March 9, 2008

``သတိထားကြပါ´´

အောက်ပါ မေးလ် တွေ အကုန်လုံးက ကျနော့်ဆီကို မေးလ်ပို့လာကြတာပါ၊ နည်းပညာပိုင်းမှာ အားနည်းတယ် ထင်လို့ စမ်းသပ်ကြ တာလား၊ ဒါမှမဟုတ် ဖျက်ဆီးလိုတဲ့အတွက်ကြောင့် ဒီလိုလုပ်တာလား ဆိုတာ ကျနော်မဝေခွဲနိုင်သေးပါဘူး။ ဒါပေမယ့် ဒီလို နိုင်ငံရေး နဲ့ အစိုးရကိုဝေဖန် ရေးသားနေသူများကိုသာ ပို့တဲ့အတွက်ကြောင့် ကျနော် အထင်ပြောရရင်တော့ ၄င်းဘလော့ဂ်ဂါတွေရဲ့ စက်ကို ဖျက်ဆီးလိုတဲ့အတွက် ပဲလို့ ယူဆရပါတယ်။

From : ကလိုစေးထူး
ဘလော့ဂါ မိတ်ဆွေ အပေါင်းကို သတိပေးအပ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ လက်ရှိ အုပ်ချုပ်နေသူကို ဆန့်ကျင် ရေးသားနေသူတွေ အထူးသတိထားကြပါ။


ကျနော့် ဘလော့ဂ်မှာ Kalar ဆိုတဲ့ နာမည်နဲ့ လူတယောက် see here or here လို့ရေးပြီးတော့ လင့်ခ်တွေ ပေးပါတယ်။ ကလစ်လိုက်တော့ စက်ကို ခြိမ်းခြောက်တိုက်ခိုက်မယ့် ဗိုင်းရပ်စ်တွေ လွှတ်ထားတဲ့ လင့်ခ်ဖြစ်နေပါတယ်။ ကျနော်က ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ရင် သိပ်နားမလည်ပါဘူး။ ဒါပေမယ့် သူ ပေးတဲ့ လင့်ကို ကလစ်လိုက်တော့ မေးခွန်းတခု ပေါ်လာတယ်။ စကရင်က ဖြူသွားတယ်။ အိုကေ ကလစ်ရင် ဘာဖြစ်မယ် မသိပါဘူး။ မင်းစက်ကို ဗိုင်းရပ်စ်တွေ တိုက်ခိုက်နေပြီလို့ သတိပေးစာတန်းပေါ်ပါတယ်။ cancel ကလစ်လိုက်ပေမယ့်လဲ စက်ထဲကနေ တချို့ ၀က်ဘ်ဆိုက်တွေကို ၀င်လို့ မရပါဘူး။ ကျနော် အရင်က ၀ယ်ထားတဲ့ stop'n sign in ဆိုတဲ့ ပရိုဂရမ်တခုနဲ့ စက်ကို fix ပြန်လုပ်လိုက်မှ အဆင်ပြေသွားပါတယ်။ ကျနော့်ထက် ပိုမို တတ်ကျွမ်းနားလည်သူတွေအနေနဲ့ အဲဒီလို လင့်ခ်နဲ့ မိမိဘလော့ဂ်ကို လာရောက် တိုက်ခိုက်ခဲ့ရင် သတိထားနိုင်ဖို့နဲ့ စက်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံး ဘယ်လို လုပ်သင့်တယ်ဆိုတာ ပို့စ်နဲ့ ဖြစ်ဖြစ် တင်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။

အချိန်အားမယ်..ဖြစ်နိုင်မယ်ဆိုရင်တော့ တခြားသော နီးစပ်ရာ မိတ်ဆွေတွေဆီကိုပါ သတိပေးထား စေချင်ပါတယ်။
လေးစားစွာဖြင့်
ကလိုစေးထူး


From : ကိုထိုက်
ဟုတ်ပါတယ်၊ ကျွန်တော့် ဘလော့မှာလည်း အဲဒါကို လူတစ်ယောက်လာ ထားသွားပါတယ်။ အဲဒါကို ကာကွယ်နိုင်ဖို့ သူပေးတဲ့ link ပေါ် mouse တင်ထားပြီး Browser ရဲ့ ဘယ်ဘက်ထောင့်မှာ အဲဒီ link က ဘယ်ဆိုဒ်က link လဲဆိုတာကို မြင်ရပါတယ်။ ကိုယ်မသိတဲ့ ဆိုဒ်၊ မသေချာတဲ့ ဆိုဒ်ဆိုရင် လုံးဝ click မလုပ်ပဲ၊ admin ကို အကြောင်းကြားစေလိုပါတယ်။ အဲဒီ comment အောက်မှာလည်း သတိပေး comment တစ်ခုကို ရေးထားပြီးအခြားလူတွေကို အဲဒီ comment မဖြတ်ခင် သတိပေးစေလိုပါတယ်။

နောက် တစ်ချက်က ဆိုဒ် admin က ပေးတာ မဟုတ်ဘဲ အခြား လူတွေ ပေးတဲ့ ဆိုဒ်တွေဆို နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ကိုယ်သွားနေကြ ဆိုဒ်တွေကလွဲရင် အခြားဆိုဒ်တွေကို မသွားတာ အကောင်းဆုံးပါပဲ ခင်ဗျာ။
လေးစားစွာဖြင့်
ကိုထိုက်


From : မမေငြိမ်း
အားလုံးပဲ...
သူတို့က နာမည်ပေါင်းစုံသုံးပြီး လုပ်နေတာပါ။ ကျမဆီမှာလည်း ၀င်လုပ်တာ လေးငါးကြိမ်မကတော့ပါဘူး။ ကျမက အဲဒီကော်မင့်ကို ဖျက်ပြီး အဲဒီအောက်မှာ သတိပေးစာလည်း ရေးလိုက်ပါတယ်။ ခုဆိုတော်တော်များများ သိနေပြီထင်ပါတယ်။ တခုထပ်သတိထားရမှာက နောက်ပုံစံတမျိုးနဲ့ လုပ်လာမှာကိုပါ။ သိတာနဲ့ ပို့စ်တင်တာတို့ အကြောင်းကြားတာတို့ လုပ်ကြပါဦးး
မေငြိမ်း



ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှစ်မများ ခင်ဗျား၊ မိမိတို့ရဲ့ သက်ဆိုင်ရာ Blog များမှာ ဒီလို comment ပေးလာပြီဆိုလျှင်တော့ အထူးသတိထားကြဖို့ သတိ ပေးပါရစေခင်ဗျာ။ ပြီးတော့ တတ်နိုင်သမျှ မိမိ မသိတဲ့ ဆိုက်ဒ်ဆိုလျှင် မဖွင့်ပါနဲ့။ နောက်တစ်ခုက မိမိတို့ရဲ့ Browser မှာ antivirus add-on တစ်ခုခုကို install လုပ်ထားကြပါခင်ဗျာ။ Firefox သုံးစွဲသူများအနေနဲ့ WOT (Web of trust.) ဆိုတဲ့ Add-on လေးကို install လုပ်ထားကြဖို့ ကျနော် အကြံပေးပါရစေခင်ဗျာ။ သူက မိမိဖွင့်ကြည့်တဲ့ ဆိုက်ဒ်က ဘယ်လောက် ယုံကြည် စိတ်ချရတယ်ဆိုတာကို မီးနီမီးဝါမီးစိမ်း၊ ပြပေးပါတယ်။ Comment ပေးသွားတဲ့ လင့်ခ်ပေါ်မှာ pointer ထောက်ကြည့်လိုက်တာနဲ့ မီးနီဆိုရင်တော့ လုံးဝ မသွားပါနဲ့။ မီးဝါနဲ့ မီးစိမ်းဆိုရင်တော့ ၀င်ရောက်ကြည့်ရှုလို့ ရပါတယ်။ လင့်ခ် ပါ တစ်ခါတည်းပေးလိုက်တယ်ဗျာ သုံးစွဲကြည့်ကြပါ။ ကျနော့် ဘလော့ဂ်မှာ comment ပေးလို့ ဖွင့်ကြည့်မိတာ ကျနော် စက် ဘာမှ မဖြစ်ပါဘူး။


3 comments:

ကလိုစေးထူး said...

ဝိုင်…
ငါက အခုမှပဲ ရောက်တော့ မင်းတင်ထားပေးတာကို အခုမှပဲ သိရတယ်။ ကျေးဇူးတင်တယ်ကွာ။ အခုပဲ အင်စတောလ် လုပ်လိုက်ပါတယ် ဆရာလေးရေ။ (ဆရာလေးဆိုတာ မယ်သီလရှင် မဟုတ်ဘူးနော်။ ငါမသိတာကို တင်ပေးထားတော့ ဆရာတင်တာပေါ့ကွာ) :P

A random thoughts of a Burmese man said...

အေးပေါ့ဗျာ...ခင်ဗျားက ကျနော့်ကို ကတုံးနဲ့ မြင်ချင်နေတာ မဟုတ်လားဗျ...ဟတ် ဟတ် ဟတ်

Sai Linn Thu said...

အဲဗျာ..
ကျွန်တော့ blog ကိုလဲ အဲလူလာပြီး comments ပေးပါသေးတယ်..
ကံကောင်းစွာနဲ့ပဲ ကျွန်တော်သိလိုက်ပါတယ်...
Web of trust အတွက်ကျေးဇူးပါ...