မညလေးရဲ့ ကောင်းမှုကြောင့် ဒီတစ်ခါ လဲ Tag လုပ်ခြင်းခံလိုက်ရပြန်ပါပြီ၊ ဘာဘဲ ဖြစ်ဖြစ် ကောင်းပါတယ်၊ သြဂုတ်လ (၃၁)ရက်နေ့၊ World Blogger Day အမှတ်တရလဲဖြစ်ပြန်၊ ဘလော့ဂါများ စည်းလုံးညီညွတ်မှုကိုလဲ ပြရာရောက်တာပေါ့နော်၊ ဘလော့ဘာကြောင့်ရေးဖြစ်လဲ ဆိုတော့ “ဘယ်လိုဖြေရမလဲ ပေါ့နော်၊ ဒီလိုပေါ့ နော်” (နည်းနည်း ပဲများကြည့် တာ) ဘာရယ်ညာရယ် မဟုတ်ပါဘူး၊ ရေးချင်လို့ ရေးတယ်လို့ဘဲ ပြောရမှာပေါ့၊ ပထမဦးဆုံး ကျနော် အင်တာ နက် ကိုစသုံးတော့ Planet Myanmar, Elevenဂျာနယ်တို့လောက်ဘဲဝင်ဖြစ်တာ များပါတယ်၊ ပလန်းနက်မှာChatting လုပ်လိုက်၊ ပျင်းရင် Elevenဂျာနယ်ဝင်ဖတ်လိုက် လုပ်နေတာ နည်းနည်း ကြာတော့ ငြီးငွေ့ လာတယ်၊ Chatting လောကကို နည်းနည်းစိတ်ကုန်လာတာလဲ ပါတယ်ဗျ၊ အကုန်လုံးတော့ မဟုတ်ပါဘူး၊ တစ်ချို့ တော်တော်များများ ကောင်းကြပါတယ်၊ မေးရင် အမှန်အတိုင်းလဲ ဖြေကြတယ်၊ ပွင့်ပွင့် လင်းလင်းလဲ ဆက်ဆံ ကြတယ် တစ်ကယ့်ကို ညီရင်းအစ်ကို မောင်ရင်းနှမ လိုဘဲ၊ တစ်ချို့ကြတော့ ဒီလို မဟုတ်ဘူး အလကားနေ ကြွားလုံးတွေ ထုတ်နေတော့ ကျနော် သုံးလေးငါးခါလောက် အညာမိလိုက်တယ် ဆိုပါ တော့၊ ညာတယ်ဆိုတာ ကလဲ တခြား မဟုတ်တရုတ်တွေ မဟုတ်ပါဘူးဗျာ၊ “Chatting လုပ်နေကြ သူငယ်ချင်း တွေ ချိန်းထားတယ်၊ နင်လာမလား” “ဘယ်နေရာ၊ ဘယ်နေရာပေါ့” အဲဒီမှာ စောင့်နေ “ငါတို့ ဘယ်အချိန်၊ ဘယ်အချိန်လာမယ်” စသည့်ဖြင့်ပေါ့၊ ကျနော်ဆိုတဲ့ ကောင်ကလဲ သူငယ်ချင်းဆိုတော့ တွေ့ချင်တာပေါ့၊ chat room ထဲမှာ ကြတော့ တကယ့်ကို သူငယ်ချင်းအရင်းပမာကြီးတွေလို ပြောကြဆိုကြ ဆက်ဆံကြနဲ့၊ အပြင်မှာ တွေ့ရင် ဘယ်လိုနေမလဲ လို့ သိချင်တော့ “အေး ငါစောင့်နေမယ်ပေါ့”၊ ချိန်းတဲ့နေ့ ရောက်တော့ ရွှေကိုယ်တော် များက မလာကြဘူး၊ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်တော့၊ “ တော်ပြီ နောက်များဆို Chatting ဘက်ကို လုံးဝကို စိတ်မပါတော့ဘူး၊ စိတ်လဲတော်တော်ကုန်သွားတယ်” အဲဒီမှာ Chattingကိစ္စတခန်းရပ် သွားပြီး “ ကိုယ်သိချင်၊ လေ့လာချင်တဲ့ ကိစ္စ တွေကို Internet ထဲမှာ လိုက်ရှာရင်းနဲ့ အချိန်ကုန်သွားတယ် ဆိုပါ တော့ဗျာ၊ အဲဒီမှာ ဘလော့ ကိုစတွေ့တော့တာဘဲဗျို့၊ ဘယ်ကနေဘယ်လို စတွေ့သတုန်း ဆိုတော့“ Native Myanmar Forum” ကို ၀င်တော့ တစ်ချို့တစ်ချို့သော နာမည်ကြီး Bloggerများက အခုမှ ဘလော့ စလုပ်မယ့် သူတွေကို “ဘယ်လို ဘယ်လို လုပ်ရတယ်၊ ဘယ်နေရာမှာ ဘာပို့စ် တင်ထားတယ်” သွားကြည့်လိုက် စသည် ဖြင့် Link တွေနဲ့တကွ ညွှန်းထားတော့၊ ကျနော်လဲ သွားကြည့်တာပေါ့၊ စတုန်းကတော့ “ကိုမောင်လှ” “ကိုစေးထူး” “ကိုညီလင်းဆက်” “မမေဓါဝီ” “နိုင်းနိုင်းစနေ” စတာတွေကိုဖတ်နေကျ နောက်တော့ သူတို့ရဲ့ စီဘောက်မှာ ဟိုအော် ဒီအော် လုပ်သွားကြတဲ့ ဘလော့ဂါ တွေ အများကြီးဘဲ၊ ဘလော့ဂါတွေ များလိုက်တာ ဆိုတာမှ ကျနော်ထင်တယ် တစ်နေ့ကို အနည်းဆုံး (၂)ဦးနဲ့ (၃)ဦးလောက် မြန်မာဘလော့အသစ်တွေ လုပ်ကြ မယ် ထင်တယ်၊ သူတို့တွေ လုပ်ထားတာကို အားကျရင်း အားကျရင်းနဲ့ ကျနော်လဲ သူတို့လို ဘလော့လေး လုပ်ချင် လာတယ်၊ လုပ်ချင်လာတော့ ဖိုရမ်တွေ မှာရေးထား တဲ့ အတိုင်းလိုက်လုပ်၊ မသိတာရှိရင် ဘလော့ပိုင် ရှိတဲ့ သူတွေကို လိုက်မေး ဒီလို့နဲ့ ကျနော်လဲ “အင်တာနက်ပေါ်မှာ အိမ်ပိုင်ယာပိုင်လေး တစ်ခု” ရလိုက်သလို ခံစားလိုက်ရတယ်၊ အဲဒီမှာ ဘလော့ ဆိုတာကို စ ခင်တွယ် သွားမိတာဘဲ၊ ကျနော် ထင်ပါတယ် တစ်ကယ့် တစ်ကယ်တန်း ဘလော့ဂါ တစ်ယောက်ဖြစ်ဖို့ အတွက်ဆိုတာ အင်မတန်မှ မလွယ်ပါဘူး၊ (ဟိုဟာ လျှောက်ရေး၊ ဒီဟာလျှောက်ရေး၊ သူများရေးပြီးသား ကူးချ ဆိုရင် လွယ်ချင်လွယ်မှာပေါ့)၊ တစ်အချက်အနေနဲ့ မိမိမှာ ကွန်ပျူတာ ရှိထား သင့်ပါတယ်၊ (ကျနော်ဆို ကွန်ပျူတာ မ၀ယ်နိုင်လို့ လုပ်ငန်းခွင်ကနေ ဘလော့ရေး နေတော့ Part Time Blogger ဘဲဖြစ်နေတာပေါ့) နှစ်အချက်ကတော့ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ ဖြစ်ရမယ်၊ (မိမိကွန်ပျူတာက အင်တာနက် မချိတ်ထားလို့ PAC တွေကနေ သွားသုံးနေရင်လဲ ပိုက်ဆံ ကုန်တာပေါ့) သုံးအချက်ကတော့ စာရေးချင်စိတ် အပြည့်ရှိမှ အချိန်ပြည့် ဘလော့ဂါ တစ်ယောက် ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်၊ (မြန်မာပြည်ရဲ့ အင်တာနက် ကွန်နက်ရှင် ကိုလဲ ထည့်သွင်းစဉ်းစား သင့်တာပေါ့နော်)၊ အခုဆိုရင် ဘလော့မရေးရရင် “စားလို့မ၀င်၊ အိပ်လို့ မပျော်သလိုဘဲဗျ၊” တစ်ကယ်ပြောတာပါ၊ တစ်နေ့ တစ်နေ့ ကိုယ့်ဘလော့မှာ ဘာတင်ရမလဲလို့ စဉ်းစားရင်း အချိန်ကုန်နေတာက များပါတယ်၊ ကိုယ့်ဘလော့ကို လာဖတ်တဲ့သူများ အတွက်လဲ တစ်ခုခုတော့ ရသွား စေချင်တာပေါ့ (ဟီး နောက်ဆိုရင် ဘလော့လာဖတ်တဲ့ သူ၊ တစ်ယောက်ကို ဆီ ၁ပိဿာ ပေးမယ်) ဒီလိုနဲ့ဘဲ ဘလော့ကို ရေးဖြစ်သွားတယ်ဆိုပါတော့ဗျာ၊ နောက်တစ်ချက် က ဘလော့မှာ ဘယ်သူမှ ပိတ်ပင်တားဆီး ထားတာ မရှိဘူး၊ မိမိ မှန်တယ်လို့ ယူဆထားတာကို လွတ်လွတ် လပ်လပ် ဖော်ပြပိုင်ခွင့်ရှိတာကို သဘော ကျတာ၊ မိမိကိုယ်တိုင် စာရေးသူ၊ မိမိကိုယ်တိုင် ထုတ်ဝေသူလုပ်ရတဲ့ အလုပ်လေးကို နှစ်ခြိုက်တာလဲပါတာပေါ့၊ ကျနော့် ပတ်ဝန်းကျင်မှာ အမြင်မတော်တာလေးတွေကို ကိုယ်ပိုင် ကွန်ပျူတာ မရှိသည့်တိုင်၊ ကွန်ပျူတာ ရှိနေ သ၍၊ အင်တာနက်ချိတ်ဆက်ထားသရွေ့ ဘလော့ကို ဆက်ရေးဖြစ် သွားမယ်လို့ ကျနော် ထင်ပါတယ်။ ကဲ ကျနော် “ဆားချက်လို့တော့ ပြီးပြီ”ကျနော်ပြီးတော့ နောက်လူများလဲ ဆားချက်လို့ရအောင် “ကဲ ကိုသန့်ဇင်အောင်၊ သတင်းစာဆရာ ကိုဝေ၊ ကိုဇင်ကိုလတ် တို့ရေ...ဆား ထပ်မံ ချက်ကြပါကုန်လော့”..........
2 comments:
ကိုကျော်ဇေယျပြောတဲ့ ဘလော့ဂ် ဘာကြောင့် ရေးရလဲဆိုတာ တော်တော်များများက တိုက်ဆိုင်နေတယ်။ အခုဆို တကယ့်ကို ဘလော့မရေးရ မနေနိုင်တဲ့ဘ၀လိုကို ရောက်နေပြီ။ me too ပေါ့။
မှန်တယ်ဗျာ။ ကျွန်တော် ဘလော့ဂ်အသစ်တစ်ခုစတင်ဖန်းတီးပြီး ကတည်းက ဒီလိုပဲ ခံစားနေရတယ်။ နောက်ပြီး အတွေးလေးပေါက်လို့ ရေးထားတဲ့ပို့စ်လေးရှိတယ်။ အဲ့ဒါက ကျွန်တော်အယ်ဒီတာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ဘလော့ဂ်ဂါဆိုတဲ့ ခေါင်းစဉ်လေးနဲ့ စိတ်ကူးတွေယဉ်ပြီး ပို့စ်တင်ထားဖြစ်သေးတယ်။
Post a Comment