April 4, 2008

ရောက်တတ်ရာရာလေးများ (၄၃)

ပြန်ရောက်ပါပြီ မြန်မာပြည်ပေါ့ ခင်ဗျာ...။ အကြောင်းကြောင်းတွေကြောင့် အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ္တခဏ အလည်ပြန် လာခွင့်ရရှိခဲ့ပါတယ်။ သူများ နိုင်ငံမှာ ကျွန်ခံပြီး အလုပ်လုပ်၊ ကိုယ့်ပြည်ပြန်လာ ပါလာသမျှလေး ကို ခြစ်ခြစ်ကုတ်ကုတ်နဲ့ သုံးနေရတယ်။ အစစအရာရာ ကုန်ဈေးနှုန်းတွေကလည်း ကြီးလိုက်တာဆိုတာ၊ မလေးရှားနဲ့ နင်လား ငါလားပဲ။ ကိုယ်က သူများတွေသုံးသလို လိုက်သုံးနေလို့ မဖြစ်ဘူးလေ။ အလုပ်အကိုင်မှ မရှိဘဲ။ မလေးမှာဆိုရင်တော့ လကုန်ရင် လခထုတ်ပြီး သုံးလို့ရသေးတယ်။ ဒီမှာကတော့ တစ်လလုံးလုံး ထိုင်စားပဲ။ ခြေလဲ သိပ်မများရဲဘူးဗျ။ တော်ကြာ “ပါလာတာ လေးလည်းကုန်” “ပါလာတာလေးလည်းကုန်” ဖြစ်သွားဦးမယ်။ ကိုယ့်ပြန်လာတဲ့ အချိန်ကလည်း တစ်ကယ့် အချိန်ကောင်းတွေချည်းပဲ အခုလဲ ရက်မြတ်သင်္ကြန်အခါတော်နဲ့ သွားကြုံပြန်ပြီ။ ကုန်ရဦးတော့မှာပေါ့။ သူငယ်ချင်းတွေဆိုတာကလည်း အရင်တုန်းက မိတ်ဟောင်းဆွေဟောင်းတွေ မရှိတော့ဘူး။ Blogger သူငယ်ချင်းတွေလောက်ပဲ ရှိတော့တာ။ သူတို့ ကလည်း တစ်ကယ့် သူဌေးတွေချည်းပဲ၊ ဘာမှ မဟုတ်ပဲနဲ့ကို သုံးနေစား နေလိုက်တာ ဆိုတာ၊ ကျနော် သူတို့လို လိုက်မသုံးရဲဘူးခင်ဗျ။ ဒါကြောင့် “ဘလာဂေါက် သန်းကြွယ် သူဌေးလော” လို့ သူတို့ကိုယ် သူတို့ ရည်ညွှန်းတဲ့ ပို့စ်လေး ပေါ်လာတာလား မသိဘူး။ အဟတ် ဖတ်ကြည့်လိုက်ပါဦး တစ်ကယ်ပါဗျာ သူတို့ အပိုရေးတာ မဟုတ်ပါဘူး။ ကျနော့်ရှေ့မှာတင် သုံးလိုက်တာ ဆိုတာ။ တစ်ကယ့် သန်းကြွယ် သူဌေး တွေလား အောက်မေ့ရတယ်။ တစ်ထောင်တန် ငွေစက္ကူကို ဟော တစ်ရွက်၊ ဟောတစ်ရွက်နဲ့အမလေးလေး တစ်ကယ့်ကိုမှ တစ်ကယ့်ကို ပါဘဲဗျာ။ တော်ဘီဗျာ...ဒီပုံ အတိုင်းကို သင်္ကြန်တွင်းမှာ ဘုန်းကြီးသွားဝတ်ရင် ၀တ်၊ မ၀တ်ရင် တရားစခန်း လေးသွားဝင်နေတာမှ အကုန်အကျသက်သာဦးမယ်။ သွားလိုက်ဦးမယ်ဗျို့ ...။ သင်္ကြန်ခါတော် ရက်မြတ်မှာ ဘာပဲ လုပ်ဖြစ်လုပ်ဖြစ် ပို့စ်တစ်ပို့အနေနဲ့ ရေးတင်ဦးမှာပါ...။


No comments: