March 19, 2009

နိုးဆော်အပ်ပါသည်

ဟိုတစ်နေ့က ဦးဇင်း ဦကောဝိဒနဲ့ အွန်လိုင်းပေါ်မှာ စကားပြောဖြစ်ကြသည်။ ဦးဇင်းနှင့်တွေ့သည့် အချိန်တိုင်းတွင် ကျနော်သည် တစ်မျိုးမဟုတ် တစ်မျိုးနှုင့် အလုပ်ရှုပ်နေတတ်သည်။ ဘာရှုပ်မှန်းကို မသိတာပါ ခေတ်စကားနဲ့ ပြောမယ် ဆိုရင်တော့ တိုင်ပါတ်တာပေါ့။ အလုပ်ရှုပ်ချင်ရှုပ် မရှုပ်လျှင် ကျနော်သုံးနေသော အင်တာနက်ဆိုင်၏ ကွန်နက်ရှင်သည် အတော်ဆိုးရွားစွာ Down နေတတ်သည်။ ခွင့်လွှတ်ပါ ဦးဇင်း ဘုရား တပည့်တော် ဦးဇင်းနဲ့ မပြောချင်လို့ မဟုတ်ပါ အင်တာနက် ကွန်နက်ရှင်၏ မသိဆိုးရွားနိုင်မှုပါ ဘုရား....:P။ ဦးဇင်းနှင့် ဟိုရောက်ဒီရောက် ရောက်တတ်ရာရာ စကားပြောရင်းနှင့် ဦးဇင်း ပညာဒါနအဖြစ်ဖွင့်လှစ် သင်ကြား ပေးနေတဲ့ အင်တာနက်သင်တန်းလေး အကြောင်းပြောပြပါတယ်။ စကားပြောရင်းနှင့်မှ ဦးဇင်းရဲ့ စေတနာ၊ ၀ါသနာ၊ အနစ်နာ ခံမှုများကို တွေရပြီး လေးစားသောအားဖြင့် တတ်နိုင်သလောက် ဆောင်ရွက် ပေးမယ်လို့ စိတ်ကူးအကြံဖြစ်ပေါ်မိပါတယ်။ ဒါကြောင့် ကျနော်တတ်နိုင်တဲ့ တစ်ထောင့် တစ်နေရာကနေ ကျနော့် Blog ပေါ်ကနေ ရေးသားတိုက်တွန်းနိုးဆော်ရပါတယ် ခင်ဗျား...။ ဦးဇင်းရဲ့ သင်တန်းမည်သို့မည်ပုံ စတင်ခဲ့တယ် ဆိုတာကို ဦးဇင်းရဲ့ ဘလော့ခ်ကနေ တစ်ချို့တစ်ဝက်ကို ကျနော် ထုတ်နှုတ် တင်ပြလိုပါတယ်။

“ဦးဇင်းကိုယ်တိုင်လည်း မြန်မာနိုင်ငံ က မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။
၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင်​ ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။”

“ဦးဇင်းပြည်ပမှာ စာပေသင်ယူဖို့ဆိုပြီးရည်စူးထားတဲ့ န၀ကမ္မလေးတွေရှိတာနဲ့ ဦးဇင်း စဉ်းစားမိပါတယ်။ နိုင်ငံခြား ထွက်ပြီး M.A တို့ ဒေါက်တာ ဘွဲ့တွေသွားယူလိုက်ရင် ဦးဇင်းတစ်ယောက်တည်းပဲအကျိုးရှိမယ်။ တရားဟောမယ်ဆိုရင်လည်း တရားဟောတဲ့ ဆရာတော်တွေတော့ အများကြီးပဲ။ နေရာအနှံ့မှာရှိနေတယ်၊ ဦးဇင်း အဲဒီအချိန်မှာ ၀င်လာတဲ့စိတ်လေးက ပရဟိတ ဆိုတဲ့ စိတ်ဓါတ်လေးပဲ......၊ ပရဟိတ ဆိုတဲ့အတိုင်း ကိုယ်ကျိုးကိုစွန့်နိုင်မလားဆိုပြီး ဦးဇင်းနှစ်ရက်လောက်စဉ်းစားရတယ်။ လူတိုင်းကိုယ် အကျိုးစွန့်ဖို့ဆိုတဲ့ ကိစ္စက မလွယ်ဘူးနော်။ ဒေါက်တာဘွဲ့တွေဘာတွေ ရရင် လူတွေအထင်ကြီးတယ်လို့ ဦးဇင်းလည်းထင်ထား မိခဲ့တာ ကိုး..နောက်ဆုံးဦးဇင်းတစ်ခု ဆုံးဖြစ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချနိုင်ခဲ့တယ်လေ။ စစ်ကိုင်းမှာ မည်သူမဆို အခမဲ့ သင်ယူနိုင်မယ့် ကွန်ပျူတာ သင်တန်းတစ်ခုဖွင့်မယ်ဆိုပြီးပေါ့ အဲဒီလိုရည်ရွယ်ချက်နဲ့ ဒါယကာတွေပြောပြတော့၊ လက်မခံကြဘူးလေ၊ သူတို့ က လူတွေကို သင်ရင်ပိုက်ဆံယူပြိးသင်ပါဘုန်းကြီး၊ သင်လရှင်တွေကိုပဲ အလကား သင်ပါလို့ ၊လျှောက်ကြတယ်လေ၊ ဦးဇင်းလုံးဝလက်မခံခဲ့ပါဘူး၊ နောက်ဆုံးဦးဇင်းလည်း သူတို့မလှူချင် နေတော့ ကိုယ်တိုင်ပဲကြိုးစားမယ်ဆိုပြီး ပထမဦးဆုံးစီစဉ်တာကတော့ ကိုယ့်ပညာသင်စားရိတ် ထဲက ပျက်နေတဲ့ ကွန်ပျူတာ ၃ လုံကိုပြင်တယ်။ ခုံတွေ ၀ယ်တယ်၊ စားပွဲတွေဝယ်တယ်၊ အဲဒိအချိန်မှာ ရန်ကုန်က ဘလော့ပြိုင်ပွဲကို သွားရင်းနဲ့ ဘလောခ်ဂါတွေနဲ့ ရင်းနှီး ခဲ့တယ်လေ။ အဲဒီအချိန်မှာ သိခဲ့ရတာက ဘလော့ကာ တွေကူညီကြ မယ်ဆိုတဲ့ အချက်ပဲ။ အဲဒီအချိန်မှာ ဘလော့ကာ ကိုညီလင်းဆက်ကနေ ဘလော့မှာ ရေးသားပြီး ကူညီပေးခဲ့ပါတယ်။”

အခု ဦးဇင်းရဲ့ သင်တန်းလေးဟာ အပြည့်အစုံ အကုံအလုံကြီး မဟုတ်တောင်မှ အတော်အတန် အကောင် အထည်ဖော်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်များက အထိုက်အလျောက် ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဦးဇင်းရဲ့ သင်တန်းနာမည်က “EveryOne” ဖြစ်ပြီး၊ လှူဒါန်းခဲ့တဲ့ အလှူရှင်များကို မှတ်တမ်းတင် ဂုဏ်ပြု သာဓု အနုမောဒနာ ခေါ်ဆိုအပ်ပါတယ်။ ၄င်း အလှူရှင်များကတော့...

၁) ဦးကောဝိဒ (သာသနာ့ဝေပုလ္လကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး) အလှူငွေ- ၁၀၀၀၀၀ိ/
၂) ကိုဘီလီ+မခိုင်ခိုင်စိုး မိသားစု(အနှိုင်းမဲ့ကားလုပ်ငန်း၊ မုံရွာ) အလှူငွေ- ၁၅၀၀၀၀ိ/
၃) ကိုအောင်မိုးထွေး+မခရေမင်းမင်း မိသားစု (ခေတ္တ စင်ကာပူ) အလှူငွေ- ၁၀၀၀၀၀ိ/
၎) မမီမီထွန်း (ခေတ္တ ယူကေ) အလှူငွေ- ၁၀၀၀၀၀ိ/
၅) ကိုကြီးတိုး မာတီဘိုးဘိုးကြီး (myanmargalaxy.com ရန်ကုန်) အလှူငွေ- ၅၀၀၀၀ိ/
၆) ဒေါက်တာဝင်းထိုက် (မန္တလေး) အလှူငွေ- ၆၅၀၀၀ိ/
၇) ကိုမင်းသွင်+မမနောဖြူ အလှူငွေ- ၆၀၀၀၀ိ/
၉) ကိုကိုချစ် (မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ) အလှူငွေ- ၃၀၀၀၀ိ/
၁၀) အုန်းသီး မူးမူး CCG (ခေတ္တ စင်ကာပူ) အလှူငွေ- ၃၀၀၀၀ိ/
၁၁) စေတနာရှင်တဦး (ရန်ကုန်) အလှူငွေ- ၃၀၀၀၀ိ/
၁၂) စေတနာရှင်တဦး (မုံရွာ) အလှူငွေ- ၃၀၀၀၀ိ/
၁၃) မမိုးရေ CCG (ရန်ကုန်) အလှူငွေ- ၁၀၀၀၀ိ/
၁၄) ကိုစိုင်းနေမင်းခ (တောင်ကြီး) အလှူငွေ- ၁၀၀၀၀ိ/
၁၅) zan 90 (မုံရွာ) အလှူငွေ- ၁၀၀၀၀ိ/

ွှအထက်ပါအလှူရှင်များသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သာသနာဝေပုလ္လကျောင်းတိုက်တွင် လျှပ်စစ်မီး အခက်အခဲကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ မီးစက် ၀ယ်ယူလှူဒန်းနိုင်ရန်အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းထားကြခြင်းဖြစ်ပါတယ်။ ကျန်ရှိနေသော စေတနာရှင် ကုသိုလ်ရှင်များအနေဖြင့် ထပ်မံလှူဒါန်းလိုပါက အောက်ပါ လိပ်စာများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း နိုးဆော်တိုက်တွန်းလိုက်ပါတယ်။

ကိုဘီလီ (မုံရွာ)
09 433 080 93
billyhtoo@gmail.com

ကိုချစ် (မန္တလေး)
k2chit@gmail.com

ဒေါက်တာဝင်းထိုက် (မန္တလေး)
win.atm.htike@gmail.com

စိုင်းနေမင်းခ (တောင်ကြီး)
081-24779
sainayminkha@gmail.com

မမနောဖြူ (တောင်ကြီး)
081-25227
cuttidoll@gmail.com

ကိုအောင်မိုးထွေး (စင်ကာပူ)
aungmoeh@gmail.com

ကိုကျော်ဇေယျ (ရန်ကုန်)
kzy1980@gmail.com

ကိုမင်းယွန်းသစ် (ရန်ကုန်)
minnyoonthit@gmail.com

ဒေါ်ဥမ္မာဌေး (ရန်ကုန်)
dimple.two@gmial.com

















No comments: