ဒီနေ့ Sunday ဆိုတော့ ကျနော့်အလုပ်က နည်းနည်း အားတယ်ဆိုပါတော့၊ အလုပ်အားတာနဲ့ အင်တာနက်နဲ့ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ သူငယ်ချင်းများရဲ့ဘလော့တွေဖတ် ကွန်မန့်ပေးနဲ့ အချိန်တွေ တော်တော် များများ ကုန်တော့ Google ကိုတစ်ခါပြန်ဝင် ကိုယ်သိချင်တာတွေ၊ လိုချင်တာတွေ လျှောက်ကြည့်၊ လျှောက်ရှာ နဲ့ ဒါလေးကို တွေ့တယ်ဗျ၊ တစ်ချို့လဲ သိပြီးသားဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ မသိသေးတဲ့လူတွေရှိရင်လဲ ဗဟုသုတ ရစေခြင်းအလို့ငှာ ဒီပို့စ်ကို ရေးသားတင်ပြရခြင်းဖြစ်ပါတယ်....
World Time in Google
Google ကနေပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ မြို့ကြီးပြကြီးများရဲ့ အချိန်ကိုရှာလို့ရပါတယ်။ ကျနော်လဲ ဟိုတိုင်းပြည်ရဲ့ အချိန်ကို ကြည့်လိုက်၊ ဟိုနိုင်ငံရဲ့ အချိန်ကို ကြည့်လိုက်နဲ့လုပ်နေရင်း မြန်မာပြည် ရန်ကုန်မြို့ရဲ့ဘယ်အချိန် ရှိပြီလဲ ဆိုတာ သိချင်လို့ ဒီလိုရိုက်ကြည့်လိုက်တဲ့အခါ time in yangon လို့လဲ ရိုက်ကြည့်ရော Google က သူ့ ရထားတဲ့ Link တွေဘဲ ဖော်ပြတာပေါ့၊ တခြားမြို့တွေ၊ နိုင်ငံတွေ ရိုက်ကြည့်လိုက်ရင် တစ်ခါတည်း လက်ရှိ အချိန်ကို ဖော်ပြပေးပြီး ဘာလို့ ရန်ကုန်မြို့ ကြကာမှ ဘယ်လိုဖြစ်တာလဲ စဉ်းစားရင် တစ်ချက်တွေးမိသွားပြီး Time in Rangoon ဆိုကာမှ အတိအကျကို ဖော်ပြပေးတာဘဲဗျို့၊ ဟုတ်ကဲ့ အဲဒါကြောင့် Myanmar ဆိုရင် နိုင်ငံခြားသား တော်တော်များများ သိပ်မသိသေးပါလား၊ Burma ဆိုကာမှ သိကြပါလားလို့ အတွေးတစ်ချက် ပေါက်သွားသေးတယ်ဗျ....
Currency exchange rate in Google
နောက်တစ်မျိုးက Google ကနေပြီးတော့ ဒီကနေ့ ကမ္ဘာ့နိုင်ငံများရဲ့ ငွေလဲလှယ်မှုနှုန်းထားကို ရှာဖွေနိုင်ပါ တယ်။ စံပြုသတ်မှတ်ထားတာကတော့ USD လို့ခေါ်တဲ့ အမေရိကန်ဒေါ်လာပါဘဲ ရှာချင်တယ် ဆိုရင်တော့ Google Search box မှာ Currency of China in amerincan money လို့သာ ရိုက်ထည့်လိုက်ပါ ဒီနေ့လက်ရှိ ပေါက်ဈေးကို ဖော်ပြပေးမှာဖြစ်ပါတယ်၊ ဒါက အခြားဒေါ်လာငွေနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံများအတွက်သာပါ၊ မြန်မာပြည်လား ဟုတ်ကဲ့ အတိအကျပါဘဲ Link တွေချည်းဘဲ ဖော်ပြပေးပါလိမ့်မယ်။
Weather In Google
အထက်မှာ တင်ပြသွားသလို ကမ္ဘာ့မြို့ကြီးပြကြီးတွေရဲ့အချိန်ကို Google နဲ့ရှာနိုင်သလို၊ ၄င်းမြို့ကြီး များရဲ့ မိုးလေ၀သ အခြေအနေကိုလည်း Google မှာရှာနိုင်ပါသေးတယ်၊ Google Search Box မှာ weather in paris (သို့) weather in London လို့ ရိုက်ထည့်ပြီး ရှာလိုက်လျှင် ၄င်းမြို့ကြီးများမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေ၀သအခြေအနေကို ဖော်ပြပေးမှာဖြစ်ပါတယ်၊ ရန်ကုန်မြို့ရဲ့ မိုးလေ၀သ အခြေအနေကို သိချင်တယ် ဆိုလျှင်ဖြင့် weather in Yangon လို့ မရိုက်ပါနဲ့ခင်ဗျာ Link စာရင်း များသာပါရှိမှာဖြစ်ပြီး Weather in Rangoon ဆိုမှသာ မိုးလေ၀သ အခြေအနေကို သိရမှာ ဖြစ်ပါတယ်။
Google in Measurement and Calculator.
အပေါင်းအသင်းတို့အနေနဲ့ မိမိသိချင်တဲ့ အတိုင်းအတာတွေကို Google ကနေတဆင့် ရှာလို့ရပါတယ်။ တစ်မီတာမှာ ဘယ်လောက် စင်တီမီတာရှိတယ်၊ တစ်မိုင်မှာ ဘယ်နှစ်ပေရှိတယ်ကအစ Google က အတိအကျဖော်ပြပေးနိုင်ပါတယ်၊ သင်္ချာကိန်းဂဏန်းများကိုတော့ သိထားဖို့လိုပါတယ်။ နောက်တစ်ခုက Google search box မှာ ဂဏန်းသင်္ချာပေါင်းလို့ရတယ်ဆိုတာ..မိတ်ဆွေ အပေါင်းအသင်းများကို သတင်းကောင်းပါးလိုက်ရပါတယ်......
No comments:
Post a Comment