September 12, 2007

“ခွင့်လွှတ်ပေးကြပါ”

ကျနော်ရဲ့ ဘလော့လေးအား ဆက်လက် ရှင်သန်နေဖို့ အတွက် ပို့စ်တွေ ရေးရန်ကြိုးစားသော်လည်း ကျနော် စိတ်တွေ ရှုပ်ထွေးနေတယ်ဗျာ၊ ဘလော့ပို့စ်တွေ ရေးဖို့ ကြိုးစားလိုက်တိုင်း ခေါင်းထဲကို ဒီ့ပြင် အတွေးတွေ ရောက်ရောက်လာတော့ စာရေးဖို့ အတွက် အာရုံ အပြည့်အ၀ မစိုက်နိုင်ဘူး ဖြစ်နေတယ်၊ ခွင့်လွှတ်ပေးကြပါ မိတ်ဆွေ အပေါင်းသင်းရောင်းရင်းများရယ်၊ ကျနော် အာရုံတွေ ပြန်လည် လန်းဆန်းလာတဲ့ တစ်နေ့မှာ ပို့စ်တွေ ပြန်လည်ရေးသားပါ့မယ်လို့ ကတိပေးပါတယ်၊ ခင်မင်ရတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကို “ခွင့်လွှတ်ကြပါ” လို့ ဒီပို့စ်နဲ့အတူ အနူးအညွှတ်တောင်းပန်အပ်ပါတယ်။ ကျနော် တစ်နေ့ ပြန်လာပါ့မယ်။

3 comments:

Thet Htoo@Myat Lone said...

ကိုကျော်ဇေယျရေ။ လူချင်းတွေ့နေတော့ ဘလော့ဂ်ဘက်မရောက်ဖြစ်ဘူးဗျာ။ လုပ်ပါဗျာ။ စိတ်ရှုပ်စရာတွေ ရှင်းလင်းပြီးရင် ဆက်ရေးပါဦး။ ကိုကျော်ဇေယျ ရောက်လာတဲ့ ရက်တွေက ကျွန်တော်တို့အားလုံး စိတ်ညစ်စရာတွေရော၊ ပျော်စရာတွေရော၊ စဉ်းစားစရာတွေရော တော်တော်စုံနေတဲ့အချိန်ပဲဗျ။ ဒါပေမယ့် အခုအချိန်လေးတွေက နောင်ကို တော်တော်နဲ့ မေ့လို့ရမှာ မဟုတ်တာတော့ သေချာပါတယ်ဗျာ။

Anonymous said...

အားတော့လဲ ပြန်ရေးပေါ့ ဦးကျော်ဇေယျရယ်။ မအားတာလဲ မအားတာပေါ့ စိတ်ရှုပ်တာလဲ စိတ်ရှုပ်တာပေါ့။ :P

Myo Kyaw Htun said...

hope everything is ok.