၃၁ ရက် ဇန်န၀ါရီလက ကျင်းပခဲ့တဲ့ မြန်မာပြည်ရဲ့ နှစ်(၂၀) အတွင်း ပထမ ဦးဆုံး လွှတ်တော် ခေါ်ယူ ခဲ့တွင် အစိုးရပိုင် ဖြစ်တဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းဌာနတောင်မှ သီးသန့် စီစဉ်ထားသော မှန်လုံခန်း အတွင်း မှသာ သတင်းရယူနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
“သူတို့ (စစ်အစိုးရ) ပြောတဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ဆိုတာ တကယ်ျတာ့ လုံးဝ ဒီမိုကရေစီနည်းလမ်း မကျပါဘူး။ ဒါဟာ လုပ်ဇာတ်သပ်သပ်ပါပဲ။ အပြောင်းအလဲ လုပ်နေပါတယ်၊ စစ်အုပ်ချုပ်ရေးမရှိတော့ပါဘူးလို့ သူတို့က ကမ္ဘာကို ပြောဖို့ပါပဲ။ ဒါဟာ တကယ်အမှန်တရားမဟုတ်ပါဘူး။ အရင်တုန်းက မြင်တွေ့ခဲ့တဲ့ အခြေအနေအတိုင်းပါပဲ။ အပြောင်းအလဲ ဘာမှ မရှိဘူး” လို့ RSF အယ်ဒီတာချုပ် မစ်စတာ လော့ဒတ် Lordet က Mizzima သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရန်ကုန်အခြေစိုက် သတင်းထောက် တစ်ဦးမှလဲ “ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကပ်လိုက်ပြီးတော့ ဓါတ်ပုံ ရိုက်ရတယ်။ ကိုယ်စားလှယ်တွေ စီးတဲ့ ကားကို ဘေးကကျော်တက်လိုက်၊ နောက်က လိုက်လိုက်နဲ့ ဓါတ်ပုံ ရိုက်ယူခဲ့ရပါတယ်။ လွှတ်တော် ၀င်ပေါက်နားလဲ ကျတော့ ဒီမှာ ဓါတ်ပုံ ရိုက်ခွင့် မရှိဘူးဆိုပြီး လာနှင်လွှတ်တယ်။ လူအုပ်နဲ့ ဆိုတော့ ဘာမှလုပ်လို့ မရဘူး” လို့ ပြောကြားသွားပါတယ်။

No comments:
Post a Comment