March 16, 2008

ရောက်တတ်ရာရာလေးများ(၄၁)

သြော်....full time blogger ဖြစ်ချင်လို့ computer လေး တစ်လုံး ၀ယ်မိပါတယ် ရှင်းလိုက်ရတဲ့ ပြဿနာဆိုတာ ပြောကို မပြောချင်တော့ပါဘူး၊ အဟိ မပြောချင်တော့ဘူးဆိုလို့ လှည့်တော့ မပြန်သွားကြနဲ့ဦးဗျို့ ဆက်ပြောမယ် ဒီလို ဒီလို ပထမ ကွန်ပျူတာလေးကို ၀ယ်လိုက်တုန်းက ကိုယ်က သေသေချာချာ မကြည့်မိဘူး တစ်ကယ်ပြောတာ ကွန်ပျူတာနဲ့ ပါတ်သက်ရင် ဗဟုသုတ က တော်တော် နည်းတာလဲ ပါတာပေါ့လေ၊ သူများက ဘယ်လောက် Gb ဆို Gb လိုက်တာပဲ သေသေချာချာ ပြန်မစစ်တတ်ဘူး၊ ယုံလွယ်တာလဲပါတာပေါ့၊ အော် ပြောရင်း ဆိုရင်း ဦးတည် ချက်က ပြောင်းသွားပြန်ဘီ။ ဆိုလိုတာက ပထမ ၀ယ်တဲ့ ကွန်ပျူတာ Brand က FTEC တဲ့၊ အဟတ် မသိရင်တော့ fuji Tec ပေါ့လေ ဂျပန်ထုတ်ပေါ့၊ ကောင်းကောင်းကန်းကန်း ထင်လို့ ၀ယ်လိုက် မိပါတယ် (၃)ရက်လား သုံးရသေးတယ် ကွန်ပျူတာ screen က မှိန်လိုက်တာဆိုတာ ဘယ်လို မှကို ကြည့်လို့မရဘူး။ သိပ်ကြာကြာကြည့်ရင် မျက်မှန် ဒီဂရီတိုးမှား ကျိန်းသေပေါက်၊ သိပ်တော့မဟုတ်သေးဘူး ဆိုပြီး laptop ကွန်ပျူတာလေး အောက်ဘက်ကို လှန်ကြည့်လိုက်တော့ Made in malaysia ဆိုတဲ့ စာတန်းက အထင်းသားဗျ၊ အဲဒီ့တော့မှ ကိုယ့်ကိုကိုယ် မှားမှန်းသိတော့တယ်။ ထင်တစ်လုံးနဲ့ ငါ့ကွန်ပျူတာ တော်တော် ဟုတ်နေပါလား ဆိုတဲ့ အတွေးက လေထဲမှာ အိမ်ဆောက်သလို ဟုတ်ခနဲ့ ဆိုရုတ်ခနဲ့ ပျောက်သွားတာပေါ့လေ.၊ ကဲ ပရိတ်သက်တို့ရေ ကျနော့် ကိုယ်တွေ့ဘဲဗျို့ Ftec Brand ဆိုရင် လုံးဝ မ၀ယ်ပါနဲ့ခင်ဗျာ။ ဒီလို တားမြစ်လို့ ကျနော့်ကိုယ် သူ့နိုင်ငံထုတ်ပစ္စည်းကို ဂုဏ်သရေ ဖျက်မှုနဲ့ မလေး ၀န်ကြီးချုပ် အာမက် ဘာဒါဝီက လာဖမ်းလဲ ကျနော်ကတော့ ဂရုမစိုက်ပေါင်ခင်ဗျာ။ တစ်ကယ်ပြောတာ ကျနော့်လို ပရိတ်သတ်များ ခံရမှာ စိုးရိမ်လို့ပါ။ ကဲပါ ထားလိုက်ပါ၊ နောက်တစ်ခုက ကွန်ပျူတာ ရှိရုံနဲ့ Full Time Blogger ဖြစ်နိုင်တာမှ မဟုတ်ဘဲဗျ၊ connection လေးက လိုသေး၊ ကဲ ဒါနဲ့ မထူးပါဘူးဆိုပြီး ဒီနိုင်ငံမှာ provide လုပ်တဲ့ ကုမ္ပဏီ သုံးလေးခုထဲကနေ ဈေးလည်း အသက်သာဆုံးဖြစ်၊ လောလော လတ်လတ် offer လုပ်နေတဲ့ Maxis ကနေ Broadband လေး ကို ဆွဲလိုက်တာ အဟင်း..... ပြောကို မပြောလိုက်ချင်ပါဘူး ကောင်းလိုက်တဲ့ connection ဆိုတာ mouse နဲ့ လက်နဲ့ လွှတ်ရတယ်လို့ကို မရှိပါဘူးဗျာ။ တော်ပါဘီ....စိတ်ကုန်ပါဘီ ဈေးကလဲ ဒီနိုင်ငံသား မဟုတ်တဲ့ အတွက် Deposit တင်ရတာနဲ့ ဘာနဲ့ ညာနဲ့ဆိုရင် တော်တော်များများ ကုန်သွားတာကလား၊ ကုန်တာနဲ့ မကာမိပါဘူး။ နောက်ဆို မောင်ကျော်ဇေယျ တစ်ယောက် တော်တော် နောင်တ ရသွားပါဘီ။ ဘလော့ခ်ကိုလဲ ရုံးကပဲ တင်ပါ တော့မယ်။ ADSL လဲပြီးသွားရင်တော့ အိမ်ကနေ တင်မှာပေါ့၊ အဲဒီ့အချိန်ကျရင် အွန်လိုင်းပေါ်မှာ အချိန်ပြည့် ရှိနေပါ့မယ်။ အချိန်မရွေးသား ခေါ်လိုက်ပါ ခင်ဗျ။ FTEC လေးကိုလဲ နောက်ထပ် အလိုက်ပေးပြီးလဲလိုက်ပါဘီ။ ကြုံရဆုံရ ဒီဘ၀မှာပေါ့ခင်ဗျာ..........။ ဘလော့ခ်ခြင်းသည် ငွေကုန်ကြေးကျ များစေ၏။


3 comments:

Mayvelous said...

monitor screen ကမှိန်တယ်ဆိုတာ ဘယ်လိုမှိန်တာလဲ။ မီးအားနဲနေလို့မှိန်တာမျိုးလား screen ပျတ်ချင်လို့မှိန်တာမျိုးလား။ မီးအလငိး အမှောင် ငြှိချင်ရင် အပြာရောင် Fn လို့ရေးထားတဲ့ key နဲ့ အပြာရောင် upward/downward arrow (or) blue sun icon key ကို တွဲ နှိပ်ကြည့်ပါ။ မီးအလင်းအမှောင် အလျော့အတင်းလုပ်လို့ရပါတယ်။
screen မကောင်းလို့ မှောင်နေတယ်ဆိုရင်တော့ ဆိုင်သာပြန်ယူသွားပီး complaint သာလုပ်ပေတော့။

A random thoughts of a Burmese man said...

ကျနော် အမျိုးမျိုးသော နည်းတွေနဲ့ လုပ်ကြည့်ပြီးပါပြီ မမေရေ...
ကျနော့်လို့ဘဲ monitor ပျက်သွားတဲ့ လူတွေ မနည်းပါဘူး သူတို့ရဲ့ ကွန်ပျူတာ အကြောင်းတွေကို Google မှာ ရှာကြည့် ရင် တွေ့နိုင်ပါတယ်ခင်ဗျာ။ ဒီ Brand လုံးဝ မ၀ယ်မိစေဖို့ သတိပေးထားတဲ့ ပို့စ်တွေ တင်ထားကြပါတယ်။ ကျနော်တောင် နောက်ကျပြီးမှ သိလိုက်ရတဲ့အတွက် အချိန်နဲ့ငွေ အနည်းငယ်တော့ ပေးဆပ်လိုက်ရပါတယ် အစ်မရေ......

Hteink Min said...

အင်း ဟုတ်တယ်။ ကျွန်တော်တော့ Fujitsu Simens ၊ ဂျာမန် ထုတ်ကြီးကို သုံးနေတယ်ဗျို့... ဥရောပ မှာတော့ ဖူဂျစ်ဆူး ဆီးမန်း အမည်က တော်တော်လေး ဟုတ်နေတယ်။ ကျွန်တော်တို့ အာရှဘက်မှာတော့ သိပ်တော့ နာမည်မကြီးလှဘူး။ အဲလို တိုလီမုတ်စ ဘရန့်တွေများလို့လားတော့ မသိ.. မလေးမှာတည်းက Ftec ဆိုတာ ခဏ ခဏ တွေ့တယ်။ ၀ယ်တော့ မသုံးဖြစ်ဘူးဗျ.. အင်း ခုလိုမျှဝေပေးတာ ကျေးဇူးပါဗျာ