September 16, 2007

Comment မှာ ရေးချင်တာရေးခဲ့တာကို မိမိဘာသာ Edit လုပ်ပြီး တင်ကြရအောင်

ကဲ ကျနော် စိတ်လက်ကြည်သာနေလို့ ဘလော့ပို့စ်လေး တစ်ခုတော့ရေးမယ်လို့ ဆုံးဖြတ်ပြီး ရေးလိုက်ပါတယ်။ ကျနော်တို့ မြန်မာ ဘလော့ဂါတွေမှာ အခုတစ်လော ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေတယ်ဆိုရင် ကျနော် အပိုပြောတာ မဟုတ်ဘူးဆိုတာ တွေ့ကြုံနေရတဲ့ ဘလော့ဂါတွေ သိကြမှာ ဖြစ်ပါတယ်၊ ဘလော့ဂါတွေ ကလဲ မိမိစိတ်ထဲမှာ ခံစားမိတဲ့ အတိုင်း ရေးချ လိုက်တာဘဲ၊ ဒါပေမယ့် စာဖတ်သူက သေသေချာချာ ဖတ်လို့ဘဲ ဖြစ်ဖြစ်၊ မဖတ်လို့ဘဲ ဖြစ်ဖြစ် မိမိရဲ့ အတွေးမှာ ပေါ်လာတဲ့အတိုင်း သူလဲ ကွန်မန့်ပြန်မယ်၊ ကောင်းချင်လဲ ကောင်းမယ် ဆိုးချင်လဲ ဆိုးမယ်ဗျာ၊ ဒါပေမယ့်အဲဒီ့ ကွန့်မန့်ကြီးက မိမိရဲ့ကိုယ်ပိုင် ဘလော့ပေါ်မှာ အထင်းသားကြီးဗျ၊ ဒါကို ကိုယ် ကိုယ်တိုင်က မိမိကို မချေမငံ ပြောဆိုသွားလို့ စိတ်လိုက်မာန်ပါ ပြန်လည် တုံ့ပြန်မိတယ်ဆိုရင်တော့ ဘလော့တွေပေါ်မှာ စကားနိုင်လုပွဲတွေ တချိန်းချိန်းကို ချတော့တာပါဘဲ၊ အခန့်မသင့်ရင် ချိန်းလားခြောက်လား တောင် လုပ်သေးတာ၊ ထားလိုက်ပါ ဒါက ဥပမာ အနေနဲ့ပြောခြင်း ဖြစ်ပါတယ်။ ဒီလို မဖြစ်အောင်လို့ ကျနော်တို့ အနေနဲ့ လုပ်လို့ရတာလေး တစ်ခုကတော့ဗျာ မိမိရဲ့ ပို့စ်မှာ ကွန်မန့် လာရေးပြီဆိုပါတော့ အဲဒါကို မိမိဘာသာ ပြင်ဆင် တည်းဖြတ်ခွင့်ပေးထားတဲ့ function လေးကို ဘလော့ဂါ က ပေးထားပါတယ်။ ဥပမာဗျာ တစ်စုံတစ်ယောက်က အမည်မသိဘဲဖြစ်ဖြစ်၊ ဘလော့ဂါထဲကဘဲ ဖြစ်ဖြစ် မိမိရဲ့ ပို့စ်မှာ ကွန်မန့် ၀င်ပေးပြီ ဆိုပါစို့ အဲဒါကို ကိုယ်က Publish၊ လုပ်မလား၊ Reject လုပ်မလား၊ Moderate လုပ်မလားဆိုပြီး ကိုယ်ရဲ့ မေးလ်ဘောက်စ် ထဲမှာ မေးလ်ပို့ပြီး မေးပါတယ်၊ ဒါကို မိမိက ကိုယ်တိုင် စဉ်းစား ဆုံးဖြတ်ပြီး တင်ရမှာ ဖြစ်ပါတယ်။ ကဲ ဘယ်လို လုပ်ရသလဲ ဆိုတာ ကြည့်လိုက်ကြရအောင် လွယ်လွယ်လေးပါ။
အရင်ဦးဆုံး Setting > Comments ကို သွားလိုက်ပါ။ အဲဒီမှာ Enable comment moderation ဆိုတာကို Yes လုပ်လိုက်ပါခင်ဗျာ။ ပြီးရင် Blogger က မေးလ်လိပ်စာ တောင်းပါလိမ့်မယ် မိမိရဲ့ မေးလ်လိပ်စာ တစ်ခုခုကို ဖြည့်စွက်ပေးရပါလိမ့်မယ်။ အဲဒါဆိုရင်တော့ မိမိ ဘလော့မှာ တစ်ယောက်ယောက်က ပေးတဲ့ Comment တွေ အကုန်လုံးကို မိမိရဲ့ Mail box ထဲကို ရောက်ရှိလာပြီး မိမိ စိတ်ကြိုက် ပြင်ဆင်တည်းဖြတ်၍ ဘလော့မှာ တင်နိုင်ပါပြီခင်ဗျာ။


Setting > Comment ရဲ့ အောက်မှာ ဒါမျိုးလေး ပြင်ပေးလိုက်ပါ
ပြီးရင် ကိုယ့်ရဲ့ မေးလ် လိပ်စာ ထည့်ပေးရပါမယ်


တစ်ယောက်ယာက်က Comment ပေးသွားရင် တော့ ဒါမျိုးမေးလ် ကိုယ်ရဲ့ Mail Box ထဲကို
ရောက်လာမှာ ဖြစ်ပြီး မိမိ အလိုရှိသလို လုပ်နိုင်ပါပြီ။

5 comments:

Thet Htoo@Myat Lone said...

ကိုကျော်ဇေယျရေ။ ကောင်းတယ်ဗျာ။ အဲဒီလိုဆို ပြဿနာတွေ တော်တော် ရှင်းသွားမယ်။ ကျေးဇူးပဲဗျာ။

PMK said...

ကိုကြီးကျော်ဇေယျ share ပေးလို့ မဟုတ်မဟတ် ကောမန့် သောကတွေ ကင်းဝေး သွားလို့ ကျေးဇူးပဲ ကျေးဇူးဆပ်မယ်ဗျာ... :P

Anonymous said...

Example ပေးတာကလဲ.. မမညလေး ကောမန့်နဲ့.. ဟဟဟ..

tayzar said...

ဒီပို့စ် အတွက် ရှဲရှဲ့ပါ အကိုကျော်ဇေယျရေ

Myo Kyaw Htun said...

Good tip, bro. Keep it up!