက်ကိုင် ဆောင်ပုဒ်က အဲလို အဲလိုဗျ။ :P) ကျနော်တို့ ဘလော့ဂါ တော်တော်များများကတော့ Gadget တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ၊ ဒါပေမယ့် ကျနော် တွေ့မိရသလောက် ဘလော့ခ် တွေမှာတော့ Google Gadget တွေကို မတွေ့ရသလောက်ပါဘဲ ခင်ဗျ။ တွေ့တော့ တွေ့ရတယ်၊ နည်းသေးတယ်ပေါ့ခင်ဗျာ။ ဒါကြောင့် ကျနော်က နည်းနည်း အသုံးပြုသူများလာအောင် ထပ်မံ ကြော်ငြာပေးရခြင်းဖြစ်ပါတယ်။ (ပြီးရင် Google CEO ဆီမှာ ကြော်ငြာခ သွားတောင်းမယ်။ :P) ကဲ ဘလော့ဂါ အဟောင်းများ နဲ့ အသစ်အသစ်သော ဘလော့ဂါများ ခင်ဗျာ မိမိတို့ရဲ့ Web page ဒါမှမဟုတ် Blog မှာ Google Gadget လေးတွေ့ ထည့်ချင် တယ် ဆိုရင်တော့ ကျနော့် ဆီကသော် လည်းကောင်း Google Gadget ကသော် လည်းကောင်း ရယူ အသုံးပြု နိုင်ကြပါတယ် ခင်ဗျာ။
Date and TimeGoogle Calendar
MP3 Player
Google Talk
Mini Web
Search YouTube
Currency Converter
Local Gas Prices
IP Tracker
Free Text Message
Save Passwords Generator
Find Free E-books
1 comment:
Google gadget လေးတွေ စမ်းကြည့်အုံးမယ်
Post a Comment