January 26, 2007

ရောက်တတ်ရာရာလေးများ(၁၈)






ကျနော်တို့အရင်တုန်းက အရူးအမူးစွဲလန်းခဲ့တာ ဘောလုံးကစားနည်းပါ...
နောက်ပိုင်း အစုံသုပ်ဘ၀နဲ့ခြင်းဆိုလဲဝင်ခေတ်လိုက်တာဘဲ...
ဂေါက်သီးဆိုလဲပြေးရိုက်လိုက်တာပါဘဲ...
များသောအားဖြင့်ဘောလုံးနဲ့ပိုက်ကျော်ခြင်းဘဲ ကစားဖြစ်တာများပါတယ်...
ခြင်းခတ်ရာမှာလဲပိုက်ကျော်ခြင်းဘဲခတ်ဖြစ်တယ်ခင်ဗျ...
လူကလည်း လူငယ်ကိုး ယှဉ်ချင်ပြိုင်ချင်တဲ့ စိတ်ကလေးက နေရာတကာရှေ့တန်းတင်ထားတော့...
ဘာလုပ်လုပ်၊ ဘာ ကစား ကစားယှဉ်ရ၊ ပြိုင်ရမှကျေနပ်ချင်တာကိုး...
ဝိုင်းခြင်းဆိုရင်တော့မခတ်ဖြစ်တာများပါတယ်။
အဲတစ်နေ့တော့ဗျာ...စမ်းချောင်း၊ ကိုး ထပ်ကြီးဘုရားပွဲကို သွားကြည့်ရင်းနဲ့
အဲဒီမှာအလှပြခြင်းခတ်နေတာသွားတွေ့တော့ လား..လား..
ကျနော်တို့လူငယ်တွေခတ်တဲ့ ပိုက်ကျော်ခြင်းဆိုတာအသေးအမွှားပါ။
အဲဒီမှာဗျာအပေးအယူ၊ အပို့အပြု တယ် ကောင်းတာကလား...
ကြည့်ရင်း၊ ကြည့်ရင်းနဲ့တစ်ခါတစ်ခါ ၀ိုင်းအတွင်းကလူ(ခြင်းမင်းသားလို့ခေါ်ပါတယ်)
ခြင်း ပေါက်တစ်ခုခတ်လိုက်ရင်များ ကြက်သီးမွှေးညင်းတွေတောင်ထလို့ဗျာ..
အဲဒီလို ခံစားချက်မျိုး ပိုက်ကျော် ခြင်းမှာဘယ်ရှိလိမ့်မတုန်းဗျ...
အဲဒါနဲ့မြန်မာ့ရိုးရာခြင်းခတ်ပညာကို နည်းနည်းစိတ်ဝင်စားသွားတယ်ဆိုပါတော့...
မနေ့ကတော့ Internetထဲမှာပျင်းပျင်းနဲ့လျှောက်သွားနေလိုက်တာ ဒီWebsiteကိုသွားတွေ့တယ်ဗျာ
ကောင်း လိုက်တဲ့တင်ပြချက်များပါ ကျနော်တို့ မြန်မာလူမျိုးတစ်ချို့တောင်
မြင်ဘူးကြမယ်မထင်တဲ့ခြင်းပေါက်ခတ် နည်းမျိုးတွေတင်ပြထားတယ်ဗျာ...
ဒီ Post နဲ့အတူမြန်မာလူမျိုးများရဲ့ရိုးရာအားကစားနည်းကိုကမ္ဘာကသိအောင်လုပ်ပေးတဲ့Greg Hamilton
ကို ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ...(၄င်းကိုယ်တိုင်လဲခြင်းခတ်သူအဖြစ်ပါဝင်ခဲ့တယ်ဆိုဘဲဗျ..)
သူရိုက်ခဲ့တဲ့မှတ်တမ်းကိုနမူနာအဖြစ်ကြည့်ချင်တယ်ဆိုရင်တော့ဒီမှာကြည့်ပါခင်ဗျာ...
Websiteကိုဝင်လို့မရဘူးဆိုလို့ ကျနော် YouTube ကနေ
ကံကောင်းထောက်မှစွာရှာတွေ့လို့ထပ်တင်ပေးလိုက်ပါတယ်...

2 comments:

ShweMyat said...

အကိုရေ.website လိပ်စာ ရှာမတွေ့ဘူးဗျ။

A random thoughts of a Burmese man said...

ကျနော်ပေးတဲ့လိပ်စာအတိုင်းသွားပါ၊ ကျနော်တော့ ၀င်လို့ရတယ်ဗျ ကိုရွှေမြတ်ကဘယ်က၀င်တာလဲ...
http://www.mysticball-themovie.com