May 23, 2010

ရောက်တတ်ရာရာ ဟိုဟို ဒီဒီ



...ရောက်တတ်ရာရာ ဟိုဟို ဒီဒီ...

Blog မှာ စာ မရေးဖြစ်တာ အတော်ကြာပြီ။ အပျင်းထူလွန်းနေတာလဲပါသည်။ အခုတစ်လော ရေးတဲ့ ဘက်ကို မရောက်ပဲ စာချည်းပဲ ဆက်တိုက် ဖတ်ဖြစ်နေသည်။ ကင်းဝန်မင်းကြီးရဲ့ ပြင်သစ်သွား နေ့စဉ် မှတ်တမ်းကို ဖတ်နေတုန်း စာအုပ်ထဲမှာ အချို့က လန်ဒန်သွား နေစဉ်မှတ်တမ်းထဲကို “နည်းတူ သိလေ” ဆိုပြီး ညွှန်းဆို ထားသဖြင့် ထို စာအုပ်ကိုပါ ရှာဖွေ ဖတ်ရပြန်တော့သည်။ စာအုပ်ဈေးကလဲ ကောင်းမှ ကောင်း  ပြင်သစ်သွားက သုံးထောင်၊ လန်ဒန်သွားက နှစ်အုပ်တွဲပေါင်းချုပ်ကို ငါးထောင် ဆိုတော့ နှစ်အုပ် ပေါင်း ရှစ်ထောင် ထွက်သွားသည်။ အင်တာနက် သုံးတော့လည်းပဲ အိမ်နီးချင်း နိုင်ငံရဲ့ အနီနှင့် အ၀ါ သတင်း တွေကိုချည်းပဲ ဖတ်ဖြစ်နေသဖြင့် နာမည်ကြီးမင်းသမီးက သတင်းထောက်ကို ပါးရိုက်လိုက်သည့် ကိစ္စ တောင်မှ ကိုယ်က မသိလိုက်ဘူး ဖြစ်နေပြန်သည်။ ဘယ်သူက လွန်လို့ ဘယ်သူက မှားလဲ ဆိုတာ တော့ ကိုယ်က မျက်မြင် ကိုယ်တွေ့ မဟုတ်သဖြင့် ဘာမှတ်ချက်မှ မပေးလိုပေမဲ့ ကိုယ်ထိ လက်ရောက် ကျူးလွန်သူက အများအမြင်မှာ ပိုမှားတယ်လို့ ဖြစ်စေတာပေါ့။ 

ဘာမှ လုပ်စရာ မရှိမဲ့ အတူတူတော့ အကျိုး တစ်ခုခု ဖြစ်ထွန်းအောင်၊ မှတ်တမ်း မှတ်ရာ သဘောမျိုးလဲ ဖြစ်အောင် မကြာမီ မှာ ကျင်းပါတော့မယ့် ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ တွေ၊  ပါတီကိုယ် ဦးဆောင်သူတွေရဲ့အကြောင်းကို ရေးလျှင် ကောင်းမည်ဟု စဉ်းစားမိသည်။

No comments: