August 15, 2007

ရောက်တတ်ရာရာလေးများ(၃၅)

ပို့စ်ရေးမယ် ရေးမယ်နဲ့ အားခဲထားတာ တစ်ကယ်တန်းရေးမယ်လဲ လုပ်ရော ဘာအကြောင်းအရာကို ရေးလို့ ရေးရမှန်းမသိတော့ဘူး၊ ခက်တာက ကိုယ့်မှာ ကိုယ်ပိုင်ကွန်ပျူတာကလဲ မရှိပြန် တွေးထားထားလေးတွေကို ချပြီး ရေးထားတတ်တဲ့ အကျင့်ကလဲ မရှိပြန်ဆိုတော့ ပို့စ် တစ်ခုနဲ့ တစ်ခု ကြားမှာ တော်တော်လေးကို အဆက် ပြတ်တာပေါ့၊ ဟိုတစ်နေ့ကတော့ အလုပ်ကနေ နေမကောင်းဘူး အကြောင်းပြ ခွင့်(၂)ရက်ယူပြီး သွားချင်တဲ့ နေရာလေးတွေကို သွားပစ်လိုက်တယ်၊ ဒါမှလဲ အလုပ်ထဲမှာ နေ့စဉ်ခံစားနေရတဲ့ စိတ်ဖိစီးမှုလေးတွေကို အတန်အသင့် ဖြေဖျောက်နိုင်မယ် မဟုတ်လား၊ တစ်ကယ်တန်း သွားလဲ သွားရော လူတွေကလဲများ နေကလဲ ပူနဲ့ စိတ်အပန်းမပြေတဲ့ အပြင် ပိုလို့တောင် စိတ်ညစ်စရာကောင်းလိုက်တာဆိုတာ “ကိုယ့်ကို ကိုယ်တောင် ဒေါသ ဖြစ်လိုက်သေး” “အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ ကြည့်ချင်တဲ့ အခွေကြည့်လိုက် လုပ်နေလိုက်ရင်၊ ဒီ လောက်လဲ ပိုက်ဆံကုန်မှာ မဟုတ်ဘူး၊ လူလဲ တော်တော်သက်သာမှာဘဲ လို့”စဉ်းစားမိလိုက်သေး၊ ကဲ ရောက်ပြီးမှတော့ မထူးပါဘူး ရောက်တုန်းရောက်ခိုက် ကိုယ့်အတွက်လဲ ဒေသန္တရ ဗဟုသုတနဲ့ ဘလော့ဂါ အပေါင်းအသင်းများအတွက် ပို့စ်လေးများ တင်လို့ ရငြားဆိုပြီး မှတ်မယ်၊ ရေးမယ် ဆိုပြီး လုပ်တော့ “ရေးစရာ မှတ်စရာ၊ တစ်ခုမှ ပါမလာဘူး” “ကဲ ကောင်းရော၊ ဒါနဲ့ ပါလာတဲ့ ကင်မရာလေးနဲ့ဘဲ ဟိုရိုက်၊ ဒီရိုက် လုပ်လိုက် တော့တယ်” (အခုလဲ ပို့စ်ရေး နေရင်းနဲ့ စိတ်က ကောင်းကောင်း အာရုံဝင်စားလို့ မရပါဘူး၊ အလုပ်က ဆိုတော့ တစ်ချက်တစ်ချက် အလုပ်ကလေး လုပ်လိုက်၊ ဟိုလူမေးတာ ဖြေလိုက်၊ ဒီလူမေးတာ ဖြေလိုက်နဲ့ ဆိုတော့၊ ပို့စ်ကို မနည်းကောင်း ဆက်နေရတယ်.....၀ူး..)“ကဲဗျာ အပေါင်းအသင်းတို့ အတွက် ပုံတွေဘဲ တင်ပေး နိုင်တယ် ကျန်တဲ့ အချက်အလက်တွေ ကျနော် မရေးတော့ဘူး” ဘာဖြစ်လို့လဲ ဆိုတော့ “ကျနော်လဲ ဘာမှ မမှတ်သားခဲ့ရ လို့ဘဲ၊” ”စိတ်မကောင်းဘူး၊ ဒီတစ်ခေါက် အပြင်သွားတာ ဘာမှ မှတ်သားစရာလဲ မကျန်ဘူး၊ ဘာဗဟုသုတမှလဲ မရဘူး ဖြစ်သွားတယ်၊” “ကျနော် သွားခဲ့တဲ့ နေရာကတော့ Kuala Lumpur မှာ အထင်အရှား နေရာများထဲမှ တစ်နေရာ ဖြစ်တဲ့ Sunway Pyramid ပါ၊ Kuala Lumpur မြို့လယ်ခေါင်မှာ လူတို့ ဖန်တီးထားတဲ့ “အပန်းဖြေ ကမ်းခြေအတု” ဘဲ ဆိုပါတော့ဗျာ၊ ဒီမှာ ဖန်တီးထားတာတွေ ကတော့ လူတွေ နီးနီးနားနား အပန်းဖြေ အနားယူလို့ရအောင် လုပ်ပေးထားပြီး၊ ၀င်ကြေးတွေကလဲ ဈေးကောင်းသလား မမေးနဲ့ဗျ၊ အပိုင်းသုံးပိုင်း ခွဲထားပြီး တစ်ပိုင်းခြင်းအလိုက် ၀င်ချင်ရင်လဲ ရတယ် သုံးပိုင်းလုံး တစ်ခါတည်း ၀င်ရင်လဲ ရတယ်၊ နှစ်ပိုင်းဝင်ချင်လဲ ရတယ်ဗျ၊ (၁) Water Park ဗျ၊ အဲဒီမှာတော့ ရေကစာချင်းတိုင်း ကစားလို့ ရအောင် လုပ်ပေးထားတယ် အထဲမှာ အပန်းဖြေ ကစားချင်စရာ ကစားနည်းအစုံစုံ နဲ့ဘဲဗျ၊ (၂) Wild World ဗျ အဲဒီ့မှာတော့ တိရစ္ဆာန်မျိုးစုံကို ပြထားတယ်၊ ကိုယ်ဓါတ်ပုံ ရိုက်ချင်တဲ့ အကောင်တွေနဲ့ အနီးကပ် ဓါတ်ပုံရိုက်လို့ရတယ်၊ ဒါပေမယ့် ပိုက်ဆံ ပေးရတယ်ဗျ၊ (ကျနော်တောင် ကြက်တူရွေး ကြီးကြီးလှလှကြီး တစ်ကောင်နဲ့ ရိုက်မလို့လုပ်တာ RM20ဆိုလို့ အသာလေး နောက်ပြန်ဆုတ်နေလိုက်တယ်၊ (၃)ကတော့ Extreme Park ဗျ အဲဒီ့မှာလဲ ကစားနည်းမျိုးစုံ ရှိသေးတယ်၊ ၀င်ကြေးကတော့ တစ်နေရာကို ၀င်ချင်ရင် RM35 ဗျ၊ နှစ်နေရာ ပေါင်းဝင်မယ် ဆိုရင်တော့ RM55၊ သုံးနေရာလုံးကို ၀င်မယ်ဆိုရင်တော့ RM65၊ ကျနော်တို့ ကတော့ ပိုက်ပိုက် သိပ်များများ မပါသွားတော့ နှစ်နေရာကိုဘဲသွားလိုက်တယ်၊ Water Park နဲ့ Wild World ကိုဘဲ၊ “နိုင်ငံသားဆိုရင်တော့ ဈေးက နည်းနည်းသက်သာတာပေါ့၊” “ဒါကလဲ နေရာတိုင်းပါဘဲ နိုင်ငံသားနဲ့ နိုင်ငံ
ခြားသားကို ဘယ်နေရာဖြစ်ဖြစ် အဆင့်ကလေးတော့ နည်းနည်းလေး ခွဲလိုက်ရမှ ကျေနပ်တဲ့ မလိုင်တွေပါ”...


ဒါကတော့ Water Park ထဲက နေရာအချို့ပါ






ဒါကတော့ Wild World ထဲက ပုံအချို့ပါ




1 comment:

Thinzar said...

Wild World မှာ ဘာမှ လဲ မရှိဘူး။ pirate's revenge မစီးခဲ့ဘူးလား