February 9, 2009

တည်ငြိမ်

ရင်ထဲက အပူငြိမ်းရာ
ငြိမ်းချမ်းရာကို ရှာရင်း
ဆူးလေလမ်းမပေါ်
Petaling Street ပေါ်
Peninsula Plaza ပေါ်
ငါဟာ တစ်ကိုယ်တည်း
ယောင်ချာချာ ဖြတ်ကျော်ခဲ့ဘူးတယ်။

First Eleven ဂျာနယ်
Olympic ဂျာနယ်နဲ့
ESPN, Star Sport တို့မှာ
မန်ယူ ၀မ်းဇီး၊ Liverpool ဇီးဇီး လို့
ရင်ခုန်စွာ အော်ဟစ်ခဲ့ကြဘူးတယ်။

ငါတို့ရဲ့ ၀က်မြီးနဲ့
ရွှေမန်းရုံအောက်မှာ
အပြာရောင်ညနေခင်းတစ်ချို့ကို
ရီဝေစေတတ်တဲ့ အရည်တွေရောလို့
သမ္မတ လက်မှတ်လိုချင်လား
နေပြည်တော် လက်မှတ်လိုချင်လားလို့
ပျော်ရွှင်စွာ နောက်ပြောင်ခဲ့ဘူးတယ်။

ညီအစ်ကို မသိတစ်သိ အချိန်တွေမှာ
အိမ်ကို ပြန်မရောက်ပဲ
လမ်းတွေမှာ အရည်ပျော်လို့
နံနက်ခင်း ခေါင်းကိုက်ရက်တွေကို
Paracetamol၊ Biogesic
ဘလက်ကော်ဖီတို့နဲ့ ရင်တုန်စွာ
ကျော်ဖြတ်ခဲ့တော့
အစာအိမ်နာကို လက်သင့်ခံမွေးမြူရင်း
ရီဝေေ၀ ရစ်မူးစေတတ်တဲ့ အရာကို
ဝေရာမဏိ လုပ်ခဲ့ရတယ်။

ငါရဲ့ မနက်ခင်း လက်ဘက်ရည် ချိုချို အတွက်
ဘ၀လောကဓံ ကို ရင်ဆိုင်ဖို့
မွေးမြေရဲ့ အဝေးမှာ
အတွေးတွေ တသီတစ်တန်းနဲ့
Blogger.com ရယ်
ငါ့ရဲ့ Laptop ရယ်ကို အတူစွဲလို့
ထွက်ခွာသွားတော့မယ်....။


1 comment:

Anonymous said...

Nice poem.